ခုနှစ်လ ရာသီ ( သို့မဟုတ် ) အောင် ကြူကြူ ဇာတ်အဖွဲ့မှ ငှက်ပျောတောမင်းသားကြီး တိမ်ကြားမင်းအောင်၏ ခုနှစ်လရာသီ ခရီးစဉ်

ခုနှစ်လ ရာသီ တိမ်ကြားမင်းအောင် ၏ အာဏာသိမ်းပွဲကြီး ၇ လတိုင်လာခဲ့ပြီ ဖြစ်သော်လည်း နိူင်ငံကို အုပ်ချုပ်နိုင်ဖို့ ဝေးစွ ထိန်းချုပ်နိုင်ဖို့ပင် မည်မျှ အလှမ်းဝေးနေကြောင်း ယမန်နေ့က ရန်ကုန်နှင့် မန္တလေးတွင် ထွက်ပေါ်လာခဲ့သော ပေါက်ကွဲမှု များ က သက်သေခံလျက်

ရှိနေပြီဖြစ်သည်။ ကချင်၊ မွန် နှင့် ရှမ်းပြည်နယ်များတွင်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာနေပြီး စစ်ကောင်စီ တပ်များဖက်မှ တပ်ရင်းမှုး နှင့် ဒုတပ်ရင်းမှုး အပါအဝင် အမြောက်အများ သေဆုံးကုန်သည့် သတင်းများလည်း

ထွက်ပေါ်လာခဲ့သည်။

ထိုသို့ အခြေအနေများကြားတွင် တိမ်ကြား မင်းအောင် တယောက်ကတော့ ငှက်ပျောသီးသည် လွန်စွာ အားရှိ၍ ဝန်ကြီးဌာန များ မှ တဆင့် ပျိုးပင်များ နိုင်ငံအနှံ့ ဖြန့်ဖြူးသွားကြရန် ပြောလာ၍ သက်သက်ခိုင်၊ ချာလီသန်းတို့ကဲ့သို့‌ သော ဝန်ကြီး ဝန်ကလေးများသည်လည်း

ငှက်ပျောပျိုးပင် များ ဖြန့်ဖြူးရေး အမြန် ဆောင်ရွက်ရန် လိုက်လံရေးမှတ်ကုန်ကြပေတော့သည်။ မြန်မာ အရေး ကို ဖြေရှင်းပေးရန် ကုလ၊ အမေရိကန် နှင့် တရုတ်တို့က တာဝန်ပုံချထားသော အာဆီယံ အဖွဲ့ကြီးသည် ရှေ့လျောက် ဘာဆက်လုပ်မည်ကို မသိ ဖြစ်နေကြဆဲပင်၊

၎င်းတို့ အဖွဲ့ကြီးသည် အထူး အရေးပေါ် အစည်းအဝေး ကျင်းပရန် အာဏာသိမ်းပြီး သုံးလ ကြာ အချိန်ယူခဲ့ယုံမျှမက အထူး သံတမန် ခန့်အပ် ရပ်ပင် နောက်ထပ်သုံးလ အချိန်ယူခဲ့ပြန်ပေသည်။

ထို့ပြင် အထူးသံတမန် ၏ အစီရင်ခံစာကို နောက်ထပ် သုံးလ ဖြစ်သော နိုဝင်ဘာလ ထဲတွင် အစီရင်ခံရန်ပင် ရက်သတ်မှတ်ပေးလာခဲ့ပြန်သည်။ အာဆီယံ ၏ ထိုသို့ အချိန်ဆွဲနေသော လုပ်ရပ်များကြောင့် မြန်မာပြည်သူများ အကြား ၎င်းတို့ အပေါ် ယုံကြည်မှုက

သုံည အောက်သို့ပင် ကျရောက်နေပြီ ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း နိုင်ငံတွင်းရှိ တိုင်းရင်းသား ပြည်သူများက စစ်တပ်၏လူမဆန်စွာ အကြမ်းဖက် ဖိနှိပ်လာခဲ့မှုများကြောင့် အာဏာမသိမ်းမီ ပုံစံ ပြန်သွားရန် လုံးဝ လက်ခံ နိုင်ကြခြင်း မရှိတော့ပဲ၊ မိမိတို့ ကြမ္မာကို မိမိတို့

လွတ်လပ်စွာ ဖန်တီးနိုင်ခွင့် ရရန်၊ မိမိတို့ အား အမှန်တကယ် အကာအကွယ်ပေးမည့် တပ်မတော် အသစ်ကြီး ပြန်လည် ဖွဲ့စည်းနိုင်ရေး အတွက် စစ်အာဏာရှင်များအား လက်နက်ကိုင် တော်လှန် မောင်းထုတ်သွားရန် ရန်ကုန်၊ မန္တလေး ဖေါက်ခွဲမှု များ ဖြင့်

ကမ္ဘာသိ ကြေညာ လိုက်ခြင်းပင် ဖြစ်ပေတော့သည်။ အရေးတော်ပုံ အောင်ရမည်!!!

crd-Hla Soewai