ဖခင်ဖြစ်သူနဲ့တော်လှန်ရေးရဲဘော်တွေ စားသောက်ဖို့ ချက်ပြုတ်ရာမှာ သူတတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီနေတဲ့ သမီးလေးစုထက်ဝိုင်း

ဖခင်ဖြစ်သူနဲ့တော်လှန်ရေးရဲဘော်တွေ စားသောက်ဖို့ ချက်ပြုတ်ရာမှာ သူတတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီနေတဲ့ သမီးလေးစုထက်ဝိုင်း

ဖခင်ဖြစ်သူနဲ့တော်လှန်ရေးရဲဘော်တွေ စားသောက်ဖို့ ငရုတ်ဆုံလေးထောင်းပြီး သူတတ်သလောက်လေး ကူညီပေးနေတဲ့ သမီးလေးစုထက်ဝိုင်း ချစ်ဖို့ကောင်းလိုက်တာ ကလေးရယ် မိုးကုတ်မြို့က

ဒီမိုကရေစီအရေးလှုပ်ရှားသူတစ်ယောက်ဖြစ်တဲ့ဦးစိုးဌေးကို ဖမ်းမမိတာကြောင့် သမီးလေးစုထက်ဝိုင်း အပါအဝင် သားအမိသုံးယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ အဖြစ်ကို အားလုံး မှတ်မိကြမှာပါနော်။

ယခုအခါမှာဆိုရင်ဖြင့် သမီးလေးစုထက်ဝိုင်းကတော့ အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာပြီးအိမ်မှာမနေတော့ဘဲ တောတွင်းတစ်နေရာမှာ ဖခင်ဖြစ်သူနဲ့အတူ နေထိုင်နေပါတယ်။

သမီးလေးစုထက်ဝိုင်းရဲ့ မိခင်နဲ့ အစ်မဖြစ်သူကတော့ ထောင်သုံးနှစ်ချမှတ်ခံခဲ့ရပြီး မန္တလေးက အိုးဘိုထောင်သို့ ပို့ဆောင်ခြင်းခံလိုက်ရပါတယ်။ ယခုမှာတော့ သမီးလေးစုထက်ဝိုင်းဟာ

ဖခင်ဖြစ်သူနဲ့ တော်လှန်ရေးရဲဘော်တွေ စားသောက်ဖို့အတွက် ငရုတ်ဆုံလေးထောင်းပြီး သူတတ်နိုင်သလောက်လေး ကူညီပေးနေခဲ့ပါတယ်။

အသက်ငယ်ငယ်လေးနဲ့ ဖခင်အတွက် အားကိုးနေရပြီး တတ်နိုင်တဲ့ ဘက်က ကူညီပေးနေတဲ့ သမီးလေးစုထက်ဝိုင်းကို ကြည့်ကာ ပြည်သူတွေက ချစ်ခင်နေကြပါတယ်။ ဖခင်ဦးစိုးဌေးကတော့

ဘယ်လိုနေရာရောက်ရောက် အာဏာရှင်ဆန့်ကျင်တဲ့ တော်လှန်ရေးဆင်နွှဲနေကြတဲ့ သမီးလေးစုထက်ဝိုင်းနဲ့ ထောင်ထဲရောက်နေသော်လည်း ရဲရင့်တဲ့ သမီးကြီးကြောင့် တို.က်ပွဲဝင်ရင်း ေ.သရမယ်ဆိုရင်တောင်

ေ.သရဲပြီဖြစ်ကြောင်း ဖွင့်ဟပြောဆိုလိုက်ပါတယ်။

ဦးစိုးဌေးကတော့ သမီးလေးစုထက်ဝိုင်းက ဖေဖေနဲ့ရဲဘော်တွေကို ကူညီတတ်နေပြီဖြစ်ကြောင်း၊ သမီးကြီးကတော့ မန္တလေးအိုးဘိုထောင်ထဲမှာ ပညာသင်နေဆဲဖြစ်ကြောင်း၊ ဘယ်လိုနေရာရောက်ရောက်

အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင်တော်လှန်နေမယ့် မျိုးဆက်တစ်ခု ရှိပြီဖြစ်တာကြောင့် တိုက်ပွဲဝင်ရင်း သေရမယ်ဆိုရင်တောင် သေလို့ရပြီဖြစ်ကြောင်း ဂုဏ်ယူစွာ ရေးသားလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ မိသားစု အသိုက်အမြုံလေး တစ်ကွဲတစ်ပြားနဲ့ အတူမရှိကြပေမယ့်

ရဲရင့်ပြတ်သားတဲ့ စိတ်ဓာတ်တွေကတော့ အတူတကွ ရှိကြတာမို့ သမီးလေးစုထက်ဝိုင်းတို့ မိသားစုလေးဟာ တကယ့်ကို လေးစားဖွယ် မိသားစုလေးပါပဲနော်။

Source : Nann Myat Phyo Thin’s Fb Acc
crd MM Load

(ZAWGYI)

ဖခင္ျဖစ္သူနဲ႔ေတာ္လွန္ေရးရဲေဘာ္ေတြ စားေသာက္ဖို႔ ခ်က္ျပဳတ္ရာမွာ သူတတ္ႏိုင္တဲ့ဘက္က ဝိုင္းဝန္းကူညီေနတဲ့ သမီးေလးစုထက္ဝိုင္း

ဖခင္ျဖစ္သူနဲ႔ေတာ္လွန္ေရးရဲေဘာ္ေတြ စားေသာက္ဖို႔ င႐ုတ္ဆုံေလးေထာင္းၿပီး သူတတ္သေလာက္ေလး ကူညီေပးေနတဲ့ သမီးေလးစုထက္ဝိုင္း ခ်စ္ဖို႔ေကာင္းလိုက္တာ ကေလးရယ္ မိုးကုတ္ၿမိဳ႕က

ဒီမိုကေရစီအေရးလႈပ္ရွားသူတစ္ေယာက္ျဖစ္တဲ့ဦးစိုးေဌးကို ဖမ္းမမိတာေၾကာင့္ သမီးေလးစုထက္ဝိုင္း အပါအဝင္ သားအမိသုံးေယာက္ကို ဖမ္းဆီးေခၚေဆာင္သြားခဲ့တဲ့ အျဖစ္ကို အားလုံး မွတ္မိၾကမွာပါေနာ္။

ယခုအခါမွာဆိုရင္ျဖင့္ သမီးေလးစုထက္ဝိုင္းကေတာ့ အက်ဥ္းေထာင္က ျပန္လည္လြတ္ေျမာက္လာၿပီးအိမ္မွာမေနေတာ့ဘဲ ေတာတြင္းတစ္ေနရာမွာ ဖခင္ျဖစ္သူနဲ႔အတူ ေနထိုင္ေနပါတယ္။

သမီးေလးစုထက္ဝိုင္းရဲ႕ မိခင္နဲ႔ အစ္မျဖစ္သူကေတာ့ ေထာင္သုံးႏွစ္ခ်မွတ္ခံခဲ့ရၿပီး မႏၲေလးက အိုးဘိုေထာင္သို႔ ပို႔ေဆာင္ျခင္းခံလိုက္ရပါတယ္။ ယခုမွာေတာ့ သမီးေလးစုထက္ဝိုင္းဟာ

ဖခင္ျဖစ္သူနဲ႔ ေတာ္လွန္ေရးရဲေဘာ္ေတြ စားေသာက္ဖို႔အတြက္ င႐ုတ္ဆုံေလးေထာင္းၿပီး သူတတ္ႏိုင္သေလာက္ေလး ကူညီေပးေနခဲ့ပါတယ္။

အသက္ငယ္ငယ္ေလးနဲ႔ ဖခင္အတြက္ အားကိုးေနရၿပီး တတ္ႏိုင္တဲ့ ဘက္က ကူညီေပးေနတဲ့ သမီးေလးစုထက္ဝိုင္းကို ၾကည့္ကာ ျပည္သူေတြက ခ်စ္ခင္ေနၾကပါတယ္။ ဖခင္ဦးစိုးေဌးကေတာ့

ဘယ္လိုေနရာေရာက္ေရာက္ အာဏာရွင္ဆန႔္က်င္တဲ့ ေတာ္လွန္ေရးဆင္ႏႊဲေနၾကတဲ့ သမီးေလးစုထက္ဝိုင္းနဲ႔ ေထာင္ထဲေရာက္ေနေသာ္လည္း ရဲရင့္တဲ့ သမီးႀကီးေၾကာင့္ တို.က္ပြဲဝင္ရင္း ေ.သရမယ္ဆိုရင္ေတာင္

ေ.သရဲၿပီျဖစ္ေၾကာင္း ဖြင့္ဟေျပာဆိုလိုက္ပါတယ္။

ဦးစိုးေဌးကေတာ့ သမီးေလးစုထက္ဝိုင္းက ေဖေဖနဲ႔ရဲေဘာ္ေတြကို ကူညီတတ္ေနၿပီျဖစ္ေၾကာင္း၊ သမီးႀကီးကေတာ့ မႏၲေလးအိုးဘိုေထာင္ထဲမွာ ပညာသင္ေနဆဲျဖစ္ေၾကာင္း၊ ဘယ္လိုေနရာေရာက္ေရာက္

အာဏာရွင္ဆန႔္က်င္ေရး တိုက္ပြဲဝင္ေတာ္လွန္ေနမယ့္ မ်ိဳးဆက္တစ္ခု ရွိၿပီျဖစ္တာေၾကာင့္ တိုက္ပြဲဝင္ရင္း ေသရမယ္ဆိုရင္ေတာင္ ေသလို႔ရၿပီျဖစ္ေၾကာင္း ဂုဏ္ယူစြာ ေရးသားလာတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးေရ မိသားစု အသိုက္အၿမဳံေလး တစ္ကြဲတစ္ျပားနဲ႔ အတူမရွိၾကေပမယ့္

ရဲရင့္ျပတ္သားတဲ့ စိတ္ဓာတ္ေတြကေတာ့ အတူတကြ ရွိၾကတာမို႔ သမီးေလးစုထက္ဝိုင္းတို႔ မိသားစုေလးဟာ တကယ့္ကို ေလးစားဖြယ္ မိသားစုေလးပါပဲေနာ္။

Source : Nann Myat Phyo Thin’s Fb Acc
crd MM Load