” လျှောက်နေတဲ့လမ်းကနေ ဘယ်တော့မှနောက်ပြန်လှည့်လာမှာ မဟုတ်ဘူး” ဆိုတဲ့ ဒါရိုက်တာကိုပေါက်

” လျှောက်နေတဲ့လမ်းကနေဘယ်တော့မှနောက်ပြန်လှည့်လာမှာ မဟုတ်ဘူး” ဆိုတဲ့ဒါရိုက်တာကိုပေါက်

“‘မြန်မာနိုင်ငံကို အသက်မရှိတဲ့ ရွှေ့ပြောင်းလို့မရတဲ့ မြေကြီးတစ်ခုလိုမမြင်ဘဲ သက်ရှိလူသားတစ်ယောက်လို အစားထိုးခံစားကြည့်စမ်းပါ။တော်တော်သနားဖို့ကောင်းတယ်။ရင်နာစရာအဖြစ်အပျက်တွေ အများကြီး ကြုံခဲ့ရတယ်။

နှစ်ပေါင်း၇၀ကျော် အနိုင်ကျင့် နှိပ်စက်တာကိုခံခဲ့ရတယ်။အခုလဲခံနေရတုန်းပဲ။သူ့ရဲ့ နာကျင်ခံစားခဲ့ရတဲ့ဝေဒနာတွေကို ကျနော်တို့ရဲ့အသက်သွေးချွေး ဘဝတို့နဲ့ ရင်းပြီး ကုစားပေးကြရမယ်။ဒါဟာ သမိုင်းပေးတာဝန်တစ်ခုဖြစ်တယ်။

ဒီတာဝန်ကိုဘယ်သူကမှပေးတာမဟုတ်ဘူး။ကျနော်တို့တွေ ကိုယ့်အသိစိတ်နဲ့ကိုယ် လိပ်ပြာလုံလုံနဲ့ပေးဆပ်ရင်း ကိုယ့်သမိုင်းကိုယ်ရေးကြရမယ်။အခုကျနော်လျှောက်နေတဲ့လမ်းကနေဘယ်တော့မှနောက်ပြန်လှည့်လာမှာလဲ မဟုတ်ဘူး။

အရင်က သက်တောင့်သက်သာ ဘဝတွေထက်ခက်ခဲမယ်ဆိုတာသိတယ်။သိသိနဲ့ရွေးခဲ့တဲ့ခရီးအတွက် ဘယ်လိုအကြော င်းအရာမျိုးကိုမှ မငြီးညူခဲ့ဘူး။ဒုက္ခထဲမှာ ကျနော်ပျော်ပါတယ်။အရေးတကြီးပြောချင်တာက ကျနော်တို့ထက်ဆိုးတဲ့ကလေးတွေကအများကြီးပါ။

ကျနော်တို့ဒုက္ခက သူတို့တွေရင်ဆိုင်နေရတာထက်အများကြီးသေးပါတယ်။မြန်မာပြည်အနှံ့ကလူငယ်တွေ တော်လှန်ရေးရဲဘော်တွေကိုစာနာပေးပါ၊ကူညီပေးပါ၊ထောက်ပံ့ပေးကြပါ။နောက်ဆုံး မေတ္တာပေးပါ။

ကိုပေါက်
၂၉.၈.၂၀၂၁ (မြန်မာပြည်အစွန်အဖျားတစ်နေရာ)

#DirectorKoPauk

#MyanmarCeleChannel

(ZAWGYI)

” ေလွ်ာက္ေနတဲ့လမ္းကေနဘယ္ေတာ့မွေနာက္ျပန္လွည့္လာမွာ မဟုတ္ဘူး” ဆိုတဲ့ဒါ႐ိုက္တာကိုေပါက္

“‘ျမန္မာႏိုင္ငံကို အသက္မရွိတဲ့ ေ႐ႊ႕ေျပာင္းလို႔မရတဲ့ ေျမႀကီးတစ္ခုလိုမျမင္ဘဲ သက္ရွိလူသားတစ္ေယာက္လို အစားထိုးခံစားၾကည့္စမ္းပါ။ေတာ္ေတာ္သနားဖို႔ေကာင္းတယ္။ရင္နာစရာအျဖစ္အပ်က္ေတြ အမ်ားႀကီး ႀကဳံခဲ့ရတယ္။

ႏွစ္ေပါင္း၇၀ေက်ာ္ အႏိုင္က်င့္ ႏွိပ္စက္တာကိုခံခဲ့ရတယ္။အခုလဲခံေနရတုန္းပဲ။သူ႔ရဲ႕ နာက်င္ခံစားခဲ့ရတဲ့ေဝဒနာေတြကို က်ေနာ္တို႔ရဲ႕အသက္ေသြးေခြၽး ဘဝတို႔နဲ႔ ရင္းၿပီး ကုစားေပးၾကရမယ္။ဒါဟာ သမိုင္းေပးတာဝန္တစ္ခုျဖစ္တယ္။

ဒီတာဝန္ကိုဘယ္သူကမွေပးတာမဟုတ္ဘူး။က်ေနာ္တို႔ေတြ ကိုယ့္အသိစိတ္နဲ႔ကိုယ္ လိပ္ျပာလုံလုံနဲ႔ေပးဆပ္ရင္း ကိုယ့္သမိုင္းကိုယ္ေရးၾကရမယ္။အခုက်ေနာ္ေလွ်ာက္ေနတဲ့လမ္းကေနဘယ္ေတာ့မွေနာက္ျပန္လွည့္လာမွာလဲ မဟုတ္ဘူး။

အရင္က သက္ေတာင့္သက္သာ ဘဝေတြထက္ခက္ခဲမယ္ဆိုတာသိတယ္။သိသိနဲ႔ေ႐ြးခဲ့တဲ့ခရီးအတြက္ ဘယ္လိုအေၾကာ င္းအရာမ်ိဳးကိုမွ မၿငီးညဴခဲ့ဘူး။ဒုကၡထဲမွာ က်ေနာ္ေပ်ာ္ပါတယ္။အေရးတႀကီးေျပာခ်င္တာက က်ေနာ္တို႔ထက္ဆိုးတဲ့ကေလးေတြကအမ်ားႀကီးပါ။

က်ေနာ္တို႔ဒုကၡက သူတို႔ေတြရင္ဆိုင္ေနရတာထက္အမ်ားႀကီးေသးပါတယ္။ျမန္မာျပည္အႏွံ႔ကလူငယ္ေတြ ေတာ္လွန္ေရးရဲေဘာ္ေတြကိုစာနာေပးပါ၊ကူညီေပးပါ၊ေထာက္ပံ့ေပးၾကပါ။ေနာက္ဆုံး ေမတၱာေပးပါ။

ကိုေပါက္
၂၉.၈.၂၀၂၁ (ျမန္မာျပည္အစြန္အဖ်ားတစ္ေနရာ)

#DirectorKoPauk

#MyanmarCeleChannel