“တဲအိမ်လေးထဲမှာ နှစ်ယောက်လုံး လေဖြတ်နေကြတဲ့ အသက်၈၀ကျော်အဘိုးနဲ့အဖွားရဲ့ရင်နင့်စရာအဖြစ်”

“တဲအိမ်လေးထဲမှာ နှစ်ယောက်လုံး လေဖြတ်နေကြတဲ့ အသက်၈၀ကျော်အဘိုးနဲ့အဖွားရဲ့ရင်နင့်စရာအဖြစ်”

တောကြိုအုံကြားမှာနှစ်ယောက်လုံးလေဖြတ်နေကြတဲ့ အသက်၈၀ကျော်အဘိုးနဲ့ အဖွားပါ။

သားသမီးလည်းမရှိ
သလိုလမ်းမလျှောက်နိုင်လို့ဖင်တရွတ်ဆွဲသွားနေရတဲ့အဖွားက လေဖြတ်ပြီးလမ်းမလျှောက်နိုင်၊စကားလည်းမပြောနိုင်တော့တဲ့အဘိုးကိုထမင်းဟင်းချက်ကျွေးပြုစုပေးနေရှာပါတယ်။

“တောရွာအစွန်အဖျားမှာ မိုးမလုံလေမလုံ ကြမ်းပေါက်များစွာနဲ့ ဒုက္ခဆင်းရဲကြုံနေရတဲ့ ဖွားဖွားတို့ဇနီးမောင်နှံကိုတွေ့ပြီး ကျွန်တော့်ရင်ထဲနင့်သွားရတယ်.။


အသက်ရှစ်ဆယ်ကျော်ဘိုးဘိုးနဲ့ဖွားဖွားသားသမီးကလုံးဝမရှိ၊အလုပ်ကလည်းမလုပ်နိုင်တော့ ပတ်ဝန်းကျင်က ပေးကမ်းတာလေးနဲ့အသက်ဆက်နေရတယ်။
ရောဂါဖိစီးလို့ ဝေဒနာခံစားနေရပေမယ့်ငွေကြေးဆိုတာဗလာနတ်ထိမို့ ဖြစ်လာတဲ့ရောဂါကိုကြိတ်ခံနေရတာကလွဲလို့ဘာမှမတတ်နိုင်ခဲ့ပါဘူး။

အိမ်ခြေ ကြို့တို့ကြဲတဲ တောရွာလေးမှာ ပတ်ဝန်းကျင်က ပေးကမ်းသူတွေခက်ခဲရင် ဘိုးဘိုးနဲ့ဖွားဖွားလည်းထမင်းနပ်မမှန်တာအခါခါပါတဲ့။


ခနော်ခနဲ့ မီးဖိုလေးကိုဝေ့ဝဲကြည့်ရင်းလျှံကျလာတဲ့မျက်ရည်စအချို့ကိုကျွန်တော်အာသမ်းချင်ယောင်ဆောင်ပြီးဖုံးကွယ်လိုက်မိတယ်.။
ဘိုးဘိုးနဲ့ဖွားဖွားကိုလစဥ်ထောက်ပံ့ပေးနိုင်အောင်ကြိုးစားပေးချင်တယ်။အိမ်လေးလည်းပြင်ဆောက်ပေးချင်တယ်။ဖွားဖွားကဖင်တရွတ်ဆွဲသွားပြီး ထမင်းချက်တဲ့မီးဖိုလေးကိုသွားတိုင်းခဏခဏပြုတ်ပြုတ်ကျတတ်တယ်တဲ့.။အဖြစ်ဆိုးလိုက်တာ ၊အချစ်ကြီးလိုက်တာဖွားဖွားရယ် ဘိုးဘိုးကိုအဲ့လောက်တောင် ချစ်သတဲ့လား.။


ဖွားဖွားအချစ်ကို လေးစားမိတဲ့အတွက်ဘိုးဘိုးနဲ့ဖွားဖွားကို ကျန်းမာလာအောင် အတတ်နိုင်ဆုံးကျွန်တော်
ကြိုးစားပေးပါ့မယ်လို့ကတိပြုလိုက်ရပါတယ်ဖွားဖွားရယ်.” လို့ အဘိုးနဲ့အဖွားအကြောင်းကို တေးရေးမင်းကိုက
လူမူကွန်ယက်မှာရေးသားပြောပြထားပါတယ်။

Crd-Original Post