အနံ့ပျောက်တာ ဖျားတာတို့အတွက် ဆရာဝန်ကြီးကိုယ်တိုင်ပေးထားတဲ့ နည်းလမ်းလေးပါ

အနံ့ပျောက်တာ ဖျားတာတို့အတွက် ဆရာဝန်ကြီးကိုယ်တိုင်ပေးထားတဲ့ နည်းလမ်းလေးပါ

အနံ့ပျောက်တာ ဖျားတာ ကိုယ်လက်ကိုက်ခဲခြင်းတို့အတွက်ဆရာဝန်ကြီးကိုယ်တိုင်ပေးထားတဲ့ နည်းလမ်းလေးပါ သူ့ဆေးခန်းမှာလဲ လာသမျှ လူနာတိုင်းကို ပေါင်းအိုး အကြီးကြီးထဲ ထည့်ပြီး အယောက်ခြင်းစီတိုင်းကို ရှူနိုင်အောင် မြန်မာဆေးနည်းနဲ့လဲ စီစဉ်ပေးထားပါတယ်။

အိမ်မှာတော့ ဒီလိုအိုးနဲ့ တည်ထားပြီး သတိရတိုင်း ထရှူလိုက်တာပဲ အပန်းလဲမကြီးသလို့ ရှူချင်တဲ့သူတွေတွက် နည်းလမ်းလေး မျှဝေပေးတာပါ ဘေးဥပါဒ်လဲ လုံးဝ မရှိပါဘူး။

အနံ့ပျောက်တာ ဖျားတာ ကိုယ်လက်ကိုက်ခဲတာ တကယ်သက်သာပါတယ်

ပါဝင်တဲ့ပစ္စည်းတွေက

ကွမ်းရွက် ၅ ရွက်

ဂျင်း လက်တဆစ်

ဆနွင်းအတက် လက်တဆစ်

လေးညှင်း ၅ ပွင့်

ငရုတ်ကောင်းလှော်ပြီးသား ၅ ပွင့်

ကြက်ခိုးမှူန့် အနည်းငယ် (ကြက်ခိုးက ရှာရနည်းနည်းခက်ရင်မထည့်လဲ ရပါတယ် ပါရင်တော့ ပိုကောင်းပါတယ်)

ပစ္စည်းအားလုံး ထည့်ပြီး အိုးထဲမှာ ရေအနည်းငယ်ထည့် ရေနွေးပွက်ပွက်ဆူလာတဲ့ အငွေ့ကို ရှူပေးပါ။

အိမ်မှာတော့ အိုးနဲ့ တည်ထားပြီး တနေ့ အနည်းဆုံး ၃ ကြိမ် ရှူပေးပါတယ်။ အသက်ရှူလို့လဲ ကောင်းပြီး အနံ့ပျောက်တာ နှာခေါင်းပိတ်တာ ဖျားတာ ကိုယ်လက်ကိုက်ခဲတာတွေ တကယ် သက်သာပါတယ်

ကိုယ်တိုင်လုပ်နေတာမို့ အဆင်ပြေလို့ တင်ပေးလိုက်တာပါ..။ ။

ခရက်ဒစ်… Yi Mon Kyaw ( HTD)