“စအိုအပေါက်မပါတဲ့(၂)လသားကလေးငယ် ကုသဖို့ အလှူငွေရှာရာမှာ အလှူငွေ (၁၀)သိန်းကျော် ရရှိ”

“စအိုအပေါက်မပါတဲ့(၂)လသားကလေးငယ် ကုသဖို့
အလှူငွေရှာရာမှာ အလှူငွေ (၁၀)သိန်းကျော် ရရှိ”

စအိုအပေါက်မပါတဲ့ (၂) လသားအရွယ်ကလေးလေး
ကုသဖို့အတွက် အလှူငွေရှာရာမှာ အလှူငွေ ( ၁၀ ) သိန်းကျော် ရရှိခဲ့ပြီး မိုးစက်က အလှူငွေကို ဒီကနေ့မှာ သွားရောက်ပို့ဆောင်ပေးခဲ့ပါတယ်။
“သားသားလေးဆီ အလွမ်းပြေသွားကြည့်ရင်းဒီလထဲ ကုသမယ့်အစီအစဥ်လေးတွေသွားညှိရတာပေါ့…။
ဒီငွေဟာ အလှူခံပိုစ့်တင်ပြီး( ၅ )ရက်အတွင်းမှာ ရရှိခဲ့တာပါ…။အဲ့ဒီငွေအမောက် ရရှိခဲ့တဲ့ နေ့မှာဘဲဖုန်းနံပါတ်တွေဖျက်ပြီး အလှူငွေရပ်ခဲ့ပါတယ်…။


ပထမအလှူခံပိုစ့်တင်တဲ့အချိန်ကလေးမိခင်က သူတို့မျက်နှာအုပ်ထားတော့ “ကိုမိုးစက်ရယ်.ရပါတယ်။ကျွန်မတို့ မရှက်ပါဘူး။ကျွန်မတို့မျက်နှာလေးတွေပါတော့
အကို့ကို ပိုယုံကြည်တာပေါ့တဲ့.”လေ။
ဟုတ်ပါရဲ့ဗျာ…ကလေးမျက်နှာလေးကို ကြည့်လိုက်ပါဦး။
တကယ်ကို ချစ်ဖို့ကောင်းတဲ့ သားသားလေးပါဗျာ….။
မိုးစက်တစ်ယောက်တော့
ရှယ်ပလန်နဲ့ ကြိုးစားရဦးမှာပေါ့” လို့မိုးစက်ကပြောပြပါတယ်။

Crf-Original Post