ရူးလောက်အောင်ချစ်ခဲ့ရသူကို မေ့ပျောက်အောင်ကြိုးစားနည်း…

ရူးလောက်အောင်ချစ်ခဲ့ရသူကို မေ့ပျောက်အောင်ကြိုးစားနည်း…

လူတိုင်းဟာ အချစ်ဦးနဲ့ လက်တွဲခွင့်မရတတ်ကြပါဘူး။ အချစ်ဦးတင်မဟုတ်ပဲ။

တစ်ခါတစ်လေ အချစ်ဆုံးဆိုသူတွေနဲ့လည်းကွဲကွာတတ်ကြပါတယ်။

ဒီလိုကွဲကွာတဲ့အခိုက်အတန့်မှာ ခံစားရတဲ့ဝေဒနာမျိုးဟာ ပြောမပြတတ်လောက်အောင်နာကျင်ရပါတယ်။

ရူးလောက်အောင္ခ်စ္ခဲ့ရသူကို မေ့ပေ်ာက်အောင်ကြိုးစားနည်း

အချို့သူတွေကတော့ နှစ်အနည်းငယ်အကြာမှာ အနည်ကျသွားပေမယ့်

အချို့သူတွေကတော့နှစ်တွေအများကြီးကြာသွားတာတောင် အနည်မထိုင်ပဲရှိနေတတ်ပါတယ်။

အသဲကွဲခြင်းက ရေရှည်ဖြစ်နေပြီး မိမိကိုယ်ကို

လွင့်ချင်ရာလွင့်ပါစေဆိုပြီး မျှောထားတဲ့လှေ တစ်စင်းလိုပြုမူနေရင်တော့ သင့်ဘဝကို အမြန်ဆုံးပြုပြင်သင့်ပါပြီ။

အောက်ပါအချက်တွေက သင့်ရဲ့အချစ်ရဆုံးကို ချက်ချင်းကြီးမေ့အောင်တော့ မကူညီနိုင်ပေမယ့်

အချိန်အမြန်ဆုံးမေ့အောင်ကြိုးစားတဲ့နေရာမှာတော့ ကူညီပေးနိုင်ပါလိမ့်မယ်။

(၁) ပထမဆုံးသင်သတိရဖို့က အချိန်တွေအများကြီးရှိသေး တယ်ဆိုတာပါပဲ။

သင့်ရဲ့အချစ်ဆုံးကို ဘယ်လောက်ကြာရင် မေ့နိုင်အောင်ကြိုး စားမယ်ဆိုပြီး ပုံသေကြီးချမထားပါနဲ့။

ဒီအချက်ကသူ့ ကိုပိုပြီးသတိရစေပါတယ်။ အချိန်ကတဖြည်းဖြည်း ကုစားသွားမယ်ဆိုပေမယ့် အဲ့ဒိအချိန်

ရူးလောက်အောင္ခ်စ္ခဲ့ရသူကို မေ့ပေ်ာက်အောင်ကြိုးစားနည်း

ဆိုတာကြီးကို ခဏခဏခေါင်း ထဲမရောက်ပါစေနဲ့။

သင်ကအချိန်ကာလာအကန့်အသတ်ပေးထားရင် အချိန်ပြည့်လို့ မမေ့နိုင်သေးရင်

ပိုပြီးတော့တောင်သူက စိတ်ထဲရောက်လာနိုင်ပါတယ်။

အခုကစပြီး အချိန်ကာလအကြောင်းက ခဏမေ့ထားပါ။

(၂) အပြည့်အဝနာကျင်လိုက်ပါ။

အသဲကွဲရင် ရင်ကွဲမတတ်ခံစားရတာ သင်တစ်ယောက်ထဲမဟုတ်ပါဘူး။

ရင်ဘတ်ထဲ ဘာလိုလို့လိုနေမှန်းမသိခြင်း၊အထီးကျန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊

မျှော်လင့်ချက်မဲ့သွားခြင်း စတာတွေဟာ အသဲကွဲတဲ့သူတိုင်းခံစားရပါတယ်။

ရူးလောက်အောင္ခ်စ္ခဲ့ရသူကို မေ့ပေ်ာက်အောင်ကြိုးစားနည်း

ဒီအတွက် သင်အကြာကြီးတော့ အချိန်မယူမိပါစေနဲ့။

ဒါပေမယ့် နာကျင်တဲ့အချိန်မှာတော့အပြည့်အဝနာကျင်လိုက်ပါ။

ဖွင့်ပြောမယ့် သူငယ်ချင်းရှိရင် ဖွင့်ပြောလိုက်ပါ။ မရှိရင် စာအုပ်ထဲမှာ ချရေးပါ။

(၃) နောက်တစ်ဆင့်အနေနဲ့ သင့်ရဲ့အဆက်ဟောင်းကို မမြင်အောင်နေပါ။

သင့်အဆက်ဟောင်းရဲ့ Facebook ကို ဘလော့ပါ။

နောက်ဆုံးစိတ်မထိန်းနိုင်ရင် ကိုယ့်အကောင့်ပါ Delete လုပ်ပြီး Facebook မသုံးပဲနေပါ။

ဖုန်းနံပါတ်၊ viberစတာတွေက အချစ်ဟောင်းရဲ့အကြွင်းအကျန်တွေကို ဖြတ်ပစ်ပါ။

သူပေးထားတဲ့ လက်ဆောင်တွေအားလုံးလွှင့်ပစ်ပါ။ ဘာဆိုဘာမှကို မကျန်ပါစေနဲ့။

ရူးလောက်အောင္ခ်စ္ခဲ့ရသူကို မေ့ပေ်ာက်အောင်ကြိုးစားနည်း

(၄) မိမိကိုယ်ကိုချစ်ဖို့ကြိုးစားပါ။

တစ်ခါတစ်လေ လမ်းခွဲကြပြီးရင် အချို့ကကိုယ့်ကိုယ်ကိုအပြစ်တင်တတ်ကြပါတယ်။

ငါများသူ့အတွက် မလုံလောက်ခဲ့လို့လား။ ငါကပဲ လိုအပ်ခဲ့လို့လားဆိုပြီး

မိမိကိုယ်ကိုယ်အပြစ်တင်တတ်ကြပါတယ်။

သင်ဟာဘယ်သူ့ရဲ့ ကျေးကျွန်မှ မဟုတ်ဘူးဆိုတာ ပြန်သတိရပါ။

သင့်ကိုယ်သင်ချစ်တတ်အောင် ပြန်ကြိုးစားပါ။ ကျန်းမာရေးကောင်းအောင်နေပါ။ပိုပြီးအောင်မြင်အောင်ကြိုးစားပါ။

ရူးလောက်အောင္ခ်စ္ခဲ့ရသူကို မေ့ပေ်ာက်အောင်ကြိုးစားနည်း

(၅) ခံစားချက်တွေကိုချရေးပါ။

သင်ဘယ်လောက်ပဲ မေ့ဖို့ကြိုးစားကြိုးစား အစတော့ သူ့ကိုခဏခဏသတိရမိမှာပါပဲ။

ဒါပေမယ့် သူနဲ့ပက်သက်တဲ့ခံစားချက်တွေရင်ထဲမှာဖြစ်လာတိုင်း စာအုပ်ထဲမှာချရေးပါ။

သူ့ကိုဖုန်းခေါ်တာ Messageပို့တာ၊ သူ့Facebookကိုဝင်ကြည့်တာ၊စတာတွေ လုံးဝမလုပ်မိပါစေနဲ့။

စာအုပ်ထဲမှာခံစားချက်တွေ ချရေးခြင်းက သင့်ရဲ့စိတ်ကိုထွက်ပေါက်ပေးရာလည်းရောက်ပါတယ်။

ရူးလောက်အောင္ခ်စ္ခဲ့ရသူကို မေ့ပေ်ာက်အောင်ကြိုးစားနည်း

(၆) သင့်ခံစားချက်တွေကို အပေါင်းလက္ခဏာဆောင်တဲ့အရာတွေအဖြစ်ပြောင်းလဲပါ။

အစပိုင်းမှာ အိမ်တွင်းပုန်းပြီး ချောကလက်စားလိုက်၊ တီဗွီကြည့်လိုက်လုပ်လို့ရပေမယ့်

အမြဲတမ်းတော့ အိမ်တွင်းပုန်းနေတာမျိုး မလုပ်သင့်ပါဘူး။

သင့်ဘဝကို ပြန်လည်မောင်းနှင်ရမှာပါ။ အနည်းဆုံးဘာမှ

ရူးလောက်အောင္ခ်စ္ခဲ့ရသူကို မေ့ပေ်ာက်အောင်ကြိုးစားနည်း

မလုပ်နိုင်သေးရင်တောင် အိမ်သန့်ှရှင်းရေးလုပ် တာကစပါ။

မိမိကိုယ်ကို အားလပ်ချိန်အရမ်းမပေးပါနဲ့။

အခြားဆီအာရုံရောက်မယ့် အရာတွေကိုပြောင်းလဲ လုပ်ဆောင်ပါ။

အသဲကွဲခြင်းကို စွမ်းအင်တစ်ခု အဖြစ်ပြောင်းလဲလိုက်ပါ။

(၇) ဒေါသနဲ့အပြစ်တင်ခြင်းတွေကို အပြိးတိုင်စွန့်လွှတ်ပါ။

သင့်ကိုယ်သင်လဲ အပြစ်မတင်နဲ့ သူ့ကိုလည်း ဒေါသမထွက်ပါနဲ့တော့။

ဘာမှပြန်လုပ်လို့မရတဲ့အရာတစ်ခုအတွက်သင့်စိတ်ထဲမှာ နေရာအကျယ်ကြီး မပေးထားပါနဲ့တော့။

(၈) သင်တစ်နေ့ သင့်ကိုချစ်တဲ့သူနဲ့တွေ့လိမ့်မယ်။ (သို့မဟုတ်) သင့်ကိုယ်သင်ချစ်တတ်သွားလိမ့်မယ်။

တစ်နေ့နေ့မှာ သင့်ကိုတကယ်ချစ်တဲ့သူနဲ့ တကယ်ကိုတွေ့နိုင်ပါတယ်။

ဘဝဟာ အမြဲတမ်းဆိုးရွားမှုတွေနဲ့ပြည့်နှက်မနေပါဘူး။

သင့်ဘက်ကလည်း အကောင်းမြင်ဖု့ိလိုပါတယ်။ Negative Mindနဲ့ Positive Life

ရူးလောက်အောင္ခ်စ္ခဲ့ရသူကို မေ့ပေ်ာက်အောင်ကြိုးစားနည်း

တစ်ခုကိုဘယ် လိုမှမရနိုင်လို့ပါ။ အကယ်၍ သင့်ကိုချစ်တဲ့ သူနဲ့မတွေ့လည်း သင်စိုးရိမ်စရာမလိုပါဘူး။

သင့်ကိုယ်သင်ချစ် တတ်သွားရင်အရာရာပိုပြီး စိတ်ချမ်းသာလာပါလိမ့်မယ်။

ပရိတ်သတ်ကြီး အသဲကွဲခြင်း ကင်းဝေးကြပါစေ။

Credit-Aunty May