မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်နေရာအတွက် ပြည်သူတွေဘက်က အလားအလာကောင်းနေ

မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်နေရာအတွက် ပြည်သူတွေဘက်က အလားအလာကောင်းနေ

လာမယ့် စက်တင်ဘာလ ၁၄ရက်နေ့မှာ ကျင်းပမယ့်

ကုလသမဂ္ဂအထွေထွေညီလာခံ နီးကပ်လာချိန်မှာ မြန်မာနိုင်ငံမှာ အ.ာဏာသ.ိမ်းထားတဲ့စ.စ်ကောင်စီနဲ့ ၂၀၂၀ရွေးကောက်ပွဲ အနိုင်ရအမတ်တွေ အများစုပါဝင်ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရNUGတို့ဟာ ဒီညီလာခံမှာ မြန်မာနိုင်ငံကိုကိုယ်စားပြုပြီး တက်ရောက်ခွင့်ရဖို့

ကြိုးပမ်းအားထုတ်မှုတွေ ပိုပြီး အားကောင်းလာနေပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံ စတင်တဲ့အချိန်မှာ နိုင်ငံ၉နိုင်ငံက ကိုယ်စားလှယ်တွေပါဝင်တဲ့ credentials committeeဟာ အဖွဲ့ဝင်နိုင်ငံတွေကို ကိုယ်စားပြုပြီး တက်ရောက်လာသူတွေရဲ့ တရားဝင်ဖြစ်မှုကို စစ်ဆေးမှာဖြစ်ပြီး၊

တရားဝင်ဖြစ်ကြောင်း credentials committeeက အတည်ပြုပြီးတဲ့နောက် သက်ဆိုင်ရာကိုယ်စားလှယ်တွေဟာ နိုင်ငံကိုယ်စားပြုပြီး အစည်းအဝေးတက်ရောက်ခွင့်နဲ့ မ.ဲပေးခွင့်တွေ ရရှိမှာဖြစ်ပါတယ်။ “ရှေ့လမှာကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံကို ကုလသမဂ္ဂမှာ

ဘယ်သူက ကိုယ်စားပြုခွင့်ရမလဲဆိုတာကို ဆုံးဖြတ်တော့မှာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်မတို့ SAC-Mအဖွဲ့က သုတေသနစာတမ်းတစ်စောင် ထုတ်ဝေထားပါတယ်။ တကယ်လို့ အ.ာဏာသ.ိမ်းစ.စ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေကိုသာ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့

ဆုံးဖြတ်လိုက်မယ်ဆိုရင် ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ပဋိညာဉ် စာချုပ်တစ်ခုလုံးကို ခ.ျိုးဖေ.ာက်ရာရောက်မှာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ထင်မထားတာတွေလည်းဖြစ်လာနိုင်ပါတယ်။” ဒါကတော့ SAC-Mအဖွဲ့ရဲ့ တည်ထောင်သူနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး

အထူးကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီလီက ပြောသွားတာပါ။ အမျိုးသားညီညွတ်ရေးအစိုးရ NUGအနေနဲ့ ဒီလို နိုင်ငံကိုယ်စားပြုပြီး တက်ရောက်ခွင့်ရမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေးအတွက် တ.ိုက်ပွဲဝင်နေသူအားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို

အသိအမှတ်ပြုရာရောက်မယ်လို့ သြဂုတ်လ ၂၇ရက်နေ့က ကျင်းပတဲ့ SAC-Mအဖွဲ့ရဲ့ဆွေးနွေးပွဲကို တက်ရောက်လာသူတွေက ပြောကြားခဲ့ပါတယ်။ SAC-Mအဖွဲ့က ထုတ်ပြန်ထားတဲ့ သုတေသနစာတမ်းမှာ အတိတ်က ညီလာခံတွေကို အခြေခံပြီး လာမယ့်ကုလအထွေထွေညီလာခံမှာ

ဖြစ်လာမယ့်ဖြစ်နိုင်ခြေတွေကို မှန်းဆထားရာမှာ NUGကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုလိုက်တာ ဒါမှမဟုတ် အ.ာဏာသ.ိမ်းစ.စ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုလိုက်တာ ဒါမှမဟုတ် လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီးကိုပဲ

မြန်မာနိုင်ငံကိုယ်စားပြုသူအဖြစ် ဆက်လက်ထားရှိပြီး၊ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတဲ့ ဆုံးဖြတ်ချက်ကို ရွေ့ဆိုင်းထားတာ ဒါမှမဟုတ် မြန်မာနိုင်ငံအတွက် ကိုယ်စားပြုသူမရှိပဲ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နေရာကို ထိုင်ခုံအလွတ်အဖြစ်ထားရှိပြီး အစိုးရအဖြစ်

တရားဝင် အသိအမှတ်ပြုတဲ့ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းထားတာ စတဲ့ဖြစ်နိုင်ခြေလေးမျိုးကို ဖော်ပြထားပါတယ်။ဘဒီဖြစ်နိုင်ခြေအားလုံးဟာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ဥပဒေနဲ့စည်းမျဉ်းတွေနဲ့ ကိုက်ညီဖို့လိုအပ်မှာဖြစ်ပြီး ဒီအထဲမှာ NUGကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ်

သတ်မှတ်လိုက်တာ၊နဲ့ လက်ရှိ မြန်မာသံအမတ်ကြီးကို မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် ဆက်လက်ပေးထားတာ နှစ်မျိုးဟာ ဖြစ်နိုင်ခြေအများဆုံးရှိကြောင်းလည်း သုံးသပ်ထားပါတယ်။ ကုလသမဂ အထွေထွေညီလာခံဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၈ရက်နေ့က resolutionတစ်ခု ထုတ်ပြန်ပြီး

၂၀၂၀ နိုဝင်ဘာ ၈ရက် ရွေးကောက်ပွဲရလဒ်တွေကို လေးစားလိုက်နာဖို့ အ.ာဏာသ.ိမ်းစ.စ်ကောင်စီကို တ.ိုက်တ.ွန်းကြောင်း လိုက်နာဖို့မလိုတဲ့ non-binding resolution တစ်ခု ထုတ်ပြန်ခဲ့တာကိုထောက်ပြပြီး လာမယ့် စက်တင်ဘာလမှာလုပ်မယ့် အထွေထွေညီလာခံမှာ

NUGအစိုးရဘက်က အလေးသာမယ်လို့မျှော်လင့်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလအချက်အလက်ရှာဖွေရေး မစ်ရှင်မှာ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့တဲ့ မစ္စတာ မူဇူကီဒါရူစ်မန်းက ပြောပါတယ်။ “လာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUGနဲ့

သံအမတ်ကြီးဦးကျော်မိုးထွန်းတို့ စ.စ်ကောင်စီကိုအနိုင်ရပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေက ဖြစ်သွားတဲ့ အာဖဂန်နစ္စတန် နိုင်ငံအရေးကိစ္စကြောင့် မြန်မာ့အရေးကို အတိုင်းအတာတစ်ခုအထိ ေ.မှးမ.ှိန်သွားနိုင်ချေ ရှိနိုင်ပါတယ်။

ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံအရေးကို အခြားနိုင်ငံအရေးကိစ္စတွေရဲ့ လွှမ်းမိုးမှုမပါဘဲ သီးခြားရှုမြင်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အခုဆိုရင် မြန်မာစ.စ်ခေါင်းဆောင်တွေဟာ နယူးယောက်မြို့က သံအမတ်ကြီးဦးကျော်မိုးထွန်းကို တ.ားဆီ.းဖို့ အသ.ည်းအသန်ကြိုးစားနေတာကိုလည်း

တွေ့နိုင်ပါတယ်။ တစ်ဘက်မှာလည်း NUGကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုလိုက်ရုံနဲ့ ပြဿ.န.ာတွေ ပြီးသွားမှာမဟုတ်ပဲ ရေရှည်ဆက်ပြီး ရု.န်းက.န်ကြရမှာကိုလည်း နားလည်ထားဖို့လိုပါတယ်။ မကြာခင်မှာ ကုလထွေထွေ ညီလာခံကျင်းပတဲ့အခါ ကျွန်တော်တို့မျှော်လင့်ထားတဲ့အတိုင်း

ဖြစ်နိုင်ခြေရှိပါတယ်။ မကြာခင်က ကုလ အထွေထွေ ညီလာခံကနေ ထုတ်ထားတဲ့ မြန်မာ့အရေးဆိုင်ရာ ဆုံးဖြတ်ချက်ကိုကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို နိုင်ငံတကာက ကောင်ကောင်းနားလည်သိရှိထားတဲ့အပြင် NUGအစိုးရနဲ့ သံအမတ်ကြီး

ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ တရားဝင်အစိုးရအဖြစ် သတ်မှတ်လိုက်ရင် ရလာမယ့်အကျိုးကျေးဇူးနဲ့ ဖြစ်လာမယ့် နောက်ဆက်တွဲပြဿ.န.ာအားလုံးကို နားလည်သဘောပေါက်တာကို မြင်နိုင်ပါတယ်။” အတိတ်က ကုလသမဂ္ဂအထွေထွေညီလာခံရဲ့

credential committeeဟာ ၁၉၉၂ခုနှစ် ဟေတီနိုင်ငံအရေး၊ ၁၉၉၇ခုနှစ် ဆီယားရားလီယွန်နိုင်ငံတွေအရေး ဆုံးဖြတ်ရာမှာ အ.ာဏာသ.ိမ်းစ.စ်တပ်ကို အသိအမှတ်မပြုပဲ၊ အရပ်သားအစိုးရကိုသာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခဲ့ပြီး ၁၉၉၆ခုနှစ် အာဖဂန်နစ္စတန်နိုင်ငံအရေးနဲ့

၁၉၉၇ခုနှစ် ကမ္ဘောဒီးယားနိုင်ငံအရေး ဆုံးဖြတ်ရာမှာတော့ ဆုံးဖြတ်ချက်ချမှတ်ခြင်းမရှိပဲ ရွှေ့ဆိုင်းခဲ့တာတွေ့ရပါတယ်။

တကယ်လို့သာ အ.ာဏာသ.ိမ်းစ.စ်ကာင်စီကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုလိုက်မယ်ဆိုရင် စ.စ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့

ဥပဒေအားလုံးကို ကြိုက်သလို ပြင်ဆင်ရေးဆွဲ၊ အသစ်ပြဌာန်းခွင့် ရသွားမှာဖြစ်သလို၊ နိုင်ငံတကာညီလာခံအစည်းအဝေးနဲ့ ဆွေးနွေးပွဲတွေမှာ မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ပြီး သူတို့လိုသလို ဆုံးဖြတ်ချက်ချတော့မှာ ဖြစ်တဲ့အတွက် မြန်မာပြည်သူတွေအတွက်

အလွန်အ.န္တရာ.ယ်ကြီးတယ်လို့ NUGရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ လက်ရှိအချိန်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံကစေလွှတ်ထားတဲ့ ကုလသမဂ္ဂ သံအရာရှိတွေထဲမှာ ရာထူးအမြင့်ဆုံးဖြစ်ပြီး ဦးကျော်မိုးထွန်းဟာ

ဖေဖော်ဝါရီလ ၂၆ရက်မှာပြုလုပ်တဲ့ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံမှာ အ.ာဏာသ.ိမ်းထားတဲ့ စ.စ်တပ်ကို အသိအမှတ်မပြုကြဖို့ ကုလသမဂ္ဂအဖွဲ့ဝင်တွေကို တ.ိုက်တ.ွန်းပြောကြားခဲ့ပြီး NUGအစိုးရကို ထောက်ခံကြောင်း ပြသခဲ့တဲ့နောက် အ.ာဏာသ.ိမ်းစ.စ်ကောင်စီဟာ

.သံအမတ်ကြီးဦးကျော်မိုးထွန်းနေရာကို အစားထိုးဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။

အဲဒီနောက်ပိုင်း ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအေဂျင်စီတွေရဲ့ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုသူကို ဆုံးဖြတ်နိုင်ခြင်းမရှိတဲ့အတွက် မတ်လ ၁၂ရက်အထိ ဂျနီဗာမှာကျင်းပခဲ့တဲ့

ကုလသမဂ္ဂလူ့အခွင့်အရေးညီလာခံ၊ မေလမှာ ကျင်းပတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ညီလာခံနဲ့ ဇွန်လမှာ ကျင်းပခဲ့တဲ့ ILOညီလာခံတွေမှာ မြန်မာနိုင်ငံအတွက် တရားဝင် ကိုယ်စားပြုတက်ရောက်မှုမရှိပဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

Crd-Original Post

(ZAWGYI)