ခင်ပွန်းဖြစ်သူကိုလွမ်းတယ်သတိရတယ်ဆိုပေမယ့်လည်း ခင်ပွန်းမရှိလို့စိတ်ပျက်အားငယ်တာမျိုးမဟုတ်ကြောင်းရင်ဖွင့်လာတဲ့ နန်းမြတ်ဖြိုးသင်း

ခင်ပွန်းဖြစ်သူကိုလွမ်းတယ်သတိရတယ်ဆိုပေမယ့်လည်း ခင်ပွန်းမရှိလို့စိတ်ပျက်အားငယ်တာမျိုးမဟုတ်ကြောင်းရင်ဖွင့်လာတဲ့ နန်းမြတ်ဖြိုးသင်း

ပြီးခဲ့တဲ့သြဂုတ်လ၂၁ရက်နေ့ကဆိုရင်သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ခင်ပွန်ကကိုဗစ်ရောဂါကြောင့်ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်၊မိသားစုနဲ့ထပ်တူဝမ်းနည်းကြေကွဲရပါတယ်။

နန်းမြတ်ဖြိုးသင်းကကွယ်လွန်သွားတဲ့ ခင်ပွန်းဖြစ်သူကိုလွမ်းတဲ့အကြောင်းလေးနဲ့ကျန်နေသေးတဲ့သားသားမီးမီးအတွက်အကောင်းဆုံးကြိုးစားပြီးရှေ့ဆက်သွားမယ်ဆိုတဲ့အကြောင်းကိုအခုလိုပြောကြားလာပါတယ်နော်

နန်းမြတ်ဖြိုးသင်းကကျမဘဝရဲ့အဓိပ္ပါယ်ခွန်အားရှင်သန်ခြင်းလေးတွေ၊ ကျမယောက်ျားကိုသတိရတာပေါ့၊လွမ်းတာပေါ့၊ဒါပေမယ့်ယောက်ျားမရှိလို့စိတ်ပျက်အားငယ်တာမျိုးမဟုတ်ဘူး။

ကျမယောက်ျားထားခဲ့တဲ့ပတ်ဝန်းကျင်ကောင်းအသိုင်းအဝိုင်းကောင်းသူ့ရဲ့နာမည်ကောင်းအရိပ်အောက်မှာကျမကအကောင်းဆုံးကြိုးစားပီးရှင်သန်ရပ်တည်ဦးမှာ၊လွမ်းတာတော့အမြဲလွမ်းနေမှာပဲ၊

သူနဲ့သွားခဲ့တဲ့နေရာ၊သူနဲ့ရှိခဲ့တဲ့အမှတ်တရတွေက ဘယ်တော့ပျောက်ပျက်မသွားဘူး။

သူမရှိတော့လို့ကလေးတွေအတွက်ကျမနှစ်ဆကြိုးစားပီးရပ်တည်ရှင်သန်မယ်၊ကျန်နေသေးတဲ့ချစ်တဲ့သူတွေရဲ့ ပံ့ပိုးမှုတွေနဲ့ပေါ့လွမ်းတာ၊သတိရတာနဲ့

ပြိုလဲတာမတူပါဘူး၊ကျမချစ်ရတဲ့သားလေးနဲ့သမီးလေးအတွက်ဆိုပြီးတော့ဝမ်းနည်းစွာရေးသားဖော်ပြထားပါတယ်။

နောက်ပြီး ချစ်သူတွေစိတ်ပူနေမှာစိုးလို့ပါ၊လွမ်းပေမယ့်ပြိုလဲမသွားပါဘူးဆိုပြီးတော့သူမကပြန်လည်မျှဝေပေးထားပါတယ်။

Crd-Original Post

(ZAWGYI)









Crd-Original Post