ကျွန်တော် အဆင်ပြေတယ် ရန်သူနဲ့ မျက်နှာချင်းဆိုင် နေနေရတဲ့ ခင်ဗျားတို့ပဲ ဂရုစိုက်ပါ ဆိုတဲ့ ကိုပေါက်

ကျွန်တော် အဆင်ပြေတယ် ရန်သူနဲ့ မျက်နှာချင်းဆိုင် နေနေရတဲ့ ခင်ဗျားတို့ပဲ ဂရုစိုက်ပါ ဆိုတဲ့ ကိုပေါက်

သရုပ်ဆောင် ၊ဒါရိုက်တာ တစ်ယောက်အဖြစ် အနုပညာ များစွာကိုပုံဖော်ခဲ့တဲ့ ကိုပေါက်ကတော့ အခုချိန်မှာ အနုပညာအလုပ်တွေနဲ့

ဝေးကွာ နေတာပဲဖြစ်ပါတယ်။ ကိုပေါက်က လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ ကာလမှာလည်း ကျရာ တာဝန်ကို ကျေပွန်စွာ

ထမ်းဆောင်ပြီး ရဲဘော်တွေနဲ့ အတူ စည်းစည်းလုံးလုံး နေထိုင်တာဖြစ်ပါတယ်။

ကိုပေါက်လိုပဲ တချို့အနုပညာရှင်တွေ ကလည်း လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး စိတ်ဓာတ်တွေ ခိုင်မာပြတ်သား နေကြတာ

ဖြစ်ပါတယ်။ ကိုပေါက်ကတော့ လွတ်မြောက်နယ်မြေမှာ ရဲဘော်တွေရဲ့ စားသောက်ရေးအတွက် တာဝန်ယူထားရပြီး သေချာ

စီမံချက်ပြုတ်ပေး နေတာဖြစ်ပါတယ်။တောထဲ ရောက်နေသူတွေ အကုန်လုံးက ဒုက္ခမျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေရပေမယ့် အချင်းချင်း

ရိုင်းပင်းကူညီပြီး အားတင်း တောင့်ခံနေကြတာ ဖြစ်ပါတယ်။

ကိုပေါက်ကလည်း အခုချိန်မှာ ပြည်သူတွေ နဲ့တစ်သားတည်း ရှိနေတာကြောင့် မိသားစုနဲ့

ခွဲခွါခဲ့ရပေမယ့်လည်း အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။

Crd-Original Post