သူမကို နှမချင်းကိုယ်ချင်းမစာပြောလာတဲ့ သူနှစ်ယောက်အနက်မှ တစ်ယောက်တော့လာတောင်းပန်ခဲ့တာကြောင့်ကျေအေးပေးလိုက်ကြောင်းပြောပြတဲ့ သင်ဇာဝင့်ကျော်

ပရိတ်သတ်ကြီးရေသရုပ်ဆောင်သင်ဇာဝင့်ကျော်ကိုလူတိုင်းသိပြီးဖြစ်မှာပါ၊လှပတဲ့အပြုံးနှင့်သရုပ်ဆောင်ကောင်းသောဟန်ပန်တွေကြောင့်ပရိတ်သတ်ကြားလူကြိုက်များပါတယ်။

သူမဟာနွေဦးတော်လှန်ရေးမှာလည်းပြည်သူတွေဘက် ကတစ်တက်တစ်အားပါဝင်ခဲ့ပါတယ်၊သူမကိုစော်ကားတဲ့လူနှစ်ယောက်ကိုတရားဆွဲမယ့်အကြောင်းအခုလိုပဲပြောပြပါတယ်။

ကိုယ်ရေးတဲ့စာတွေအတွက်ကိုယ်တာဝန်ယူကြပါလို့ပဲပြောချင်တယ်၊ကျမကတော့ရှင်တို့ကိုဥပဒေဘောင်အတွင်းကပဲစကားပြောတော့မယ်ရှင်တို့မှန်တယ်ထင်ရင်ရင်ဆိုင်ဖို့ပြင်ထားကြပါ။

ကျမကိုမဟုတ်မမှန်တွေလာရေးပီးစော်ကားတဲ့ အတွက်၆၆ဃနဲ့အရေးယူမယ်၊အရေးယူမခံချင်ရင်တော့ရှင်တို့ရေးတဲ့စာအတွက်လာတောင်းပန်ပါဆိုပြီးသူမရဲ့လူမူကွန်ယက်စာမျက်နှာမှာရေးသားခဲပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ သင်ဇာဝင့်ကျော်ကို Aung ko ko ဆိုတဲ့တစ်ယောက်တော့ တောင်းပန်လာပြီပဲဖြစ်ပါတယ်နော်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး သင့်ဇာဝင့်ကျော်ရဲ့ fb acc တွင် ”Aung ko ko ကတော့တောင်းပန်လို့ကျေအေးလိုက်ပြီ

ပြောရဲသလို ကိုယ့်အမှားကိုသိလို့တောင်းပန်ရဲတာလဲလေးစားတယ် နောက်တယောက် ကတော့ မတောင်းပန်သေးဘူးနော် Profile pic change လိုက်လဲ ညီမ account link အမယူထားတယ်နော်

ဒီတရက်ပဲစောင့်မယ်ဒီ post ရဲ့ comment အောက်မှာ အမြန်လာတောင်းပန်လိုက် မတောင်းပန်ရင်တော့ အဆိုးမဆိုနဲ့တော့ မိန်းကလေးလဲနားမလည်ဘူး ”

အဲ့လိုမျိုးရေးတင်ထားတာလေးကို မျှဝေတင်ပေးလိုက်ပါတယ်နော်.

Crd-Original Post

(ZAWGYI)











Crd-Original Post