ရှားစောင်းလက်ပတ်နှင့် မျက်နှာပေါင်းတင် ချေးချွတ်နည်း…

ရှားစောင်းလက်ပတ်နှင့် မျက်နှာပေါင်းတင် ချေးချွတ်နည်း…

ရှားစောင်းလက်ပတ် နှင့် မျက်နှာချေးချွတ် ပေါင်းတင်ကြမယ်။

ရှားစောင်းလက်ပတ် အလယ်သားကို ခြစ်ချထားပြီး အနည်းငယ်ချန်ထားပါ ။ ဆနွင်း မှုန့် ( သို့ ) ကော်ဖီမှုန့် အနည်းငယ်ပုံပါအတိုင်းတင်ပြီး ကျန်အသားအနည်းငယ်ကိုခြစ်ပြီး ရောသမလိုက်ပါ။

ပြီးလျှင်မျက်နှာပြင်မှာသုတ်လိမ်းပြီးအသာအယာပွတ်ပြီးချေးချွတ်သန့်စင်ပါ ။ ရေဆေးချပြီး ခြစ်ထားသေားအရည်ကြည်များကိုသုတ်လိမ်းခြောက်သည်ထိထားပြီး ရေပြန်ဆေးပါ။

မယုံနိင်အောင်တင်းရင်းဝင်းပလာတဲ့ သင့်မျက်နှာအလှကို အံ့သြသွားရမှာပါ။

ရှားစောင်းလက်ပတ် အစွမ်း

ရှားစောင်းလက်ပတ် (တစောင်းလက်ပတ်) သည် ချဉ်ဆီကို တိုးပွားစေသည်။ အဆိပ်ကို ပယ်၏။ အရေပြားအနာကို ပျောက်စေသည်။ ဆီးသက်စေ၏။

ကိုယ်အရေပြားရောဂါကို ကာကွယ်စေသည်။ ဦးနှောက်ပူခြင်းကို အေးစေနိုင်သည်။ ရေယုန်နာ ယားနာတို့ကို ပျောက်စေနိုင်သည်။

မျက်စိရောဂါ အမျိုးမျိုးကိုလည်း ပျောက်စေသည်။အနာကို ကျက်စေသည်။ သွေးထွက်ခြင်းကို အမြန်တိတ်စေသည်။

ဆီးပူ၊ ဆီးအောင့်ခြင်းကို ပျောက်စေသည်။ မီးယပ်ရာဂါကို အကျိုးပြု သည်။ နားနာ နားကိုက်ခြင်းကို ပျောက်စေသည်။ အဖုအကျိတ်များကို ပျောက်စေသည်။

ရှားစောင်းလက်ပတ်နှင့် မိမိခန္ဓာကိုယ် သန့်စင်စေရန်လှပစေရန် အောက်ပါအတိုင်း အသုံးပြုနိုင်ပါသည်။

ရှားစောင်းလက်ပတ် အနှစ်ကို လက်ချား အနည်းငယ်ထည့်ပြီး ခေါင်းလျှော်ပေးခြင်းဖြင့် ဦးခေါင်းတွင်ရှိသော ဗောက်ကို သေစေနိုင်သည်။

ချေးများကို ပြောင်စေသည်။ ဦးရေကို အေးစေသည်။ ထို့ကြောင့် တချို့ ခေါင်းလျှော်ရည်များတွင် ရှားစောင်းလက်ပတ် ထည့်သွင်းထားခြင်းဖြစ်သည်။

ရှားစောင်းလက်ပတ်အစေးကို ညအိပ်ရာဝင်တိုင်း မိတ်ကပ်လိမ်းသကဲ့သို့ မှန်မှန် သုတ်လိမ်းပါက မှဲ့ခြောက်၊ တင်းတိပ်၊ ဝက်ခြံများကို သိသိသာသာ ပျောက်ကင်းစေနိုင်သည်။

ရှားစောင်းလက်ပတ်မှ ရရှိသော အစေးကို ကျိုချက်ခြင်းဖြင့် မုတ်ခါးကို ရရှိနိုင်သည်။

ယင်းမုတ်ခါးသည် ခန္ဓာကိုယ် အဆီကျစေသည်။ ရှားစောင်းလက်ပတ်သည် အလွန်အသုံးဝင်သော ဆေးဖက်ဝင် အပင်တစ်မျိုး ဖြစ်ပါသည်။

နိုင်ငံအသီးသီးတို့တွင် ရှားစောင်းဖြင့် ပြုလုပ်ထားသော သောက်ဆေးများ၊ အသားအရေအတွက် အလှကုန်များ၊ ဆံပင်အတွက် လိမ်းဆေးများ၊ ကျန်းမာရေးအတွက် ဖျော်ရည်များကို တံဆိပ်မျိုးစုံဖြင့် ထုတ်လုပ်ထားကြပါသည်။

မြန်မာ့ဆေးဖက်ဝင် အပင်များစာရင်းမှာလည်း ရှားစောင်းအပင်သည် ပါဝင်နေပါသည်။

၁။ အသားအရေလှပခြင်းအတွက်

ရှားစောင်း၏ အနှစ်ကို မျက်နှာပေါ်ကို အုပ်ပြီးလိမ်းပေးပါက ရှားစောင်းတွင်ပါဝင်သော အောက်ဆီဂျင်ဓာတ်ကြောင့် အရေပြားပေါ်မှ ဆဲလ်များကို ပိုမိုသန့်စင်စေပြီး ချောမွတ်လှပစေပါသည်။

ဝက်ခြံ၊ တင်းတိပ်များကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို နူးညံ့လှပစေပါသည်။ ထို့ကြောင့် ရှားစောင်းကို ကျန်းမာရေးနှင့် အလှအပဆေး အမျိုးမျိုးတို့ကို ထုတ်လုပ်သုံးစွဲနေကြပါသည်။

၂။ အမျိုးသမီးများအတွက်

ရှားစောင်းလက်ပတ်ကို ပါးပါးလှီး၍ ချက်စားပါက အမျိုးသမီးများ ဓမ္မတာကို မှန်စေပါသည်။ မီးယပ် ပျောက်ကင်းစေပါသည်။

၃။ အနာအမျိုးမျိုးအတွက်

ရှားစောင်းကိုကြိတ်၍ အနှစ်ကို သွေးစုနာ၊ အဖုနာ၊ အကြိတ်နာပေါ်ကို သုတ်လိမ်ပေးပါ။ အကြိတ်ကိုလည်း ကြေစေသလို ပြည်ကိုလည်း အမြန်ပေါက်စေကာ ငန်းမန်းကိုလည်း ကြေစေပါသည်။

၄။ နားကိုက်၊ နားနာအတွက်

ရှားစောင်း၏ အတွင်းအသားကို အရည်ညစ်ယူပါ။ မီးခပ်ပြင်းပြင်းဖြင့် ပြုတ်ပါ။ ပြီးလျှင် နားထဲကို အနည်းငယ်စီ ခတ်ပေးပါက နားနာ၊ နားကိုက်၊ နားယားတို့ကို ပျောက်ကင်းစေပါသည်။

၅။ ဆီး၊ ဝမ်းရောဂါများအတွက်

ရှားစောင်း၏ အနှစ်ကို ခြစ်ယူ၍ ဆန်ဆေးရည်ဖြင့် စိမ်ထားကာ သကြားရည် ထည့်သောက်ပေးပါက ဆီး၊ ဝမ်း၊ ဆီးပူ၊ ဆီးအောင့်၊ ဆီးကိုက်ရောဂါများကို ပျောက်ကင်းစေပါသည်။

၆။ မျက်စိနာအတွက်

မျက်စိနာနေလျှင် ရှားစောင်းကို ကြိတ်၍ အနှစ်ကို မျက်စိပေါ်ကို အုံပေးပါ။ မျက်စိနာခြင်း၊ မျက်စိကိုက်ခြင်း၊ မျက်စိပူစပ်ခြင်းနှင့် မျက်စိ ယားယံခြင်းတို့ကို ပျောက်ကင်းစေပါသည်။

၇။ အရေပြားရောဂါ အမျိုးမျိုးအတွက်

ရှားစောင်လက်ပပ်၏ အသား(အနှစ်)ကို လိမ်းပေးပါက မီးလောင်နာ၊ အရေကြည်ဖုနာ၊ ထိခိုက်ရှနာ၊ နေလောင်ဒဏ်ရာ စသည်တို့ကို

ရှားစောင်းတွင် ပါဝင်သော အောက်ဆီဂျင်ဓာတ်တစ်မျိုးကြောင့် အရေပြားပေါ်မှ ဆဲလ်များကို အလိုလို ပြုပြင်ပေးစွမ်းနိုင်ပါသည်။

၈။ အသည်း၊ နှလုံး၊ အဆုပ်၊ အူနှင့် ကင်ဆာများအတွက်

ရှားစောင်း၏အရည်ကို ညစ်ယူ၍ ဖျော်ရည်အဖြစ် သောက်သုံးပေးပါက ခန္ဓာကိုယ်တွင်းရှိ အသည်း၊ နှလုံး၊ အဆုပ်၊ အူနှင့် ကင်ဆာများအတွက် အထူးကောင်းမွန်သည့် ဆေးတစ်မျိုးဖြစ်ပါသည်။

၉။ အရက်နာကျသူများအတွက်

ရှားစောင်းလက်ပပ်ကို အစိမ်းလိုက် ဝါးစားပေးပါက အရက်နာရောဂါကို ပျောက်ကင်းစေပါသည်။ လူကို ပုံမှန်အတိုင်း ပြန်လည် လန်းဆန်းလာစေနိုင်ပါသည်။

၁၀။ လူ့ခန္ဓာတစ်ခုလုံးအတွက် အကျိုးပြုပေးနိုင်

ဆံပင်၊ မျက်စိ၊ မျက်နှာ၊ နား၊ သွားကျန်းမာရေး၊ အရေပြား၊ အတွင်းကလီစာများ စသည့် လူခန္ဓာကိုယ် တစ်ခုလုံးအတွက် အကျိုးပြုပေးနိုင်သည့်အတွက်

ရှားစောင်းဖြင့် ပြုလုပ်ထားသော စားဆေးများ၊ သောက်ဆေးများ၊ လိမ်းဆေးများ၊ ကိုယ်လက်သန့်စင်ဆေးရည်များ၊

သွားတိုက်ဆေး၊ ဆပ်ပြာ၊ ခေါင်းလိမ်းဆီ စသည့် ဆေးအမျိုးမျိုးနှင့် အသုံးအဆောင် အမျိုးမျိုးတို့ကို ရှားစောင်းမှ ထုတ်လုပ်နေကြခြင်း ဖြစ်ပါတယ်

Crd-Original Post