“ပရဟိတဆရာတော်ဦးသုစရိတ နှလုံးရောဂါအပြင် ကျောက်ကပ်ယောင်ပြီး အသည်းအဆီဖုံးရောဂါပါ ခံစားနေရ”

“ပရဟိတဆရာတော်ဦးသုစရိတ နှလုံးရောဂါအပြင်
ကျောက်ကပ်ယောင်ပြီး အသည်းအဆီဖုံးရောဂါပါ ခံစားနေရ”

ပရဟိတဆရာတော်ဦးသုစရိတက လက်ရှိမှာ ကျန်းမာရေးအရ နှလုံးရောဂါခံစားနေရတာဖြစ်ပါတယ်။ဒါ့အပြင်ဒီနေ့ ဆေးစစ်ချက်အရနောက်ထပ်ရောဂါထပ်ပေါ်လာကြောင်း စိတ်မ​ကောင်းစွာကြားသိရပါတယ်။


“နှလုံးရောဂါကမပျောက်သေးဘူး ။အခု ကျောက်ကပ်ရောင်ပြီး အသည်းကအဆီဖုံးပြန်ပြီ။ငါလုပ်ချင်တဲ့ ပရဟိတအလုပ်တွေက မပြီးသေးဘူး” လို့ ရောဂါနဲ့ပတ်သက်လို့ဆရာတော်က လူမူကွန်ယက်မှာရေးသားထားပါတယ်။

ဆရာတော်ကရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် အမှတ်(၁၀၈)ရပ်ကွက်မှာရှိတဲ့ ကန်ဦးလူမှုကူညီရေး အသင်း(ရန်ကုန်)ရဲ့ ဦးဆောင်သူ ဖြစ်ကာ PPE ဝတ်စုံ ဝတ်ဆင်ပြီး နေ့စဉ် COVID-19 ကာကွယ်ရေးအတွက် ရှေ့တန်းမှ ဆောင်ရွက်ပေးနေတဲ့ ဆရာတော် တစ်ပါးဖြစ်ပါတယ်။ဒါ့အပြင်သေဆုံးရုပ်အလောင်းများကိုလည်း သုဿန်သို့ ပို့ဆောင်ပေးနေတဲ့ဆရာတော် ဖြစ်ပါတယ်။

ပြည်သူတွေကတော့ဆရာတော်အမြန်ဆုံး ကျန်းမာလာစေဖို့ ဆုတောင်းပေး နေကြပါတယ်။

Photo-ဦးသုစရိတ

(ZAWGYI)




Photo-ဦးသုစရိတ