အိမ်ထောင်စု(၃၀၀)စာအတွက် အာဟာရဒါနထမင်းနဲ့ဟင်းအလှူလေး လှူဒါန်းခဲ့တဲ့ ခန့်စည်သူ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားကြီး ခန့်စည်သူကတော့ မနေ့က သြဂုတ်လ (၂၈)ရက်နေ့မှာ အာဟာရဒါနအလှူလေးပြုလုပ်ခဲ့ပါတယ်

အခုတစ်ခေါက်မှာတော့ ခန့်စည်သူက တောင်ဒဂုံဘက်က ကပ်ဘေးကာလမှာ စားဝတ်နေရေးကျပ်တည်းနေတဲ့ ပြည်သူတွေအတွက် လှူဒါန်းပေးခဲ့တာပါ

တောင်ဒဂုံမြို့နယ်မှာနေထိုင်ကြတဲ့ အိမ်ထောင်စု (၃၀၀)စာအတွက်ကို ကြက်ကုလားပဲချက်၊သရက်ချဉ်သုပ်၊ငရုပ်သီးကြော်နဲ့ ထမင်းတို့ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်

အခုလို ဘဝအမော ၊ဆာလောင်မှု အပူများ တခဏတာ ပြေပျောက်သွားအောင် လှူဒါန်းနိုင်ခဲ့တဲ့ အလှူလေးရဲ့ အဖို့ဘာဂကုသိုလ်တွေကိုလည်း (၇)ရက်သားသမီးတွေ သာဓုခေါ်ဆိုကြဖို့လည်း အမျှပေးဝေထားခဲ့ပါသေးတယ်

Source – Kyaw Soe Win

Crd-Original Post

(ZAWGYI)






Source – Kyaw Soe Win

Crd-Original Post