“ကိုဗစ်ရောဂါခံစားနေရတဲ့ မိဘနှစ်ပါးစလုံးကို အနီးကပ် ပြုစု စောက်ရှောက်ပေးခဲ့တဲ့MRTV-4သရုပ်ဆောင် ရှင်မွေလ”

ကိုဗစ်ရောဂါခံစားနေရတဲ့မိဘနှစ်ပါးစလုံးကို အနီးကပ် ပြုစုစောက်ရှောက်ပေးခဲ့တဲ့အတွေ့အကြုံကို MRTV-4သရုပ်ဆောင် ရှင်မွေလအခုလိုပြန်လည်ပြောပြလာတာက…

“တကယ်တော့ Covid ဆိုတာ တကယ်ကို ကြောက်ဖို့ကောင်းတဲ့ရောဂါပါ

ကျွန်တော့်အဖေရော အမေရော ရောဂါအတူတူဖြစ်တယ် ။အမေက သွေးတိုးနှလုံးရှိလို့ ဖြစ်ဖြစ်
ခြင်းက စပြီးခံရတယ် ။အမေဖျားတဲ့အချိန် အဖေက အေးဆေးပဲ ။ပြီးတော့ 9 ရက်မြောက်လဲရောက်ရော အမေက သက်သာသွားတယ် ။.. အဲ့အချိန်ထိ အဖေက အေးဆေးပဲ … 11 ရက်မြောက်လဲရောက်ရော အဖေ စပြီး ခံစားရပြီ ။ကိုဗစ်က မာယာများတာဗျ….။


ကျွန်တော့်အဖေက ရောဂါအခံမရှိတော့ နည်းနည်း လေး လျော့တွက်မိလိုက်တာကြောင် ထင်ပါတယ် ကျွန်တော့်အဖေကို ကိုဗစ်က ပညာပြတာကို ခံလိုက်ရတယ။အဖေက ရောဂါအခံမရှိဘူး ဆိုပေမယ့် အမေထက်ပိုပြီး ခံလိုက်ရတယ်.။

အမေတောင် oxygen မရှုရဘူး ။.. အဖေက oxygen ရှုရတယ် ။..

D-Dimer က normal 500 ကနေ 10000 ထိတက်သွားတော့ သွေးကျဲဆေးတွေ မနက်ရော ညရော 11 ရက်လောက် ဆက်တိုက်ထိုးလိုက်တော့ D-Dimer က 900 ပဲ ကျန်တော့တယ် အဲ့အခါကျမှပဲ ကျွန်တော့်အဖေလည်း သက်သာလာတယ် ။.. သွေးကျဲဆေးတစ်ခုတည်းနဲ့လည်း မပြီးပါဘူး ။..တစ်ခြားဆေးတွေလည်း တိုက်ရသေးတယ်
ရေးနေရင် ရှည်မှာဆိုးလို့ မရေးတော့ဘူး။
အခု တော့ အဖေ က ပိုပြီးSafe ဖြစ်အောင် အိမ်မှာပဲ အေးဆေးအနားယူဖို့ပဲကျန်တော့တယ်။
ကျွန်တော်လည်း August လ တစ်လလုံး စိတ်ရော လူရော တစ်ကယ်ကို အရမ်းအရမ်းပင်ပန်းခဲ့တာပါ။


အဓိကပြောချင်တာက အားလုံး ကိုဗစ်ကိုမပေါ့ဆပဲ လုံးဝဂရုစိုက်ပီးနေပေးကြပါလို့ ပြောချင်ပါ
တယ်ဗျာ”လို့ ရှင်မွေလက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။