ဘုန်းဘုန်းရဲ မေတ္တာရင်ခွင်အောက်ကို ရောက်ရှိလာသော ချစ်စရာကောင်းလွန်းတဲ့ မိဘမဲ့ ကလေးငယ်

ပေါ်ပင်စုံပရိသတ်ကြီးရေ အခုလို ကြပ်တည်းခက်ခဲနေတဲ့ကာလမှာ ပြည်သူတွေဟာ မိအိုဖအိုတွေနဲ့ကလေးငယ်လေးတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ မတတ်နိုင်ကြတော့ပါဘူး

အလုပ်အကိုင်မရှိ ကုန်ဈေးနှုန်းတွေတက် ဆေးဖိုးတွေတက်နေတော့ ရောဂါသည် အဖိုးအဖွားတွေကိုလဲ စွန်ပြစ်ကြပြီး လူမမယ်ကလေးတွေကိုလည်း မိဘမဲ့ဂေဟာတွေဆီ အပ်နှံကြပါတော့တယ်

ဒီလိုသတင်းတွေဟာ အင်တာနက်ပေါ်မှာ မမြင်ချင်မတွေ့ချင်ပေမဲ့ နေ့တိုင်းနီးပါး တွေ့မြင်နေကြရပါတယ်

အခုလည်း ချစ်စရာကောင်းလွန်းတဲ့ လူမမယ်ကလေးငယ်လေးတစ်ယောက်ကို မျိုးဆက်သစ် ကလေးငယ်များစောင့်ရှောက်ရေးကျောင်းကို လာရောက်အပ်နှံစွန့်ပြစ်ခဲ့ပါတယ်

ဩဂုတ်လ ၃၀ရက်နေက (၁၂) ရက်အရွယ် သမီးငယ်လေးတစ်ယောက် တိုက်ကြီးမြို့နယ် သနပ်ချောင်းကျေးရွာ YGWပရဟိတမျိုးဆက်သစ် ကလေးများစောင့်ရှောက်ရေးကျောင်း ရဲ့

မေတ္တာရင်ခွင်အောက်သို့ထပ်မံရောက်ရှိလို့လာခဲ့ရပါတယ်

စွန်ပြစ်ခံကလေးငယ်လေးတွေ လုံခြုံတဲ့မေတ္တာရိပ်အောက်မှာ အေးချမ်းစွာနဲ ကောင်းကောင်းမွန်မွန် ကြီးထွားလာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်

ဝင်ရောက်ဖတ်ရှုခဲ့တဲ့ ပရိသတ်ကြီးနဲ့တကွ မြန်မာပြည်သူပြည်သားအားလုံး ကပ်ဘေးအပေါင်းမှ ကင်းလွှတ်ပြီး သာယာအေးချမ်းတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ ဗျာ ။

Crd-Original Post

(ZAWGYI)









Crd-Original Post