လူမှုကွန်ယက်မှာ အလွန်ရေပန်းစားနေတဲ့ ချစ်စရာကောင်းပြီး လိမ္မာပါးနပ်လွန်းတဲ့ ဘုန်းကြီးကျောင်းသားလေး

ဘုန်းကြီးကျောင်းသား Nong Korn ရဲ့ တရားထိုင်နေတဲ့ clip လေးကို ကြည့်ဖူးတဲ့ သူတိုင်း ပြုံးမိမှာအမှန်ပါ ။

အသက် ၃၉ နှစ်ရှိ မိခင် Warittha Sueaphaew က Nong Korn ကို ၃ လသားအရွယ်လောက်က ဘုရားကျောင်းမှာ သွားထားခဲ့တာပါ ။

ထို့ကြောင့် Nong Korn က နံနက်ခင်းဆိုရင် အစောကြီးထရပြီး သံဃာတော်များနဲ့အတူ ဆွမ်းခံကြွလိုက်သွားပြီးနောက် ပန်းကန်ဆေးခြင်း စတဲ့ လုပ်ငန်းမျိုးစုံကို လုပ်လေ့ရှိပါတယ် ။

Nonthaburi ပြည်နယ်၊ Wat Pa Manikan ရှိ ကျောင်းထိုင်ဆရာတော်က ကလေးများကို အမျိုးမျိုးသော လှုပ်ရှားမှုများ တက်မြောက်ရန်ဆိုပြီး Nong Korn ကို သံဃာများရဲ့

လုပ်ဆောင်ချက်များနဲ့ အကျွမ်းတဝင်ဖြစ်စေခဲ့ပါတယ် ။

ဘုရားရှိခိုးခြင်း၊ ဆုတောင်းခြင်း၊ တရားထိုင်ခြင်းတို့နဲ့ တိရစ္ဆာန်များကိုအစာကျွေးခြင်း စတဲ့ လုပ်ဆောင်မှုများကို သင်ကြားပေးခဲ့ပါတယ် ။

ဘုရားကျောင်းမှာ အမျိုးမျိုးသော လှုပ်ရှားမှုများကြောင့် လူများစွာရဲ့ အကြိုက်ဖြစ်လာတဲ့အထိ Nong Korn ဟာ အလွန်ချစ်ဖို့ကောင်းနေခဲ့ပါတယ် ။

လက်ရှိ Nong Korn ရဲ့ follower က ၄ သိန်းခန့်ရှိပြီး fan page မှာ တရားဓမ္မနဲ့ ချစ်စရာပုံများ၊ အကြောင်းအရာများကို တင်ပြထားပါတယ် ။

လူမှုလောကမှာ အလွန်ကျော်ကြားတဲ့ ဗိမာန်ငယ်လေးရဲ့ကျောင်းသား Nong Korn က အရမ်းချစ်စရာကောင်းတာမို့လို့ သူ့ရဲ့ ပုံလေးတွေကို ဝေမျှပေးထားပါတယ် ။

Crd-Original Post

(ZAWGYI)











Crd-Original Post