ပင်ပန်းကြီးစွာပန်းရံလုပ်ပြီး စုထားတဲ့ဘတ်ငွေတစ်သောင်းကို တော်လှန်ရေးအတွက် အကုန်လှူဒါန်းလိုက်တဲ့ ထိုင်းရောက် မြန်မာဇနီးမောင်နှံ

တော်လှန်ရေးအတွက်ကြိုးစားနေသူတစ်ဦးဟာ သူတို့တော်လှန်ချီတက်နေပုံကို ပန်းချီကားအဖြစ် ပြန်လည်အသက်သွင်းပြီး တော်လှန်ရေးရံပုံငွေရအောင် ရောင်းချခဲ့ပါတယ် ဒီပန်းချီပုံကိုတော့ ထိုင်းနိုင်ငံကပရဟိတအကျိုးဆောင် AAC ကိုရဲမင်းက

ထိုင်းဘတ်ငွေတစ်သောင်းနဲ့ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပန်းချီကားကိုဝယ်ယူသွားခဲ့တဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ ငွေကြေးပြည့်စုံသူတွေ မဟုတ်ကြဘဲ တိုင်းတပါးမှာ ပင်ပင်ပန်းပန်း ပန်းရံလုပ်ကြရတဲ့ ဇနီးမောင်နှံဖြစ်နေတယ်ဆိုတာကို ပန်းချီဆရာက သိလိုက်ရချိန်မှာ

အတော်လေး ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ပိုင်ဆိုင်မှုအများကြီး မရှိတဲ့သူတွေဟာ များများစားစား ဆုံးရှုံးစရာမရှိလို့ မြန်မြန်ဆန်ဆန် စွန့်လွှတ်နိုင်ကြပါတယ်။

ဒီလိုမရှိတဲ့ကြားက တော်လှန်ရေးအတွက် စွန့်လွှတ်လှူဒါန်းပေးခဲ့တဲ့ ဇနီးမောင်နှံနှစ်ယောက်ကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ပန်းချီဆရာဟာ ဇနီးမောင်နှံရဲ့ပုံတူကို မေတ္တာနဲ့ဆွဲပေးဖို့ ကမ်းလှမ်းတဲ့အချိန်မှာတော့ မှုန်ဝါးဝါးပုံလေးတစ်ပုံသာရှိခဲ့ပါတယ်။

ဒီပုံလေးကိုကြည်အောင်လုပ်ပြီး ပန်ချီကားအဖြစ်ပြန်လည်အသက်သွင်းကာ လက်ဆောင်ပေးခဲ့တဲ့အချိန်မှာတော့ နှစ်ယောက်သားဟာအတော်လေးကို ကျေနပ်နေခဲ့တယ်လို့ဆိုပါတယ်။

တိုင်းတပါးမှာပင်ပင်ပန်းပန်းလုပ်ကိုင်ပြီး စုထားတဲ့ ချွေးနှဲစာလေးကို မသုံးရက်ဘဲ ကိုယ့်တိုင်းပြည်ရဲ့ တကယ်လိုအပ်နေတဲ့နေရာမှာ အခုလိုလှူဒါန်းလိုက်တာဟာ လေးစားစရာကောင်းလွန်းပါတယ်။ ဘတ်ငွေတစ်သောင်းဟာ မြန်မာငွေနဲ့ဆိုရင် ငါးသိန်းခန့်ရှိပြီး

အခုလို ကြပ်တည်းနေချိန်မှာ ငွေငါးသိန်းဟာ အတိုင်းအတာတစ်ခုအထိကို အဆင်ပြေနိုင်ပါတယ်။ လှူဒါန်းပေးကြတဲ့ ဇနီးမောင်နှံလည်း အလုပ်အကိုင်တွေ အဆင်ပြေပြီး သာယာအေးချမ်းတဲ့ဘဝကို အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Crd-Original Post

 

ပင္ပန္းႀကီးစြာပန္းရံလုပ္ၿပီး စုထားတဲ့ဘတ္ေငြတစ္ေသာင္းကို ေတာ္လွန္ေရးအတြက္ အကုန္လႉဒါန္းလိုက္တဲ့ ထိုင္းေရာက္ ျမန္မာဇနီးေမာင္ႏွံ

ေတာ္လွန္ေရးအတြက္ႀကိဳးစားေနသူတစ္ဦးဟာ သူတို႔ေတာ္လွန္ခ်ီတက္ေနပုံကို ပန္းခ်ီကားအျဖစ္ ျပန္လည္အသက္သြင္းၿပီး ေတာ္လွန္ေရးရံပုံေငြရေအာင္ ေရာင္းခ်ခဲ့ပါတယ္ ဒီပန္းခ်ီပုံကိုေတာ့ ထိုင္းႏိုင္ငံကပရဟိတအက်ိဳးေဆာင္ AAC ကိုရဲမင္းက

ထိုင္းဘတ္ေငြတစ္ေသာင္းနဲ႔ ေရာင္းခ်ေပးခဲ့တာ ျဖစ္ပါတယ္။

ဒီပန္းခ်ီကားကိုဝယ္ယူသြားခဲ့တဲ့ ဇနီးေမာင္ႏွံႏွစ္ေယာက္ဟာ ေငြေၾကးျပည့္စုံသူေတြ မဟုတ္ၾကဘဲ တိုင္းတပါးမွာ ပင္ပင္ပန္းပန္း ပန္းရံလုပ္ၾကရတဲ့ ဇနီးေမာင္ႏွံျဖစ္ေနတယ္ဆိုတာကို ပန္းခ်ီဆရာက သိလိုက္ရခ်ိန္မွာ

အေတာ္ေလး ဝမ္းနည္းဝမ္းသာျဖစ္ခဲ့ရတယ္လို႔ ဆိုပါတယ္။ ပိုင္ဆိုင္မႈအမ်ားႀကီး မရွိတဲ့သူေတြဟာ မ်ားမ်ားစားစား ဆုံးရႈံးစရာမရွိလို႔ ျမန္ျမန္ဆန္ဆန္ စြန႔္လႊတ္ႏိုင္ၾကပါတယ္။

ဒီလိုမရွိတဲ့ၾကားက ေတာ္လွန္ေရးအတြက္ စြန႔္လႊတ္လႉဒါန္းေပးခဲ့တဲ့ ဇနီးေမာင္ႏွံႏွစ္ေယာက္ကိုေက်းဇူးတုံ႔ျပန္တဲ့အေနနဲ႔ ပန္းခ်ီဆရာဟာ ဇနီးေမာင္ႏွံရဲ႕ပုံတူကို ေမတၱာနဲ႔ဆြဲေပးဖို႔ ကမ္းလွမ္းတဲ့အခ်ိန္မွာေတာ့ မႈန္ဝါးဝါးပုံေလးတစ္ပုံသာရွိခဲ့ပါတယ္။

ဒီပုံေလးကိုၾကည္ေအာင္လုပ္ၿပီး ပန္ခ်ီကားအျဖစ္ျပန္လည္အသက္သြင္းကာ လက္ေဆာင္ေပးခဲ့တဲ့အခ်ိန္မွာေတာ့ ႏွစ္ေယာက္သားဟာအေတာ္ေလးကို ေက်နပ္ေနခဲ့တယ္လို႔ဆိုပါတယ္။

တိုင္းတပါးမွာပင္ပင္ပန္းပန္းလုပ္ကိုင္ၿပီး စုထားတဲ့ ေခြၽးႏွဲစာေလးကို မသုံးရက္ဘဲ ကိုယ့္တိုင္းျပည္ရဲ႕ တကယ္လိုအပ္ေနတဲ့ေနရာမွာ အခုလိုလႉဒါန္းလိုက္တာဟာ ေလးစားစရာေကာင္းလြန္းပါတယ္။ ဘတ္ေငြတစ္ေသာင္းဟာ ျမန္မာေငြနဲ႔ဆိုရင္ ငါးသိန္းခန႔္ရွိၿပီး

အခုလို ၾကပ္တည္းေနခ်ိန္မွာ ေငြငါးသိန္းဟာ အတိုင္းအတာတစ္ခုအထိကို အဆင္ေျပႏိုင္ပါတယ္။ လႉဒါန္းေပးၾကတဲ့ ဇနီးေမာင္ႏွံလည္း အလုပ္အကိုင္ေတြ အဆင္ေျပၿပီး သာယာေအးခ်မ္းတဲ့ဘဝကို အျမန္ဆုံးပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးပါတယ္။

Crd-Original Post