စကစ နိုင်ဖို့ အခြေအနေ အရမ်းနည်းလွန်တဲ့ အကြောင်းရင်းများ

စကစ နိုင်ဖို့ အခြေအနေ အရမ်းနည်းလွန်တဲ့ အကြောင်းရင်းများ

ဘယ်သူ နိုင်မှာလဲ။

စကစ က နိုင်ဖို့ အခြေအနေ အရမ်းနည်းလွန်းတယ်။အကြောင်းတွေက

၁။ နေဝင်း သန်းရွှေအဆင့် မရှိဘူး။

၂။ သူတို့ဘက်မှာ ဘယ်သူမှ မရှိဘူး။

၃။ ပြည်သူဟာ တအားစည်းလုံးနေတယ်။

၁။ အဆင့်မရှိဘူး။

နေဝင်းဟာ အာဏာသိမ်းတယ်သာ ပြောတာ၊အာဏာအပ်နှင်းခံရတယ်လို့တောင် ပြောလို့ ရတဲ့အခြေအနေ၊သူ့ဘက်မှာ လူ ကောင်းကောင်း ရှိတယ်။အဲ့ဒီကနေမှ အာဏာရှင်စနစ်ကိုသေချာပြောင်းသွားတာ။သူ့အကျိုးကို အဓိက လုပ်သွားပေမယ့်။

သူ့မှာ ဘဏ္ဌာရေး ၊ စစ်ရေး ပေါ်လစီ အကုန်ရှိတယ်။စနစ်သေချာ ရှိတယ်။ သုံးစားမရ ပျက်စီးသွားတာက တပိုင်း။သန်းရွှေဟာ အာဏာသိမ်းတဲ့သူမဟုတ်ဘူး။နေဝင်းကပဲ သူ့လူတွေနဲ့သိမ်းတာ။ခင်ညွန့်၊တင်ဦး၊မျိုးညွန့် ကျော်ဘ၊ တို့က သူ့သစ္စာခံပြီး သိမ်းတာ။

ပြိးမှ သန်းရွှေနဲ့ မောင်အေးက ဖြုတ်ထုတ်သတ်လုပ်ပြီး အာဏာရှင်တက်လုပ်တာ။ဒါတောင်မှ သန်းရွှေ အာဏာရှင်စစ်စစ်ဖြစ်တော့ ဘယ်လောက်မှ မခံလိုက်ဘူး။သူတို့လဲ ဇ သာ ရှိတာ၊ ဝ ရှိတဲ့သူတွေ မဟုတ်တော့ ဝိ မဖြစ်ခဲ့ဘူး။

အခု မင်းအောင်လှိုင်မှာ ဘယ်သူမှ မရှိဘူး။ဘယ်သူ့ကိုမှ မယုံရတော့ တကယ်အရည်အချင်းရှိတဲ့သူတွေကိုမသုံးရဲဘူး။ သူအခုသုံးနေတဲ့သူတွေဟာ ကျွန်စစ်စစ် ဖြစ်တာပဲ ရှိတယ်။သူကိုယ်တိုင် ပါးစပ်ကဖွင့်ပြောခဲ့တာပဲ၊ ဒီလောက်ဆန့်ကျင်ကြလိမ့်မယ်လို့ မထင်ဘူးတဲ့။

အဲ့ဒါ သူညံ့တာ ပေါ်လွင်တာပဲ။အောက်က ပေါင်းစားတစ်စု အလိမ်တွေတင်ပြတာကို အဟုတ်ထင်ပြီးလုပ်ခဲ့တာ။ကျိန်းသေတယ်။သူလဲ အခုအခြေအနေ ရောက်လိမ့်မယ်လို့ လုံးဝ မျှော်မှန်းမထားဘူး။

၂။ သူတို့ဘက်မှာ ဘယ်သူမှ မရှိဘူး။

ပြည်တွင်းမှာတော့ ဘယ်အစည်းမှ သူတို့ဘက်မှာ မရှိဘူး။စစ်တပ်ထဲတောင် မရှိဘူး။တနေ့က နောက် ၃ နှစ်နေရင် ဒေါ်စုကိုလွှတ်ပေးပြီးရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ မှိုင်းသွင်းဖို့ ကြိုးစားတာတောင် သေနတ်နဲ့ အပစ်ခံရတဲ့အခြေအနေ။

တခြား ဘယ်အဖွဲ့အစည်းမှ စစ်တပ်နဲ့ မဟာမိတ် လုပ်မနေဘူး။၀ နဲ့ အေအေ လို ရပ်ကြည့်နေတဲ့ အဖွဲ့တောင် အခြေအနေပေးရင် သူတို့ လွတ်မြောက်ရေးပဲ လုပ်သွားမှာ စစ်တပ်ဖက်က ရပ်ပေးမှာ မဟုတ်ဘူး။

>
တရုတ်လား စီးပွားရေး အဆင်ပြေမယ်ဆိုရင် NUG NLD အကုန်လုံးနဲ့ ပေါင်းမှာ။ရုရှားလား သူ့လက်နက်ဈေးကွက်မှာ မြန်မာဟာ ၁၀ ရာခိုင်နှုန်းတောင်ရှိရဲ့လား။တကယ် နိုင်ငံကြီးနဲ့ ချရတဲ့ အဆင့်မဟုတ်တော့ သူ့လက်နက်ကြော်ငြာဖို့တောင် အသုံးမတည့်ဘူး။

နိုင်ငံတော် ဝန်ကြီးချုပ်လို့ သူ့ကိုယ်သူ နာမည်တပ်ထားတဲ့သူကို တွေ့ဆုံနေတဲ့တဖက်က အဆင့်က ဒုတိယ ကာကွယ်ရေးဝန်ကြီးတဲ့။ပူတင်မပြောနဲ့ ကာကွယ်ရေးဝန်ကြီးကတောင် မတွေ့ဘူး။တကမ္ဘာလုံးလိုက်ရှာကြည့် စကစ ဘက်မှာ ဘယ်သူမှ မရှိတာမှ ဘယ်သူမှကို မရှိတာ။

၃။ ပြည်သူတွေ စည်းလုံးတယ်။

NUG ဘက်မှာ ပြည်သူရှိတယ်ဆိုရင် မှားတယ်။NUG ဟာ ပြည်သူပဲ။ ဟုတ်လား မဟုတ်လား ကြည့်။NUG အမှားလုပ်လားဆို လုပ်တယ်။ထီ နဲ့ Raffle Ticket မှာ ထီကို ဦးစားပေးသလိုဖြစ်သွားတယ်။နိုင်ငံရေး ရေချိန်ကြောင့် ဖြစ်သွားတာပါ။ တမင်လုပ်တာ မဟုတ်ဘူး။ပြည်သူက ချက်ခြင်း လိုက်ပြင်တယ်။

တကယ်မှားတာက ၅ သန်းဖိုး ရောင်းတာပဲ။၇ သန်း ၈ သန်းဖိုးရောင်းလိုက်ရမှာ။လေနဲ့ စည်းလုံးတာ မဟုတ်ဘူးနော်၊အိတ်ထဲက စိုက်ရုံတင်မကဘူး၊ ဘဝတွေပါရင်းပြီး စည်းလုံးနေကြတာ။ဒါတွေ အားလုံးတွက်ကြည့်လိုက်။

ချိန်ခွင် ဘယ်ဘက်မှာလဲ ဆိုတာ အရမ်း မြင်သာနေတယ်။အခုအချိန်မှာ လိုအပ်တာက ပြည်သူတွေ အားလုံး ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ရယ်၊ဘယ်သူတက်တက် ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတဲ့သူတွေ
တွက်တတ်ဖို့ရယ်ပဲ။အခုအချိန်မှာ စစ်တပ်ဖက်ကို မဆိုစလောက်လေး ယိမ်းလိုက်ရင်ကို ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။

မောင်ဝင်းဦး