ပန်းမြို့တော် တောင်လှေကားမှာ မကြုံစဘူးမိုးများလို့ ရေကြီး

ပန်းမြို့တော် တောင်လှေကားမှာ မကြုံစဘူးမိုးများလို့ ရေကြီး

ပြင်ဦးလွင် စက်တင်ဘာ ၁ -၂၀၂၁
နေလင်း(ပြင်ဦးလွင်)

မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့မှာ စက်တင်ဘ ၁ ရက်နေ့ ဒီနေ့ နေ့လယ်၁၂း၄၅ ကစတဲ့ မိုးဟာ ၁၃း၄၅အချိန်အထိ တနာရီကြာ သည်းသည်းမည်းမည်း ရွာခဲ့တာကြောင့် မန္တလေး-လားရှိုးလမ်းဘေးက သုမင်္ဂလာဈေး၊ မြမာလာရပ်၊ စံပြထမင်းဆိုင်အနီးနဲ့ မြို့ပေါ်ရပ်ကွက်တချို့မှာ ရေကြီးမှုဖြစ်ပေါ်ခဲ့ပါတယ်။

ဒီမိုးကြောင့် နေအိမ်အတွင်းကို မကြုံစဘူး ရေဝင်တာကြောင့် ၊ပ‌ဒေသာမြို့သစ်ရပ်ကွက်ကြီး(၈)ရှိ ရွှေစည်းခုံတော်ရ ဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်းများပြိုကျသလို လူနေအိမ်တချို့ နံရံများပြိုကျတာ ၊အုတ်တံတိုင်းပြိုကျ ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီနေ့မိုးရေချိန်တိုင်းထွာရရှိမှု ၃.၀၇ လက်မဖြစ်ပြီး အနိမ့်ပိုင်းဒေသတွေ ရေလွှမ်းနိုင်ပါတယ်လို့ ” ပြင်ဦးလွင်ခရိုင် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှာထုတ်ပြန်ထားကြောင်းသိရပါတယ်။

#voiceofmyanmar #VOM #မေမြို့ရေကြီး

(ZAWGYI)


နေလင်း(ပြင်ဦးလွင်)



