မြန်မာနိုင်ငံသားတို့အထွက်အမြတ်ထားရာနေရာဖြစ်တဲ့ရွှေတိဂုံကုန်းတော်ပေါ်ကသင်္ချိုင်းတစ်ခုအကြောင်း

မြန်မာနိုင်ငံသားတို့အထွက်အမြတ်ထားရာနေရာဖြစ်တဲ့ရွှေတိဂုံကုန်းတော်ပေါ်ကသင်္ချိုင်းတစ်ခုအကြောင်း

ရွှေတိဂုံမြန်မာနိုင်ငံသူနိုင်ငံသားတို့ရဲ့အထွတ်အမြတ်ထားရာနေရာ၊မြန်မာကိုကမ္ဘာကသိစေခဲ့တဲ့နေရာတစ်ခု၊ဒီလိုနေရာတစ်ခုဟာတစ်ချိန်ကမြန်မာလူမျိုးတို့ရဲ့စက်ဆုပ်ရွံရှာဖွယ်လို့သတ်မှတ်ခဲ့တဲ့သင်္ချိုင်းနယ်မြေတစ်ခု

ဖြစ်ခဲ့တယ်လို့ပြောလိုက်ရင်စာဖတ်သူတို့စိတ်အနှောက်အယှက်ဖြစ်သွားမလားတော့မသိပါ။ဒါပေမဲ့ဟုတ်ပါတယ်၊ရွှေတိဂုံကုန်းတော်ဟာတစ်ချိန်ကသင်္ချိုင်းတစ်ခုဖြစ်ခဲ့ဖူးပါတယ်။

အတိတ်ကိုပြန်ကောက်ရရင်၁၈၂၄ခုနှစ်ဒီဇင်ဘာလ၁ရက်နေ့ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲကာလရန်ကုန်စစ်မျက်နှာမှာမြန်မာတွေရဲ့သူရဲကောင်းကြီးဖြစ်ဦးဖြစ်တဲ့စစ်သူကြီးသတိုးသုဓမ္မမဟာဗန္ဒုလဦးဆောင်တဲ့မြန်မာတပ်တွေနဲ့

ဗိုလ်ချုပ်ကြီးဆာအာချီဘော်ကင်းဘဲလ်ရဲ့ဗြိတိသျှတပ်တွေပထမဦးဆုံးအကြိမ်နဲ့အပြင်းထန်ဆုံးတိုက်ခိုက်ခဲ့တဲ့စစ်မျက်နှာတစ်ခုအကြောင်းကိုပြန်လည်ပြောပြရမှာပါ။

အဲ့ဒါကတော့ရွှေတိဂုံတိုက်ပွဲပါပဲ၊အဲ့ဒိနေ့မတိုင်ခင်ကစစ်သူကြီးမဟာဗန္ဒုလဟာအနောက်ဘက်စစ်မျက်နှာဖြစ်တဲ့ရခိုင်မှာအင်္ဂလိပ်

တွေကိုအောင်ပွဲဆင်နေခဲ့ပြီးရန်ကုန်ကိုရုတ်တရက်သိမ်းပိုက်လိုက်တဲ့ဗြိတိသျှတပ်တွေကြောင့်ရန်ကုန်ကိုအပြင်းအထန်

ချီတက်လာခဲ့ပြီးရန်ကုန်ကိုသိမ်းပိုက်ထားတဲ့ဗြိတိသျှတပ်တွေကိုရင်ဆိုင်ဖို့အစီအစဉ်တွေရေးဆွဲနေခဲ့ပြီးဗြိတိသျှတို့ဘက်ကလဲနာမည်ကျော်မဟာဗန္ဒုလကိုရင်ဆိုင်ဖို့ရွှေတိဂုံတပ်ကိုအင်အားဖြည့်တင်းနေတဲ့အချိန်ပါ။

ဒီလိုနဲ့၁၈၂၄ခုနှစ်ဒီဇင်ဘာလ၁ရက်နေ့နံနက်ပိုင်းမှာတော့မြန်မာတပ်တွေဟာရွှေတိဂုံဘုရားကုန်းတော်ရဲ့မြောက်ဘက်မုခ်မှာတပ်စွဲထားတဲ့အင်္ဂလိပ်တပ်ကိုရင်ဆိုင်ဖို့မျက်နှာချင်းဆိုင်တပ်စွဲထားလိုက်ပါတယ်။

ဒီဇင်ဘာလ၂ရက်နေ့နဲ့၃ရက်နေ့တွေမှာမြန်မာတပ်တွေရဲ့တပ်မှူးဗိုလ်ချုပ်မဟာမင်းလှရာဇာဦးဆောင်တဲ့မြန်မာတပ်တွေဟာရွှေတိဂုံကုန်းတော်ကိုသိမ်းပိုက်နိုင်ဖို့သမိုင်းဝင်တိုက်ပွဲကြီးကိုစတင်ဆင်နွဲပါတော့တယ်။

အဲ့ဒီတိုက်ပွဲကတော့မြန်မာသမိုင်းနဲ့ဗြိတိသျှတို့ရဲ့သမိုင်းစာမျက်နှာတွေမှာအကျယ်တဝင့်ရေးထိုးခဲ့ကြတဲ့သွေးဆေးကန်တိုက်ပွဲကြီးပဲဖြစ်ပါတယ်။

ဒီဇင်ဘာလ၅ရက်နေ့မှာတော့ဗိုလ်မှူးဆေးနဲ့ဗိုလ်မှူးဝေါလ်ကားတို့ဟာဗြိတိသျှစစ်သည်အင်အား၁၅၀၀ခန့်ကိုဦးဆောင်ပြီးသွေးဆေးကန်အထိသိမ်းပိုက်ထားတဲ့မြန်မာတပ်တွေကိုရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတော့တယ်။

ဒီတိုက်ပွဲမှာဗြိတိသျှတပ်ခေါင်းဆောင်ဗိုလ်မှူးဝေါလ်ကား(Major Walker)အပါအဝင်အရာရှိ၃ဦးနှင့်တပ်သား၂၄ယောက်ကျဆုံးပြီးအရာရှိ၁၁ဦးနှင့်စစ်သား၃၀၀ခန့်ဒဏ်ရာရခဲ့တယ်လို့ဗြိတိသျှဘက်ကမှတ်တမ်းတွေကဆိုပါတယ်။

ဒီဇင်ဘာလ၇ရက်နေ့မှာတော့သွေးဆေးကန်မှာတပ်စွဲထားတဲ့မြန်မာတပ်တွေဟာကန်ဘဲ့ကိုဆုတ်ခွာခဲ့ပါတယ်။ဒီဇင်ဘာလ၁၅ရက်နေ့မှာတော့ရွှေတိဂုံကုန်းတော်ပေါ်ကဗြိတိသျှတပ်တွေဟာကုက္ကိုင်းမှာတပ်စွဲထားတဲ့မြန်မာတပ်တွေကိုရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့ပေမဲ့တောတွင်းမှာတပ်စွဲထားတဲ့မြန်မာတပ်တွေရဲ့နှစ်ဖက်ညှပ်တိုက်ခိုက်ခဲ့မှု့ကြောင့်အရှုံးနဲ့ရင်ဆိုင်ခဲ့ရပြန်ပါတယ်။

မြန်မာတပ်တွေဟာအင်္ဂလိပ်တွေနဲ့ဘတစ်ပြန်ကျားတစ်ပြန်ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့ပေမဲ့လည်းလက်နက်ချင်းမမျှတာကြောင့်ရေရှည်စစ်ပွဲမှာရင်ဆိုင်နိုင်ခြင်းမရှိဘဲ၁၈၂၅ခုနှစ်ဖေဖော်ဝါရီလ ၆ရက်နေ့မှာတော့ရန်ကုန်စစ်မျက်နှာကနေဓနုဖြူကိုဆုတ်ခွာခဲ့ရပါတယ်။

ရန်ကုန်တိုက်ပွဲကိုရှုံးနိမ့်ပြီးသွားတဲ့နောက်မှာတော့မြန်မာတွေဟာနိုင်ငံရဲ့အထွတ်အမြတ်ထားရာရွှေတိဂုံကုန်းတော်ကို၁၈၂၆ခုနှစ်

ဒီဇင်ဘာလ၉ရက်နေ့ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲစစ်လျော်ကြေးပေးပြီးနောက်မှာမှအင်္ဂလိပ်လက်ကနေပြန်လည်လွှဲပြောင်းရယူခဲ့ရပါတယ်။

ဒါပေမဲ့ဒါဟာအပြီးအပိုင်တော့မဟုတ်သေးပါဘူးဒုတိယစစ်ပွဲ၊တတိယစစ်ပွဲတွေကိုထပ်မံရှုံးနိမ့်ပြီးတဲ့နောက်မှာတော့ဗြိတိသျှ

တွေဟာရန်ကုန်တစ်မြို့လုံးကိုအထက်စီးကနေမြင်နိုင်တဲ့ရွှေတိဂုံကုန်းတော်ကိုခံတပ်ကြီးအဖြစ်တည်ဆောက်တပ်စွဲခဲ့ကြပါတယ်။

ခံတပ်တည်ပြီးလူတွေတင်နေခဲ့တာမဟုတ်ပါဘူးရွှေတိဂုံကုန်းတော်ပေါ်မှာသင်္ချိုင်းတစ်ခုကိုပါတည်ဆောက်ခဲ့ပါသေးတယ်။

အဲ့ဒိသင်္ချိုင်းကတော့အင်္ဂလိပ်-မြန်မာစစ်ပွဲမှာကျဆုံးခဲ့တဲ့ဗြိတိသျှစစ်သည်တွေရဲ့စစ်သင်္ချိုင်းဖြစ်ပြီးဒီစစ်သင်္ချိုင်းမှာမြုတ်နှံထားခဲ့တဲ့

ထင်ရှားတဲ့သူတွေကတော့အမှတ်၁၈ဘုရင့်အိုင်းရစ်တပ်မှဒုဗိုလ်အာရ်ဒူရန်(Lt. R Doran)၊အမှတ်၈မဒရပ်ခြေမြန်တပ်မှာ

ဂျေအမ်တေလာ(J,M Taylor)နဲ့ဝင်ချက်စတာသင်္ဘောမှကပ္ပတိန်စီဂျီလော့(Captain C. G Locke)တို့ဖြစ်ပြီး၎င်းတို့ကိုမြုတ်နှံထားတဲ့နေရာကတော့ရွှေတိဂုံဘုရားအရှေ့မြောက်ထောင့်(တနင်္ဂနွေထောင့်)မှာပဲဖြစ်ပါတယ်။

ဒီလိုနဲ့နှစ်တွေကြာလာပြီးတဲ့နောက်မှာတော့ခေတ်ပညာတွေတတ်လာပြီးမျက်စိပွင့်နားပွင့်ဖြစ်လာတဲ့မြန်မာတွေဟာ၁၉၁၉ခုနှစ်အရောက်မှာတော့ရွှေတိဂုံဘုရားပေါ်မှာတပ်စွဲထားတဲ့ဗြိတိသျှတပ်ကိုဘုရာကုန်းတော်ပေါ်ကဖယ်ရှားပေးဖို့အပြင်းအထန်တောင်းဆိုလာကြတဲ့အပြင်

ဘုရားပေါ်မှာဖိနပ်စီးတာကိုကန့်ကွက်ခဲ့ကြပြီး၁၉၂၀ခုနှစ်ကျောင်းသားသပိတ်ကြီးအုံကြွလာခဲ့ပါတယ်။၁၉၂၉ခုနှစ်ဇန်နဝါရီလ၂၂ရက်နေ့ရောက်မှရွှေတိဂုံဘုရားကုန်းတော်ပေါ်မှတပ်စွဲထားတဲ့ဗြိတိသျှတပ်တွေဟာကုန်းတော်ပေါ်က

စစ်သင်္ချိုင်းကိုစစ်အခမ်းအနားကျင်းပကာကန်တော်မင်အင်္ဂလိပ်သင်္ချိုင်းကိုရွှေပြောင်းပေးခဲ့ပြီး၁၉၂၉ခုနှစ်နိုဝင်ဘာလ၂၇ရက်နေ့

မှာတော့ရွှေတိဂုံဘုရားကုန်းတော်ပေါ်မှာတပ်စွဲထားတဲ့ဗြိတိသျှစစ်တပ်ဟာကုန်းတော်ပေါ်ကပြန်လည်ဆုတ်ခွာသွားခဲ့တာပဲဖြစ်ပါတယ်။

ဒါကြောင့်ဗြိတိသျှတွေဟာရွှေတိဂုံဘုရားကုန်းတော်ကို၁၈၂၄ခုနှစ်ကနေ၁၉၂၉ခုနှစ်အထိနှစ်ပေါင်း၁၀၀ကျော်ခံတပ်ကောသင်္ချိုင်းပါပြုလုပ်ပြီးတပ်စွဲခဲ့တာပဲဖြစ်ပါတယ်။

ဦးနတ်ရဲမူရင်းရေးသားသူဆရာအားလေးစားစွာcrdပေးပါတယ်

Crd-Original Post