နောက်ဆုံးပို့ဆောင်ဖို့ လာကြိုသည့်သူနှင့်အတူ မိန်းကလေးတစ်ယောက်သေဆုံးသွားသည်

နောက်ဆုံးပို့ဆောင်ဖို့ လာကြိုသည့်သူနှင့်အတူ..မိန်းကလေးတစ်ယောက်သေဆုံးသွားသည်

သူ… ဒါကို သတိထားမိတဲ့အချိန် သေမင်းဟုယူဆရသည့် ဝတ်ရုံနက်ခြုံထားသောလူကြီးက သူ့ဘေးရောက်နှင့်နေပြီ၊

လက်ထဲမှာလည်း တစ်ဖက်က သူကိုင်နေကျ တူရွှင်းအရှည်ကြီးနှင့်

နောက်တစ်ဖက်မှာ လက်ဆွဲသေတ္တာလေးတစ်ခုနှင့်

သေမင်းက …ထိုမိန်းကလေးကိုပြောသည်၊”လာ … ကလေးမလေး သွားဖို့အချိ်န်တန်ပြီ

မိန်းကလေး

“ဟင် … မြန်လိုက်တာ … သမီးမှာ လုပ်စရာ အစီအစဉ်တွေအများကြီးကျန်သေးတယ်၊

သေမင်း

“တကယ်စိတ်မကောင်းပါဘူး။ အချိန်မရှိတော့လို့ပါ …

မိန်းကလေး

“ဦးလက်ထဲက သေတ္တာထဲမှာ …ဘာတွေထည့်ထားတာလဲ?”

သေမင်း

“မင်းနဲ့ ဆိုင်တဲ့ ဥစ္စာတွေ”

မိန်းကလေး

“သမီးနဲ့ ဆိုင်တဲ့ ဥစ္စာတွေ ဟုတ်လား ? ဦးဆိုလိုတာ သမီးရဲ့အဝတ်အစားတွေ၊ ရွှေတွေ ငွေတွေကိုလား …”

သေမင်း

“အဲဒီဥစ္စာတွေက မင်းနဲ့ အစကတည်းက မဆိုင်ခဲ့ဘူး … အဲဒါတွေက ကမ္ဘာကြီးနဲ့ပဲဆိုင်တာ

မိန်းကလေး – “ဒါဆို သမီးရဲ့ မှတ်ဉာဏ်တွေလား

သေမင်း – “မှတ်ဉာဏ်က …အချိန်နဲ့ပဲဆိုင်တာ”

မိန်းကလေး – “ဒါဆို သမီးရဲ့ ပညာလား”

သေမင်း – “ပညာက…ပတ်ဝန်းကျင်နဲ့ပဲ ဆိုင်ခဲ့တာ”

မိန်းကလေး – “ဒါဆို သမီးရဲ့ မိတ်ဆွေတွေလား”

သေမင်း – “မဟုတ်ဘူး… မိတ်ဆွေတွေက မင်းဖြတ်သန်းလာခဲ့တဲ့ဘဝရဲ့ဧည့်သည်တွေ

မိန်းကလေး – “ဒါဆို သမီးရဲ့ ချစ်သူ လား”

သေမင်း – “မဟုတ်ဘူး … သူက မင်းရဲ့ အတွေးနဲ့ပဲဆိုင်ခဲ့တာ

မိန်းကလေး – “ဒါဆို ကျိန်းသေပြီ၊ အထဲထဲမှာ သမီးရဲ့ ခန္ဓာကိုယ်ပဲဖြစ်ရမယ်

သေမင်း -“ဟင့်အင်း … ခန္ဓာကိုယ်က မြေမှုန်နဲ့ပဲဆိုင်တာ

မိန်းကလေး – “ဒါဆို နောက်ဆုံးဖြစ်တဲ့ သမီးရဲ့ဝိညဉ်လား

သေမင်း – “သနားစရာကောင်းတဲ့ မိန်းကလေးရယ် … မင်းရဲ့ ဝိညဉ်က ငါနဲ့ပဲဆိုင်တာ”

မိန်းကလေး မျက်နှာမှာ အကြောက်တရားတွေနဲ့ ပြည့်လာနေခဲ့ပြီးဇောချွေးပြန်လာသည်၊

သူ မစောင့ျနိုငျတော့ဘဲ သမေငျးလကျထဲက သတေ်တာလေးကျိုဆှဲယူဖှင့ျလိုကျသညျ

အထဲမှာ ဘာမှ မပါ၊ ဗလာနတ္တိဖြစ်နေသည်။သူ အသည်းကွဲသွားသည်။မျက်ရည်အပြည့်နဲ့ သေမင်းကို မေးလိုက်သည်။

မိန်းကလေး – “သမီး ဘယ်တုန်းကမှ …ဘာမှ မပိုင်ဆိုင်ခဲ့ဘူးပေါ့လေဟုတ်သလား …”

သေမင်း – “ဟုတ်တယ် … မင်း ဘယ်တုန်းကမှ ဘယ်အရာမှ မပိုင်ဆိုင်ခဲ့ဘူး”

မိန်းကလေး – “ဒါဆို ဘယ်အရာက …သမီးနဲ့ ဆိုင်ခဲ့သလဲ …”

သေမင်း – “မင်းရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊မင်း အသက်ရှိစဉ်အခါက မင်းရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို မင်းပိုင်ဆိုင်ခဲ့တယ်၊

လူဘဝဆိုတာ မျက်တောင် တစ်ချက်ခတ်တိုင်းမှာ ဖြစ်ပျက်သွားကြတာပဲလေ”တဲ့ …။

မှတ်ချက် ။ ။သေမင်းသည် သင်တို့ထင်ခဲ့သလို ကြောက်မက်ဖွယ်ရာကောင်းသောသူမဟုတ်ပါ၊သင့်ရဲ့ နောက်ဆုံးခရီးကိုလိုက်လံပို့ဆောင်ဖို့ လာကြိုသည့် သူသာပင်။

သင့်ရဲ့ …စက္ကန့်တိုင်း၊ မိနစ်တိုင်းကို ကောင်းကောင်း တန်ဖိုးထားပါ။အသက်ကို တန်ဖိုးထားပါ။အသက်မှာ ပျော်ရွှင်ပါ။အသက်ကို ရှင်သန်ပါ။

သေမင်းသေတ္တာထဲမှာထည့်သွားနိုင်တဲ့ …ဒါန၊သီလ၊ဘာဝနာ များကို ပြုပါ။

Credit လေးစားစွာဖြင့်…ဇော်လှိုင်းထက်{တကောင်းသား}