သူငယ်ချင်းဖြစ်သူပိုင်တံခွန်နဲ့ပတ်သက်တဲ့ အမှတ်တရလေးတစ်ခုကိုပြသပြီး သူငယ်ချင်းလေးအမြတ်ဆုံးလွတ်မြောက်ဖို့ဆုတောင်းပေးလိုက်တဲ့ မေမီကိုကို

သူငယ်ချင်းဖြစ်သူပိုင်တံခွန်နဲ့ပတ်သက်တဲ့ အမှတ်တရလေးတစ်ခုကိုပြသပြီး သူငယ်ချင်းလေးအမြတ်ဆုံးလွတ်မြောက်ဖို့ဆုတောင်းပေးလိုက်တဲ့ မေမီကိုကို

MRTV-4 မင်းသမီးလေး မေမီကိုကိုကတော့ ဇာတ်လမ်းတွဲတွေများစွာရိုက်ကူးထားပြီး ပရိသတ်တွေရဲ့ အသိအမှတ်ပြုအားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူလေးမို့ အထူးတလည်မိတ်ဆက်ပေးစရာ မလိုတော့ပါဘူးနော်..။ချစ်စရာကောင်းသလို သရုပ်ဆောင်လည်းကောင်းတာမို့ ပရိသတ်တွေအားပေးချစ်ခင်ကြတဲ့ မေမီလေးကတော့ ချစ်သူလေးနဲ့ အချစ်ရေးမှာအဆင်ပြေနေလို့ လူတိုင်းကအားကျနေရတဲ့ မင်းသမီးလေးဖြစ်ပါတယ်နော်…မကြာသေးခင် နာရီပိုင်းလောက်ကလည်း သရုပ်ဆောင် မေမီကိုကိုရဲ့ Facebook Story တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ သူငယ်ချင်းဖြစ်သူ ပိုင်တံခွန်နဲ့ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ဝေမျှရင်း အမြန်ဆုံး လွတ်မြောက်ဖို့ဆုတောင်းပေးနေတာ ဖြစ်ပါတယ်။မေမီကိုကိုကလည်း ” အရင် video လေးတွေကြည့်ရင်း ပြန်တွေ့တော့… အမြန်ဆုံး လွတ်မြောက်လာပါစေဟာ” ဆိုပြီး ဗီဒီယိုဖိုင်လေးကို အမှတ်တရ ဝေမျှပေးရင်း ဝမ်းနည်းစိတ်မကောင်းဖြစ်နေရတာပါ။သရုပ်ဆောင် ပိုင်တံခွန်ကတော့ ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရတာ လေးလကျော်နေပြီ ဖြစ်ပါတယ်။ အကျဉ်းထောင်ထဲကနေ တရားရင်ဆိုင်နေရတဲ့အတွက် ပိုင်တံခွန်ရဲ့ ပရိသတ်များက သူ့အတွက် စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပြီး အမြန်ဆုံး လွတ်မြောက်ဖို့အတွက်လည်းဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်။

အနုပညာလောကမှ လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုမောင်နှမများကလည်း ပိုင်တံခွန်နဲ့ ပတ်သက်တဲ့ အမှတ်တရတစ်ချို့ကို သူတို့ရဲ့ လူမှုကွန်ယက်များမှတစ်ဆင့် တစ်ခါတစ်လေ ပြန်လည်ဝေမျှပေးလေ့ရှိကြပါတယ်။ ပိုင်တံခွန်ဟာ အနုပညာရှင်တော်တော်များများနဲ့အလုပ်တွေအတူတူ လုပ်ကိုင်ခဲ့ဖူးတဲ့ မင်းသားတစ်လက်ဖြစ်ပြီး အားလုံးအပေါ်မှာလည်း

မောင်နှမအရင်းတွေလိုပြောဆိုဆက်ဆံလေ့ရှိသူ ဖြစ်တာကြောင့် အခုလို အကျဉ်းထောင်ထဲရောက်နေရတာကို လူတိုင်းက စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။

အရာအားလုံးကို စွန့်လွှတ်ပေးဆပ်ပြီး အမှန်တရားဘက်ကနေရပ်တည်ပေးခဲ့ကြတဲ့ အနုပညာရှင်များအားလုံး အမြန်ဆုံး လွတ်မြောက်ပါစေလို့ ပရိသတ်ကြီးနဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်နော်…Source: May Mi Ko Koသူငယ်ချင်းဖြစ်သူပိုင်တံခွန်နဲ့ပတ်သက်တဲ့ အမှတ်တရလေးတစ်ခုကိုပြသပြီး

သူငယ်ချင်းလေးအမြတ်ဆုံးလွတ်မြောက်ဖို့ဆုတောင်းပေးလိုက်တဲ့ မေမီကိုကိုMRTV-4 မင်းသမီးလေး မေမီကိုကိုကတော့ ဇာတ်လမ်းတွဲတွေများစွာရိုက်ကူးထားပြီး ပရိသတ်တွေရဲ့ အသိအမှတ်ပြုအားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူလေးမို့ အထူးတလည်မိတ်ဆက်ပေးစရာ မလိုတော့ပါဘူးနော်..။

ချစ်စရာကောင်းသလို သရုပ်ဆောင်လည်းကောင်းတာမို့ ပရိသတ်တွေအားပေးချစ်ခင်ကြတဲ့ မေမီလေးကတော့ ချစ်သူလေးနဲ့ အချစ်ရေးမှာအဆင်ပြေနေလို့ လူတိုင်းကအားကျနေရတဲ့ မင်းသမီးလေးဖြစ်ပါတယ်နော်…မကြာသေးခင် နာရီပိုင်းလောက်ကလည်း သရုပ်ဆောင် မေမီကိုကိုရဲ့ Facebook Story တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ သူငယ်ချင်းဖြစ်သူ ပိုင်တံခွန်နဲ့ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ဝေမျှရင်း အမြန်ဆုံး လွတ်မြောက်ဖို့ဆုတောင်းပေးနေတာ ဖြစ်ပါတယ်။မေမီကိုကိုကလည်း ” အရင် video လေးတွေကြည့်ရင်း ပြန်တွေ့တော့… အမြန်ဆုံး လွတ်မြောက်လာပါစေဟာ” ဆိုပြီး ဗီဒီယိုဖိုင်လေးကို အမှတ်တရ ဝေမျှပေးရင်း ဝမ်းနည်းစိတ်မကောင်းဖြစ်နေရတာပါ။

သရုပ်ဆောင် ပိုင်တံခွန်ကတော့ ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရတာ လေးလကျော်နေပြီ ဖြစ်ပါတယ်။ အကျဉ်းထောင်ထဲကနေ တရားရင်ဆိုင်နေရတဲ့အတွက် ပိုင်တံခွန်ရဲ့ ပရိသတ်များက သူ့အတွက် စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပြီး အမြန်ဆုံး လွတ်မြောက်ဖို့အတွက်လည်းဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်။

အနုပညာလောကမှ လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုမောင်နှမများကလည်း ပိုင်တံခွန်နဲ့ ပတ်သက်တဲ့ အမှတ်တရတစ်ချို့ကို သူတို့ရဲ့ လူမှုကွန်ယက်များမှတစ်ဆင့် တစ်ခါတစ်လေ ပြန်လည်ဝေမျှပေးလေ့ရှိကြပါတယ်။

ပိုင်တံခွန်ဟာ အနုပညာရှင်တော်တော်များများနဲ့အလုပ်တွေအတူတူ လုပ်ကိုင်ခဲ့ဖူးတဲ့ မင်းသားတစ်လက်ဖြစ်ပြီး အားလုံးအပေါ်မှာလည်း မောင်နှမအရင်းတွေလိုပြောဆိုဆက်ဆံလေ့ရှိသူ ဖြစ်တာကြောင့် အခုလို အကျဉ်းထောင်ထဲရောက်နေရတာကို လူတိုင်းက စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။

အရာအားလုံးကို စွန့်လွှတ်ပေးဆပ်ပြီး အမှန်တရားဘက်ကနေရပ်တည်ပေးခဲ့ကြတဲ့ အနုပညာရှင်များအားလုံး အမြန်ဆုံး လွတ်မြောက်ပါစေလို့ ပရိသတ်ကြီးနဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်နော်…

Source: May Mi Ko Ko