ကွယ်လွန်သွားတဲ့ မိခင်ရဲ့ လက်ရာနဲ့ခြေရာလေးကို ကိုင်ကာရင်နင့်အောင်ခံစား ငိုကြွေးနေတဲ့ မေပန်းချီရဲ့ဗီဒီယို

လက်ရှိမှာဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါ ကပ်ဆိုးကြီးနဲ့ပတ်သတ်ပြီး ကူးစက်မှုတွေက များပြားလျက် ရှိနေပါတယ်၊ ရောဂါပြင်းထန်မှုတွေကြောင့်နဲ့ အောက်ဆီဂျင် မလုံလောက်မှုတွေကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးနေရပါတယ်၊ပရဟိတ အသင်းများကလဲတတ်နိုင်တဲ့ဘက်ကနေအကောင်းဆုံးကူညီပေးနေကြပါတယ်နော်။

ရောဂါကူးစက်ခံရတဲ့သူတွေထဲမှာ ဆိုရင်သရုပ်ဆောင် မေပန်းချီတို့သားအမိလဲ ပါပါတယ်၊ သရုပ်ဆောင်မေပန်းချီရဲ့ မိခင်ကြီးကသြဂုတ်လ၅ရက်နေ့မှာ ကိုဗစ်ရောဂါကြောင့်ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လဲ သရုပ်ဆောင်မေပန်းချီကမိခင်ရဲ့ခြေရာလေးကို ကိုင်ရင်းဝမ်းနည်းစွာငိုကြွေးနေတဲ့ အကြောင်းကိုအခုလိုပြောကြားလာပါတယ်နော်။

သရုပ်ဆောင်မေပန်းချီက အမေအေးချမ်းနေပါစေ၊မဆုံးခင်ကထဲက အမေ့ခြေရာလေးယူချင် စိတ်တွေပေါက်လာလို့ မလုပ်တတ် လုပ်တတ်နဲ့ယူခဲ့တယ်။ လက်ရာလေးက ညာဘက်လက်ကပတ်တီးတွေနဲ့မို့သိပ်မပီပြင်ခဲ့လွမ်းလိုက်တာအမေရယ်၊ အမေ့ရင်ငွေ့လေးဆိုပြီးတော့ ဝမ်းနည်းစွာရေးသားလာပါတယ်။

ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ပါတယ်နော်။

ရုပ်သံဖိုင်ကြည့်ရန် နှိပ်ပါ

Crd-Original Post

(ZAWGYI)






Crd-Original Post