မင်းအောင်လှိုင်စကားကြောင့် ဝန်ကြီးဌာနတွေမှာ ငှက်ပျောပင်များ စတင်စိုက်ပျိုးနေကြပြီ

အကြ.မ်းဖက် လ.ူသ.တ်စ.စ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ ဝန်ကြီးဌာနများတွင်ငှက်ပျောပင်များ စတင်စိုက်ပျိုးနေရပြီဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်က သီးခြားလက်ခံရရှိပြီး လူမှုကွန်ရက်တွင်လည်းမျှဝေထားသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဩဂုတ်လ၃၁ရက်နေ့ ညွှန်ကြားစာတွင် စက်တင်ဘာ၁ရက်နေ့ နောက်ဆုံးထား၍ ငှက်ပျောစိုက်မည့်

အပင်အရေအတွက်၊ စိုက်ပျိုးမည့်မြေနေရာများ ပေးပို့တင်ပြရန် ညွှန်ကြားထားသည်။ မင်းအောင်လှိုင်၏ ငှက်ပျောပင်စိုက်ပျိုးရေး ညွှန်ကြားချက်ကို ဝန်ကြီးဌာနများအားလုံးသို့ ညွှန်ကြားခြင်းဖြစ်ကြောင်းသိရှိရသည်။ အကြ.မ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်အကျိုးရှိနိုင်သည်ဆိုသော

တစ်သျှူးနည်းဖြင့် ဖီးကြမ်းနှင့်သီးမွှေးငှက်ပျောများ စိုက်ပျိုးနိုင်ရန် သင့်တော်သောနှုန်းထားဖြင့် စ.စ်ကောင်စီက ဖြန့်ဖြူးပေးမည်ဟု ဇွန်လ၁၇ရက်နေ့ နေပြည်တော် စ.စ်ကောင်စီ စီမံခန့်ခွဲရေးအစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ ငှက်ပျောစိုက်ပျိုးခြင်းဖြင့် တိုင်းပြည်အတွက်

အကျိုးများစွာ ရရှိမည်ဖြစ်ကြောင်း၊ ငှက်ပျောသီးသည် ကျန်းမာရေးအထောက်အကူပြုပြီး အာဟာရပြည့်ဝစွာ ရရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး၊ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများတွင် စိုက်ပျိုးလိုပါက သင့်လျော်သည့်နှုန်းထားဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း

မင်းအောင်လှိုင်က ဆိုသည်။ ကချင်ပြည်နယ်တွင် တရု.တ်တစ်သျှူးငှက်ပျောစိုက်ခင်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် မြေဩဇာ ထ.ိခ.ိုက်ပျ.က်စီ.းမှုများရှိနေကြောင်း ဒေသဆိုင်ရာသတင်းများတွင် မကြာခဏဖော်ပြခဲ့ကြသည်။

Crd-Original Post