အင်္ကျီအသစ်လေးတွေနဲ့ လှနေတဲ့ သားသားမီးမီးလေးတွေကို ကြည်ပြီး ကျေနပ်ပီတိဖြစ်နေတဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချော ခိုင်နှင်းဝေကတော့ ဒီနေ့မှာ သူ့ရဲ့ဂေဟာက ကလေးတွေနဲ့အတူ ရိုက်ကူးထားတဲ့ ပုံလေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်

ခိုင်နှင်းဝေကတော့ မကြာခဏဆိုသလို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ကလေးတွေနဲ့ ပုံလေးတွေကို တင်လေါရှိပါတယ်

ဒီနေ့မှာလည်း ခိုင်နှင်းဝေက သူ့ရဲ့သားသားမီးမီးလေးတွေကို အင်္ကျီအသစ်တွေဝတ်ပေးပြီး အင်္ကျီအသစ်တွေနဲ့ လှနေတဲ့ သူ့ရဲ့သားသားမီးမီးလေးတွေကို ကြည့်ကာ ပီတိဖြစ်နေခဲ့တာကြောင့် အခုလိုပဲမျှဝေဖော်ပြလာခဲ့တာဖြစ်ပါတယ်

ကလေးတွေကို ချစ်ကြတဲ့ အလှူရှင်တွေနဲ့ ပရိသတ်တွေကလည်းများစွာရှိနေတာကြောင့် ခိုင်နှင်းဝေက သူ့လိုပဲကလေးတွေကိုကြည့်ပြီး အပျော်တွေကူးစက်စေဖို့ ပီတိတွေကို မျှဝေဖော်ပြလာခဲ့တာပါ

ခိုင်နှင်းဝေရဲ့ ကလေးတွေကတော့ ခိုင်နှင်းဝေရဲ့ မိခင်အရင်းသဖွယ် ကိုယ်ဖိရင်ဖိ စောင့်ရှောက်မှုတွေကြောင့် တစ်နေ့တစ်ခြား ပိုမိုပြီး ချစ်ဖို့ကောင်းလာတာတော့ အမှန်ပါပဲနော်

CeleZone ပရိသတ်ကြီးတွေထဲက ခိုင်နှင်းဝေရဲ့ ကလေးတွေကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် ကလေးတွေနဲ့ ပုံလေးတွေကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်

Source – Khine Hnin Wai

newsathitnews

(ZAWGYI)








Source – Khine Hnin Wai

newsathitnews