Mytelထိပ်တန်း အရာရှိတစ်ဦးက ပန်ဆယ်လိုအား တာဝါတိုင်တွေကို PDFကဖောက်ခွဲမှုတွေကို တားမြစ်ပေးရန် မေတ္တာရပ်ခံ

ပန်ဆယ်လိုကတော့ …အွန်လိုင်းပေါ်မှာ စစ်ကောင်စီတွေကိုအထိနာအောင်ရေးခြင်းကနေ…

လူသိများလာခဲ့သူဖြစ်ပါတယ်။ …သူမရဲ့အရေးအသားတွေကြောင့်လည်း….

တစ်ဖက်ကမခံမရပ်နိုင်ဖြစ်တာကြောင့် …လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက သူမကထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။…

ဒါပေမဲ့လည်းသူမရဲ့ …ကလောင်သွားထက်မြက်မှု၊မခံမရပ်နိုင်အောင် ရေးသားနိုင်ပြီး အသက်ကငယ်ရွယ်ပြီးထက်မြက်တဲ့မိန်းကလေးဖြစ်တာကြောင့်….

ကိုယ်ပိုင်စီးပွားရေးနဲ့လည်း ရပ်တည်နိုင်တဲ့အပြင် သာယာတဲ့မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။…

အာဏာသိမ်းပြီးကာလတွေမှာတော့… စစ်ကောင်စီ ကနေအပူတပြင်းနဲ့အလိုရှိနေတဲ့….

ပန်ဆယ်လိုကတော့လွတ်မြောက်ရာဖြစ်တဲ့ …အမေရိကန်နိုင်ငံကို သွားရောက်နိုင်ခဲ့လို့ …လူတွေရဲ့ဝေဖန်မှုကို ခံနေရပေမဲ့…

ပန်ဆယ်လိုကတော့… အပြုံးမပျက်ခဲ့ပါဘူး။… သူမကိုယ်တိုင်လွတ်မြောက်သွားပြီးမကြာခင်မှာပဲ…..

သူမရဲ့မိသားစုတွေပါ …အမေရိကန်နိုင်ငံကို… ခေါ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း တစ်ဖက်က…

အထိနာပြီး …ဖြစ်တဲ့နည်းနဲ့ဖမ်းမယ်ဆိုပြီးလည်း ကြွေးကြော်ထားထာ ဖြစ်ပါတယ်…..

ယနေ့ သူမကို Mytelရဲ့အကြီးတန်းအရာရှိတစ်ဦးက PDFတွေကို သူတို့ရဲ့ရုံးတွေ တာဝါတိုင်တွေကို ဗုံးမဖောက်ခွဲရန်မေတ္တာရပ်ခံလာပါတယ်နော်။ထိုအကြောင်းကို သူမက

“မပန်ရေ… ကျွန်တော်က Telecom Company တစ်ခုက ရာထူးအကြီးတန်းထဲကပါ။

အခုဆို ဟိုဒင်း ရုံးခန်းတွေ ဝုန်းခံရတဲ့ကိစ္စတွေ ဖတ်ရလို့ပါ။ PDF တွေကို တားပေးပါဦးတဲ့။

ရုံးခန်းနဲ့ တာဝါတိုင်တွေရဲ့ ဆုံးရှုံးမှုကို နှိုင်းယှဉ်ပြရရင်

(၁)ရုံးခန်းတစ်ခန်းဝုန်း = ဆုံးရှုံးမှုတန်ဖိုး သိန်းရာဂဏန်းပတ်ချာလည်၊တာဝါတိုင်တစ်တိုင်ဝုန်း = သိန်းထောင်ဂဏန်းပတ်ချာလည်၊ဆယ်ဆ ကွာပါတယ်။

(၂) တာဝါတစ်တိုင် တစ်လပျမ်းမျှဝင်ငွေ သိန်း ၈၀၊ ရုံးခန်း တာဝါတိုင်မရှိရင်ဝင်ငွေ Zero

(၃) တာဝါတိုင်- လုံခြုံရေးမရှိ၊ ရှိလည်း တစ်ယောက်ထက်မပို ရုံးခန်း- လုံခြုံရေးအများအပြားရှိတတ်

(၄)တာဝါတိုင် ဝုန်းရလွယ်၊ ရုံးခန်း ဝုန်းရခက်

(၅) တာဝါတိုင်အခုအရေအတွက် တစ်နိုင်ငံလုံး ခန့်မှန်း 5000ဝန်းကျင်၊ ရုံးခန်း + retail store အရေအတွက်နည်း

(၆) တာဝါreplacement လုပ်ရခက်, replace ပြန်ဆောက်ရကြာနိုင်၊ Tower equipment ဝယ်ချိန်နဲ့

Tower construction time and Installation timeကြာချိန်များ။

ရုံးခန်း replacement လုပ်ရလွယ် (မြန်မြန်ပြန်ပြင်လို့ရ)

တွက်ပြတာပါ။ မဝုန်းကြပါနဲ့။ မလုပ်ကြပါနဲ့တဲ့။

ကိုယ်လည်း လူမှုရေးစိတ်အပြည့်နဲ့ တားပေးတာပါ။ မလုပ်ကြနဲ့နော်။ မလုပ်ရဘူးနော်။ မလုပ်သင့်ဘူးနော်။

သေချာမှာတယ်နော်။

မလုပ်ကြနဲ့လို့။”

ဟု သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားလာပါတယ်နော်။

Credit-ပန်ဆယ်လို