တောထဲတောင်ထဲ နေထိုင်နေရစဥ် ကြုံတွေ့ရတဲ့အကြောင်းအရာတွေကို ပြောပြလာတဲ့ မင်းမော်ကွန်း

တောထဲတောင်ထဲ နေထိုင်နေရစဥ် ကြုံတွေ့ရတဲ့အကြောင်းအရာတွေကို ပြောပြလာတဲ့ မင်းမော်ကွန်း

ဘာလိုသေးလဲ…………

“မျှစ်လား” အပေါဆုံးပဲမိုးတွင်းဆိုတော့မျှစ်စို့ကြီးတွေကလတ်ဆတ်လို့နုဖတ်လို့။

မန်ကျည်းသီးခူးပြီးအစိမ်းထောင်းစားစားမန်ကျည်းသီးချက်စားစားမျှစ်ပြုတ်နဲ့က လျှာလည်။

ချဉ်ပေါင်ခင်းကလည်းအဆင်သင့်ဆိုတော့ဟင်းရည်သောက်သောက်မျှစ်နဲ့ချဉ်ပေါင်ကြော်ကြော်သိပ်မြိန်တဲ့ဟင်းတွေ။

မှိုတွေကလည်းအခင်းလိုက်ဟင်းချက်စားမလားဟင်းချိုသောက်မလားကန်စွန်းပါချိုးကြော်လိုက်တော့စားသောက်ဆိုင် ထိုင်ရသလို။

ဂွေးတောက်လားကြောင်လျာလားခရမ်းကဆော့သီးလားသရက်ရွက်လားအပြည့်အစုံကြိုက်တာတို့ငါးပိထောင်းလည်း ကောင်းမှကောင်း။

ငှက်ပျောတွေကအသီးပုပုလေးတွေနဲ့သီးမှသီး ချိုမှချိုငှက်ပျောအူတော့ မကိုက်ဘူးဝမ်းသာစရာသတင်းကြားရင်မွင်းငါးချက်စားပစ်လိုက်တယ်။

ငါးကလည်းရှာလို့လွယ်သေးငါးခူ ငါးကြင်းကအစနာမည်မသိလည်းစားကောင်းတဲ့ငါအကောင်ကြီးကြီးအလေးပြည့်ပြည့်တွေကင်စားစား ပြုတ်စားစားဟင်းချက်မလအခြောက်လှမ်းမလားကြိုက်သလိုစား။

ရွာထဲဝက်ပေါ် အမဲပေါ်ရင်တော့ကိုယ့်အကြိုက် ဆုံးဝက်လက် ဝက်ရိုးပြုတ်အမဲနှပ်တွေ တခါတလေကြိတ်ရသေးဒါမှမဟုတ်လို့ ရန်ကုန်လွမ်းလာရင်အသားကြိတ် အရိုးပြုတ်အသင့်စားကြာဆံတစ်ထုတ်ဖေါက်ထည့်ပြီးကြေးအိုး ဆွဲလို့ရတယ်ဗျာ။

လက်ဆောင်လာပေးတဲ့ကြက်တွေမသတ်ရက်လို့မွေးထားတာကြက်ဥကလည်းရအကောင်ကလည်းပွား။

ဆေးဝါးရှားတယ်ဆိုပေမယ့်ချွေးထွက်များတော့ကျန်းမာရေးကဒီရောက်မှရန်ကုန်ထက်ကို ပိုမာနေသေး။

အဝတ်အစားကောင်းကောင်းမရှိပေမယ့်နှလုံးသားကောင်းကောင်းတွေဝတ်ဆင်ထားတဲ့သူတွေကိုသာတွေ့ရတဲ့နေရာ။

မိတ်ဆွေဟောင်းတွေကိုအမြဲသတိရပေမယ့်ခုမှတွေ့ရတဲ့ ရဲဘော်ရဲဘက်တွေကလည်းအသက်နဲ့ရင်းပြီးချစ်ကြခင်ကြတယ်။

မိန်းမနဲ့သားသမီးတွေဟာအမြဲဆင်းရဲတူတူချမ်းသာတူတူစိတ်တူကိုယ်တူအနစ်နာခံနိုင်ကြောင်းသိခွင့်ရခဲ့တယ်။

ဘဝမှာအသက်ရှင်နေထိုင်ရေးမှာဘယ်အရာတွေကအဓိကကျပြီးဘယ်အရာတွေကအပေါ်ယံဆိုတာသတိထားမိလာတယ်။

အမှန်တရားဘက်ကရပ်တည်ရင်ဘယ်နေရာရောက်ရောက်ဘယ်သူနဲ့တွေ့တွေ့ဘယ်တော့မဆိုလိပ်ပြာသန့်ပြီးမျက်နာမငယ်ရဘူးဆိုတာလက်တွေ့ကြုံရတယ်။

အခုထဲကအမှန်တရားအရတရားမျှတခြင်းအရစိတ်ဓါတ်ခွန်အားအရအရှက်တရားအရပြည်သူပါဝင်မှုအရအားလုံးပြည့်စုံစွာမတိုက်ခင်ထဲကကြိုအောင်မြင်နေတဲ့ကျွန်တော်တို့တော်လှန်ရေးဟာလည်းမကြာခင်အပြီးတိုင်အောင်မြင်တော့မယ်။

ကဲ…….ကျွန်တော့်တို့အတွက် ဘာလိုသေးလဲ။

မင်းမော်ကွန်း

#ddaychannel