“ဆွမ်းဘုဉ်းပေးပြီးတိုင်း ကိုယ်တိုင်ပန်ကန်ဆေး ကိုယ်တိုင် စားပွဲသန့်စင်သည့် ကြည်ညိုဖွယ်ရာဆရာတော်ကြီး”

“ဆွမ်းဘုဉ်းပေးပြီးတိုင်း ကိုယ်တိုင်ပန်ကန်ဆေး
ကိုယ်တိုင် စားပွဲသန့်စင်သည့် ကြည်ညိုဖွယ်ရာဆရာတော်ကြီး”

အမရပူရမြို့မဟာဂန္ဓာရုံကျောင်းတိုက်မှသက်တော်(၈၅-နှစ်)ဝါတော်(၆၅)ဝါရှိမဟာနာယကဆရာတော်ကြီးဥုးကလျာဏ သည်ဆွမ်း ဘုဉ်းပေးပြီးကိုယ်တိုင် ပန်ကန်ဆေးကိုယ်တိုင် စားပွဲသန့်စင်ပါသည်။

ဆရာတော်သည်သက်တော်(၈၅)နှစ်ရှိသော်လည်း
ကျန်းမာရေးအားလုံး ကောင်းမွန်းပြီးသွားနိူင် လာနိူင် ယုံသာမကဆရာတော်သည်-ကြီးသူကိုအလွန်ရိုသေ လေးစားပါပေသည်။ဆရာတော်သည် ဆွမ်းဘုဉ်းပေးပြီးတာနဲ့ပန်းကန်များ-ဆွမ်းခွက်များ အားလုံးကိုကိုယ်တိုင် ဆေးကြောသန့်စင်ကြောင်းဆွမ်းစားပွဲခုံကိုပါကိုယ်တိုင်အကုန်ပြောင်စင်အောင်သန့်ရှင်းကြောင်း သိရသည်။

မဟာဂန္ဓာရုံကျောင်းတိုက်မှသံဃာတော်များ၏ ဆွမ်းဟင်းခွက်ပန်ကန်များကို ကပ္ပိယများနှင့်ရပ်ကွက်ထဲမှ ဝေယျာဝစ္စပြုကြသူများဆေးကြောပေးပါသည်။ခုံများကိုလည်း ရှင်သာမဏေများသန့်စင်ကြပါသည်။
ထိုသို့ ဖြစ်သော်လည်းဆရာတော်သည် ကိုယ်သာဆေး
ကိုယ်တိုင်သာ ခုံသုတ် သန့်စင်သည့်ထူးခြားလှသည့်ဆရာတော်ကြီးတစ်ပါးဖြစ်ကြောင်းသိရပါသည်။

ထို့ကြောင့် ကြည်ညိုဖွယ်ရာဆရာတော်ကြီး​၏ ပုံရိပ်များအားဖော်ပြပေးလိုက်ရပါသည်။

Photo-Ashin Kavin Nanda

(ZAWGYI)

“ဆြမ္းဘုဥ္းေပးၿပီးတိုင္း ကိုယ္တိုင္ပန္ကန္ေဆး
ကိုယ္တိုင္ စားပြဲသန္႔စင္သည့္ ၾကည္ညိဳဖြယ္ရာဆရာေတာ္ႀကီး”

အမရပူရၿမိဳ႕မဟာဂႏၶာ႐ုံေက်ာင္းတိုက္မွသက္ေတာ္(၈၅-ႏွစ္)ဝါေတာ္(၆၅)ဝါရွိမဟာနာယကဆရာေတာ္ႀကီး
ဥဳးကလ်ာဏ သည္ဆြမ္း ဘုဥ္းေပးၿပီးကိုယ္တိုင္ ပန္ကန္ေဆးကိုယ္တိုင္ စားပြဲသန္႔စင္ပါသည္။

ဆရာေတာ္သည္သက္ေတာ္(၈၅)ႏွစ္ရွိေသာ္လည္း
က်န္းမာေရးအားလုံး ေကာင္းမြန္းၿပီးသြားႏိူင္ လာႏိူင္ ယုံသာမကဆရာေတာ္သည္-ႀကီးသူကိုအလြန္႐ိုေသ ေလးစားပါေပသည္။ဆရာေတာ္သည္ ဆြမ္းဘုဥ္းေပးၿပီးတာနဲ႔ပန္းကန္မ်ား-ဆြမ္းခြက္မ်ား အားလုံးကိုကိုယ္တိုင္ ေဆးေၾကာသန္႔စင္ေၾကာင္းဆြမ္းစားပြဲခုံကိုပါကိုယ္တိုင္အကုန္ေျပာင္စင္ေအာင္သန္႔ရွင္းေၾကာင္း သိရသည္။

မဟာဂႏၶာ႐ုံေက်ာင္းတိုက္မွသံဃာေတာ္မ်ား၏ ဆြမ္းဟင္းခြက္ပန္ကန္မ်ားကို ကပၸိယမ်ားႏွင့္ရပ္ကြက္ထဲမွ ေဝယ်ာဝစၥျပဳၾကသူမ်ားေဆးေၾကာေပးပါသည္။ခုံမ်ားကိုလည္း ရွင္သာမေဏမ်ားသန္႔စင္ၾကပါသည္။
ထိုသို႔ ျဖစ္ေသာ္လည္းဆရာေတာ္သည္ ကိုယ္သာေဆး
ကိုယ္တိုင္သာ ခုံသုတ္ သန္႔စင္သည့္ထူးျခားလွသည့္ဆရာေတာ္ႀကီးတစ္ပါးျဖစ္ေၾကာင္းသိရပါသည္။

ထို႔ေၾကာင့္ ၾကည္ညိဳဖြယ္ရာဆရာေတာ္ႀကီး​၏ ပုံရိပ္မ်ားအားေဖာ္ျပေပးလိုက္ရပါသည္။

Photo-Ashin Kavin Nanda