မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာ့ရတနာဘဏ် ဓားပြတိုက်ခံရ

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ သမိုင်းမြို့ဟောင်း(၉)လမ်း၊ တိုက်အမှတ် ၄၀၂မှာရှိတဲ့

ကမ္ဘာ့ရတနာဘဏ်ကို ဒီကနေ့ မနက် ၁၁း၃၀ချိန်ခန့်က ဓားပြတိုက်ခံခဲ့ရတယ်လို့ သတင်းရင်းမြစ်တစ်ဦးဆီက သိရပါတယ်။

ကမ္ဘာ့ရတနာဘဏ်(မရမ်းကုန်း)ဘဏ်ခွဲအတွင်းကို အမည်မသိလူ(၄)ဦးက Mark llကားနဲ့ရောက်လာပြီး ဘဏ်ဝန်ထမ်းတွေကို ခြိမ်းခြောက်ကာ ဘဏ်ရှိငွေအချို့ကို ယူသွားတယ်လို့ သူကပြောပါတယ်။

သတင်းရင်းမြစ်တစ်ဦးက “!ငွေအချို့ပါသွားတယ် သိန်းတစ်ထာင်လို့လည်းကြားတယ်၊ CCTVက တစ်ဆင့်ပြန်စစ်နေတယ်”လို့ ပြောပါတယ်။

ဓားပြတိုက်ခံရပြီး ငွေသိန်းတစ်ထောင်ပါသွားတဲ့ကိစွနဲ့ပတ်သက်လို့ VOMက အမှတ်၂ဘုရင့်နောင် ဘဏ်ခွဲကို ဖုန်းနဲ့ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်လို့ မရခဲ့တဲ့အတွက် သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်တလောမှာတော့ စစ်တပ်နဲ့ရဲအင်အားများစွာရောက်ရှိနေပြီး လမ်းသွားလမ်းလာနဲ့ကားတွေကို စစ်ဆေးနေတယ်လို့ ၁ရပ်ကွက်နေပြည်သူတွေပြောပြချက်အရ သိရပါတယ်။

ကမ္ဘာ့ရတနာဘဏ်၊ နန္ဒဝန်ဈေးဘဏ်ခွဲဟာလည်း သြဂုတ်လ ၁၅ရက် မနက်ပိုင်းက ဓားပြတိုက်ခံခဲ့ရပါသေးတယ်။

သြဂုတ်လ ၁၁ရက်နေ့ မနက်ပိုင်းကလည်း ၂ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်းက လှသီတာရွှေဆိုင်ကို အမျိုးသား(၄)ဦးက ဓားပြတိုက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။