ရန်ကုန်မြို့၊ မရမ်းကုန်း၊ သမိုင်းက ကမ္ဘာ့ရတနာဘဏ် ဒီနေ့ မနက်ပိုင်း ဓားပြတိုက်ခံရစဉ်က ဗီဒီယို မှတ်တမ်း

By မရတ်ကျော်သူ၊ ရန်ကုန်မြို့၊ မရမ်းကုန်း၊ သမိုင်းက ကမ္ဘာ့ရတနာဘဏ် ဒီနေ့ မနက်ပိုင်း ဓားပြတိုက်ခံရစဉ်က ဗီဒီယို မှတ်တမ်းလို့ သတင်းပေးပို့လာသူက ဆိုပါတယ်

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာ့ရတနာ သမိုင်းဘဏ်ခွဲ ကို သြဂုတ် ၃၀ ရက် နံနက်ပိုင်းက ဓားပြတိုက်မှုဖြစ်ပွားခဲ့ပါတယ်

ဘဏ်အတွင်းသို့ လက်နက်ကိုင်ဆောင်ထားသူ လေးဦး နံနက် ၁၁ နာရီကျော်ကဝင်လာပြီး ဘဏ်ဝန်ထမ်းများကို ခြိမ်းခြောက်ကာ ပိုက်ဆံများကို ယူဆောင်သွားခဲ့သည်ဟု ဆိုသည်

သိန်းတစ်ထောင်လောက်ပါသွားတယ်လို့ သိရတယ်။ လာတိုက်တာက လူလေးယောက်တဲ့ ဟု ဘုရင့်နောင်ပွဲရုံအနီး နေထိုင်သူတစ်ဦးက ဆိုသည်

လက်ရှိတွင် အခင်းဖြစ်နေရာအနီးတွင် စစ်ဆေးမှုများ တင်းကြပ်လျက်ရှိသည်

Crd-Original Post