ညဘက်အိပ်နေတုန်း မကြာခဏ နိုးနေတာဟာ မသိစိတ်မှာ ဒီလိုအခက်အခဲတွေ ဖြစ်နေလို့ပါ

ယေဘုယျအားဖြင့် နေ့ခင်းအချိန်မှာ အလုပ်လုပ်ကြပြီး နောက်တစ်နေ့အတွက် အားပြန်မွေးတဲ့အနေနဲ့ ညဘက်မှာ အနားယူ အိပ်စက်ကြပါတယ်။

ဒါပေမယ့် သင်ကတော့ ညဘက်တွေမှာ လွယ်လွယ်နဲ့ အိပ်မပျော်ဘူး။ အိပ်ပျော်သွားပြီးရင်လည်း မကြာခဏ နိုးလာတတ်တယ်ဆိုရင် ဘယ်အချိန်တွေမှာ နိုးလာတာလဲဆိုတာကိုကြည့်ပြီး သင့်မှာဖြစ်နေတဲ့ အခက်အခဲနဲ့ ပြဿနာတွေကို ဖော်ထုတ်လို့ရပါတယ်။ ဖတ်ကြည့်ပြီး အဖြေရှာလိုက် ပါအုံးနော်

(၁) ည ၁၁ နာရီအထိ အိပ်မပျော်ဘူးဆိုရင်”

ပုံမှန်အိပ်ချိန်ရှိတဲ့သူတစ်ယောက်က ၁၁ နာရီဆို အိပ်ပါပြီ။ ဒီအချိန်အထိ မအိပ်ပျော်ဘူးဆိုရင်တော့ စိတ်ဖိစီးမှုနဲ့ တွေးပူစရာလေးတွေ အနည်းငယ်ရှိနေတာကြောင့်ဖြစ်ပါတယ်။ အသက်ရှူလေ့ကျင့်ခန်းကို ၁၅ မိနစ်လောက် လုပ်ပေးလိုက်ရင် အိပ်ပျော်နိုင်ပါတယ်

(၂) ၁၁နာရီ ကနေ ၁ နာရီကြားမှာ နိုးနေရင်”

ည ၁၁ နာရီ ကနေ မနက် ၁ နာရီ ကြားအချိန်ဟာ သည်းခြေအိတ်အတွက် အနားယူရမယ့်အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ မအိပ်ဘဲနိုးနေတယ်ဆိုရင်တော့ အတွေးတွေပျံ့လွင့်နေတာမျိုး၊ တစ်စုံတစ်ယောက်ကို ခွင့်မလွှတ်နိုင်ဖြစ်နေတာမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အတွေးတွေကိုစုစည်းနိုင်အောင်၊ ခွင့်လွှတ်နိုင်အောင် ကြိုးစားကြည့်မယ်ဆိုရင် ဒီအချိန်တွေမှာ ကောင်းကောင်း အိပ်ပျော်နိုင်ပါလိမ့်မယ်

(၃) ၁ နာရီ ကနေ ၃ နာရီ ကြားမှာ နိုးနေရင်”

မနက် ၁ နာရီ ကနေ ၃ နာရီ ကြားမှာ နိုးနေတတ်တယ်ဆိုရင်တော့ သင့်အနေနဲ့ မသိစိတ်ထဲမှာ ဒေါသစိတ်တွေ ကိန်းအောင်းနေတာကြောင့်ဖြစ်နိုင်ပါတယ်။ အဲ့ဒီဒေါသစိတ်တွေဆိုတာ လတ်တလောမှာဖြစ်နေတဲ့ ခံစားချက်တွေလည်းဖြစ်နိုင်သလို အနှစ်နှစ်အလလက မပေါက်ကွဲရတဲ့ ခံစားချက်တွေလည်းဖြစ်နိုင်ပါတယ်။

ဒါကြောင့် ညတိုင်းဒီအချိန်မှာ နိုးနေတတ်တယ်ဆိုရင် စိတ်ကို စုစည်းပြီး အသက်ရှူလေ့ကျင့်ခန်းလေး လုပ်ပေးလိုက်မယ်ဆိုရင် ဒီအချိန်မှာ နိုးနေတဲ့ ပြဿနာလည်း တဖြည်းဖြည်းပြေလည်လာနိုင်ပါတယ်။ အမြဲတမ်း ဒီအချိန်မှာနိုးနေရင်တော့ သင့်အသည်း ကျန်းမာရေးအတွက် မကောင်းပါဘူး

(၄) ၃ နာရီကနေ ၅ နာရီကြားမှာ နိုးရင်”

မနက် ၃ နာရီကနေ ၅နာရီကြားမှာ နိုးတတ်တယ်ဆိုရင်တော့ ဝမ်းနည်းစရာခံစားချက်တွေ များလွန်းနေတာကြောင့်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မမြင်ရတဲ့လောကက တစ်စုံတစ်ယောက်က ဆက်သွယ်ဖို့ကြိုးစားနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ဒါကကောင်းသော ဆက်သွယ်ခြင်းမျိုးဖြစ်ပါတယ်။ သင့်ကို လမ်းမှန်ကိုပြချင်လို့၊ လက်ရှိ သင်လုပ်နေတဲ့အရာ၊ သင်တွေးနေတဲ့ အတွေးတွေက လမ်းမှားဆီ ဦးတည်နေတာကြောင့် သတိပေးချင်လို့ဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့် ညတိုင်းဒီအချိန်မှာ နိုးနေရင် စိတ်ကို မျက်လုံးကိုမှိတ်ကာ စိတ်ကိုငြိမ်ငြိမ်ထားပြီး မေတ္တာပို့တာမျိုး၊ ဘုရားစာရွတ်တာမျိုး လုပ်လိုက်ပါနော်

Credit– MAY THAZINHTOO