“မုံရွာမြို့မှ ပန်းချီဆရာညွန့်အောင်ရဲ့ တဲအိမ်လေးကို ပြည်သူတွေက ပြန်လည်ဆောက်လုပ်ပေးနေ”

မုံရွာမြို့ မုံရွာတက္ကသိုလ်အနီး ဓမ္မရံသီ ဘုန်းကြီးကျောင်း မျက်နှာချင်းဆိုင်လမ်းထဲမှာ နေတဲ့ ပန်းချီဆရာညွန့်အောင်ရဲ့ တဲအိမ်လေးဖြစ်ပါတယ်။
သူက မိုးမလုံတဲ့ အိမ်လေးမှာနေပြီး တခါတလေပန်းချီကားတွေကိုအိမ်အမိုးမိုးထားပါတယ်။

ပန်းချီဆွဲဖို့ဆေးဝယ်လိုက်တာကြောင့် ထမင်းနှရက်သုံးရက်မစားရတဲ့နေ့တွေရှိသလိုစားဖို့ရာ ဆန်လည်းမရှိပါဘူး။မျက်လုံးတစ်ဖက် တိမ်ဖုံးနေတာကို ကျန်တဲ့တစ်ဖက်နဲ့အမြဲမပြတ်ပန်းချီရေးဆွဲ နေခဲ့တာပဲဖြစ်ပါတယ်။

ဝမ်းသားစရာသတင်းကတော့ဒီတစ်ခေါက်မိုးရာသီမှာဆရာ ပန်းချီညွန့်အောင်ရဲ့အနုပညာတွေပြည့်နှက်နေတဲ့ တဲလေး ပန်းချီကားတွေမိုးစရာမလိုတော့ပါဘူး။

Monyway Art Gallery’s နဲ့အလှူရှင်များက အိမ်လေးကို ပြန်လည်ဆောက်လုပ်ပေးနေကြပြီပဲဖြစ်ပါတယ်။

Crd-Original Post

(ZAWGYI)







Crd-Original Post