ဘုရားဒကာမကြီးစောမွန်လှ တည်ထားခဲ့သောစေတီမှာရင်ပြင်အတွက် မြေညှိရာကနေထူးဆန်းတဲ့အရာတွေကိုတွေ့ခဲ့ရလို့ အံ့ဩနေတဲ့ ဒါရိုက်တာမောင်သီ

ပရိသတ်ကြီးရေ နိုင်ငံကျော် နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာ ဖြစ်သူ ဒါရိုက်တာ မောင်သီကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးြ့ပီးသားဖြစ်မယ် ထင်ပါတယ်.။ ဒါရိုက်တာ မောင်သီကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ဒါရိုက်တာ တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကိုအပြည့်အဝ ရရှိထားသူပဲဖြစ်ပါတယ်နော်.။

ညီဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် လွင်မိုးဟာလည်း တစ်ခေတ်တစ်ခါရဲ့ နာမည်ကြီး မင်းသားတစ်ယောက်ဖြစ်ကာ တူမချောလေးဖြစ်တဲ့ ယွန်းဝတီလွင်မိုးကလည်း လူငယ်ပရိသတ်တွေကြားမှာ အတော်အသင့်ကို အောင်မြင်ကျော်ကြားသူလေးပဲဖြစ်ပါတယ်နော်.။ ယွန်းဝတီလွင်မိုးက မွေးလာတဲ့ မြေးလေး Liam ကိုလည်း အင်မတန်ချစ်ရှာသူ ဖြစ်ပါတယ်နော်..မောင်သီကတော့ အလှူရေစက် လက်နဲ့မကွာဆိုလို အလှူအတန်းနဲ့ ကောင်းမှုကုသိုလ်တွေကို များစွာ ပြုလုပ်လျက်ရှိတာကို တွေ့ရပါတယ် ။

အခုလည်း မူလဘုရားဒကာမကြီးစောမွန်လှ တည်ထားခဲ့သော ရွှေကြေးစည်စေတီအားရင်ပြင်ခင်းခြင်း၊ နေပူခံကျောက်ပြားခင်းခြင်းများကို ဆက်လက် လုပ်ကိုင်နေကြောင်း ဝေမျှလာပါတယ် ။ဒီလို လုပ်ကိုင်ရင်း ရင်ပြင်အတွက် မြေညှိနေချိန် သိုက်မြွေဟု ယူဆရတဲ့ ထူးဆန်းလွန်းတဲ့ ဥတွေကို တွေ့ရှိခဲ့ကြောင်းကို ပုံတွေနဲ့ တကွ ” ရင်ပြင်အတွက် မြေညှိရာမှ တနင်္ဂနွေနေ့ တွင် တနင်္ဂနွေထောင့်မှ ဥ(၆)လုံး တွေ့ရှိရပါသည်။

ဥအရောင်နဲ့ပုံစံအရ ရိုးရိုးမြွေမဖြစ်နိုင်ပဲ သိုက်မြွေဟုယူဆပါသဖြင့် ပြန်လည်ဖုံးအုပ်ထားခဲ့ပြီး ယနေ့တနင်္လာနေ့ မနက်တွင် ပွဲထိုးဆုတောင်းပြီး လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေပါကြောင်း အလှူရှင်များ သိစေရန် ဓာတ်ပုံများနဲ့တကွဖော်ပြလိုက်ပါသည်။” ဆိုပြီး ရေးသားဖော်ပြထားတာဖြစ်ပါတယ်နော်.. ပရိသတ်ကြီးလည်း ဒီလိုထူးဆန်းတဲ့ အဖြစ်အပျက်တွေကို ယုံလား မယုံလားဆိုတာလေးလည်း ဝေဖန်ပေးခဲ့ကြပါအုံးနော်..

Crd-Original Post

(ZAWGYI)

ဘုရားဒကာမႀကီးေစာမြန္လွ တည္ထားခဲ့ေသာေစတီမွာရင္ျပင္အတြက္ ေျမၫွိရာကေနထူးဆန္းတဲ့အရာေတြကိုေတြ႕ခဲ့ရလို႔ အံ့ဩေနတဲ့ ဒါ႐ိုက္တာေမာင္သီ

ပရိသတ္ႀကီးေရ နိုင္ငံေက်ာ္ နာမည္ႀကီး ႐ုပ္ရွင္ဒါရိုက္တာ ျဖစ္သူ ဒါရိုက္တာ ေမာင္သီကိုေတာ့ အထူးအေထြ မိတ္ဆက္ေပးစရာမလိုေအာင္ ခ်စ္ခင္ရင္းႏွီးျ့ပီးသားျဖစ္မယ္ ထင္ပါတယ္.။ ဒါရိုက္တာ ေမာင္သီကေတာ့ ျမန္မာနိုင္ငံရဲ့ နာမည္ႀကီး ဒါရိုက္တာ တစ္ေယာက္အျဖစ္နဲ႔ ပရိသတ္ေတြရဲ့ အားေပးမႈေတြကိုအျပည့္အဝ ရရွိထားသူပဲျဖစ္ပါတယ္ေနာ္.။

ညီျဖစ္သူ ႐ုပ္ရွင္သ႐ုပ္ေဆာင္ လြင္မိုးဟာလည္း တစ္ေခတ္တစ္ခါရဲ့ နာမည္ႀကီး မင္းသားတစ္ေယာက္ျဖစ္ကာ တူမေခ်ာေလးျဖစ္တဲ့ ယြန္းဝတီလြင္မိုးကလည္း လူငယ္ပရိသတ္ေတြၾကားမွာ အေတာ္အသင့္ကို ေအာင္ျမင္ေက်ာ္ၾကားသူေလးပဲျဖစ္ပါတယ္ေနာ္.။ ယြန္း၀တီလြင္မိုးက ေမြးလာတဲ့ ေျမးေလး Liam ကိုလည္း အင္မတန္ခ်စ္ရွာသူ ျဖစ္ပါတယ္ေနာ္..ေမာင္သီကေတာ့ အလႉေရစက္ လက္နဲ႔မကြာဆိုလို အလႉအတန္းနဲ႔ ေကာင္းမႈကုသိုလ္ေတြကို မ်ားစြာ ျပဳလုပ္လ်က္ရွိတာကို ေတြ႕ရပါတယ္ ။

အခုလည္း မူလဘုရားဒကာမႀကီးေစာမြန္လွ တည္ထားခဲ့ေသာ ေရႊေၾကးစည္ေစတီအားရင္ျပင္ခင္းျခင္း၊ ေနပူခံေက်ာက္ျပားခင္းျခင္းမ်ားကို ဆက္လက္ လုပ္ကိုင္ေနေၾကာင္း ေဝမၽွလာပါတယ္ ။ဒီလို လုပ္ကိုင္ရင္း ရင္ျပင္အတြက္ ေျမညႇိေနခ်ိန္ သိုက္ေႁမြဟု ယူဆရတဲ့ ထူးဆန္းလြန္းတဲ့ ဥေတြကို ေတြ႕ရွိခဲ့ေၾကာင္းကို ပုံေတြနဲ႔ တကြ ” ရင္ျပင္အတြက္ ေျမညႇိရာမွ တနဂၤေႏြေန႔ တြင္ တနဂၤေႏြေထာင့္မွ ဥ(၆)လုံး ေတြ႕ရွိရပါသည္။

ဥအေရာင္နဲ႔ပုံစံအရ ရိုးရိုးေႁမြမျဖစ္နိုင္ပဲ သိုက္ေႁမြဟုယူဆပါသျဖင့္ ျပန္လည္ဖုံးအုပ္ထားခဲ့ၿပီး ယေန႔တနလၤာေန႔ မနက္တြင္ ပြဲထိုးဆုေတာင္းၿပီး လုပ္ငန္းမ်ား ဆက္လက္လုပ္ကိုင္ေနပါေၾကာင္း အလႉရွင္မ်ား သိေစရန္ ဓာတ္ပုံမ်ားနဲ႔တကြေဖာ္ျပလိုက္ပါသည္။” ဆိုၿပီး ေရးသားေဖာ္ျပထားတာျဖစ္ပါတယ္ေနာ္.. ပရိသတ္ႀကီးလည္း ဒီလိုထူးဆန္းတဲ့ အျဖစ္အပ်က္ေတြကို ယုံလား မယုံလားဆိုတာေလးလည္း ေဝဖန္ေပးခဲ့ၾကပါအုံးေနာ္..

Crd-Original Post