အဆုတ်မှာအနာဖြစ်ပီးချောင်းဆိုးလျှင်သွေးပါတာတောင်ပျောက်ကင်းတဲ့မုယားကြီးပင်

အဆုတ်မှာအနာဖြစ်ပီးချောင်းဆိုးလျှင်သွေးပါတာတောင်ပျောက်ကင်းတဲ့မုယားကြီးပင်

အဆုတ်မှာအနာဖြစ်ပီးချောင်းဆိုးလျင်သွေးပါတာတောင်ပျောက်ကင်းသွားပါတယ်နော်(လက်တွေ့)

ဂုဏ်နှင့်စွမ်းရည်ပဉ္စငါးပါးကိုအသုံးပြုရ၏။ ဖန်ခါး၏။ အေး၏။ လေကိုပွားစေ၏။အသံကိုကောင်းစေ၏။ ဝိပါက၌စပ်၏။ကြေကျက်လွယ်၏။ နှလုံးကိုအကျိုးပြု၏။

သလိပ်နှင့်သည်းခြေကိုနိုင်၏။ရေငတ်ခြင်း၊ပန်းနာ၊ချောင်းဆိုး၊အဖျား၊အော့အန်ခြင်း၊တွေဝေခြင်း၊နူနာ၊ခယရုဂ်ရောဂါ၊ရတ္တပိတ်နာတို့ကိုပျောက်ကင်းစေ၏။

ရောဂါအလိုက်အသုံးပြုနည်းသည်းခြေဖျားနှင့်သွေးအန်သွေးကျရောဂါအပွင့်နှင့်တကွအရွက်၏သတ္တုရည်ကိုညှစ်ယူ

၍ကြွေဇွန်းကြီးတစ်ဇွန်းမျှကိုသကြားခဲ(သို့မဟုတ်)ပျားရည်သင့်တော်ရုံထည့်၍သောက်ပါကပျောက်ကင်း၏။

သွေးအန်သွေးကျရောဂါကြစုသီးကိုမုယားကြီးရွက်သတ္တုရည်နှင့်စိမ်၍ တခွက်စာ(၃)ဇွန်းမျှသောက်ပါ၊

(သို့မဟုတ်)ပျားရည်နှင့်မုယားကြီးရွက်သတ္တုရည်ကိုဆတူစပ်၍ ကြွေဇွန်းကြီးတဇွန်းကျသောက်ပါ။

ပန်းနာရင်ကျပ်မုယားကြီးရွက်၏သတ္တုရည်တွင်နွားနို့မှဖြစ်သောမခန်းနှင့် ဆတူရောပြီးလျှင်တြိဖလ(ဇီးဖြူ၊ဖန်ခါး၊သစ်ဆိပ်)မှုန့်သင့်ရုံရော၍သောက်ပါ။

ယားနာအမျိုးမျိုးမုယားကြီးရွက်နုနုနှင့်နနွင်းခါးကိုနွားသေးဖြင့်ကြိတ်၍ ယားနာများကိုလိမ်းကျံပေးပါ၊

(သို့မဟုတ်)မုယားကြီးရွက်ရေဖြင့်ကျို၍၎င်းပြုတ်ရည်နှင့် ယားနာများကိုဖန်ဆေးပေးပါ၊ယားနာများကိုပျောက်ကင်း၏။

သည်းခြေလွန်သောမီးယပ်နာမုယားကြီးရွက်သတ္တုရည်ပျားရည်နှင့်ဆတူစပ်၍ ကြွေဇွန်းကြီးတဝက်မျှသောက်ပါ၊တစ်နေ့နှစ်ကြိမ်သောက်နိုင်၏။

မီးယပ်ဖြူဆင်းရောဂါမုယားကြီးမြစ်ခေါက်သတ္တုရည်နှင့်ဆတူစပ်၍ ကြေးဇွန်းကြီးတစ်ဇွန်းမျှသောက်ပါ၊တစ်နေ့နှစ်ကြိမ်သောက်နိုင်၏။

ချောင်းဆိုးရောဂါနှင့်ခယရုဂ်ရောဂါမုယားကြီးရွက်ကိုပြုတ်၍အအေးခံပြီးလက်ဖြင့်နယ်၍ အရည်ညှစ်ယူပါ။

၎င်းအရည်တွင်သကြားခဲထည့်၍ပျားရည်ကဲသို့ပြစ်ချွဲအောင်မီးနွေးနွေးဖြင့်ချက်ပါ။၎င်းအရည်ကိုတစ်ခွက်စာ(၁၂-ပဲသားမျှ)တစ်နေ(၃)ကြိမ်သောက်ပါ။

သလိပ်ကပ်ခြင်းရောဂါလက်ဖက်ရည်အချိုတွင် မုယားကြီးရွက်သတ္တုရည်၊ပျားရည်၊သကြားခဲတို့ကိုဆင်ခေါင်းပဲ-၃စေ့မျှရောဖျော်၍သောက်ပါ။

ပန်းနာရင်ကျပ်နှင့်ချောင်းဆိုးရောဂါမုယားကြီးရွက်၏သတ္တုရည်တွင်သကြားခဲနှင့်သိန္ဓော သင့်ရုံထည့်၍တစ်ခွက်စာကြွေဇွန်းကြီးတစ်ဇွန်းမျှသောက်ပါ။

ကင်းဆိပ်ဖြေဆေး မုယားကြီးအနက်မြစ်ကိုရေအေးနှင့်သွေး၍ ကင်းကိုက်ရာနေရာသို့လိမ်းပေးပါ။

ပါးစပ်နာရောဂါ မုယားကြီးရွက်သတ္တုရည်တွင်သိန္ဓောအနည်းငယ်ထည့်၍ ဥပသကာမြစ်ပြုတ်ရည်နှင့်ဖျော်၍ပါးစပ်နာကိုလိမ်းပေးပါ။

ဆီးအောင့်ရောဂါ မုယားကြီးရွက်ကိုသုံးခွက်တစ်ခွက်တင်ကျို၍ တစ်ခွက်ကြွေဇွန်းကြီး(၃)ဇွန်းမျှသောက်ပါ။

သွေးအန်သွေးကျရောဂါ ခံတွင်းနှင့်နှာခေါင်းမှသွေးများယိုစီးခဲ့သော်မုယားကြီးရွက်သတ္တုရည်၁၂-ပဲသားကိုသကြား၈ပဲသားဖြင့်ရော၍သောက်ပါ။

အရွက်ကိုကြိတ်၍နှာခေါင်းသို့လည်းအုံပေးပါ။ ရှုလည်းရှုပါ။လယ်ပတူမျိုးရင်း(Acanthaceae)ရုက္ခဗေဒအမည်- Adhatoda vasica

ကိုးကား-အရှင်နာဂသိန် ပုံပြ ဆေးအဘိဓာန်