ရဲဝန်ထမ်းမိသားစုဝင်များ အွန်လိုင်းမှ ဈေးမဝယ်ရန် လျှို့ဝှက်ညွှန်ကြားထားသည့်စာ ပေါက်ကြား

ရဲတပ်ဖွဲ့မိသားစုဝင်များအား အွန်လိုင်းမှ ပစ္စည်းမှာယူထားသည်ဟုဆိုကာ အိမ်လိပ်စာမေးပြီး

လာရောက်ပ.စ်ခ.တ်သ.တ်ဖြ.တ်မှုများရှိ‌နေသည့်အတွက် အွန်လိုင်းမှ ဈေးဝယ်ခြင်းမပြုရန် ဩဂုတ်၂၀ရက်စွဲဖြင့်ထုတ်ပြန်သည့် လျှို့ဝှက်စာ ပေ.ါက်ကြားလာခဲ့သည်။

ဒဂုံမြို့သစ်မြို့နယ်၊ (၉၀)ရပ်ကွက် အမှတ်(၉၃/က)တွင်နေထိုင်သည့် ဗိုလ်ကြီးအောင်မိုး၏ ယောက္ခမဖြစ်သူအသက် ၅၄နှစ်အရွယ် ဒေါ်သီတာမောင်မောင်အား ပစ္စည်းလာပို့သူဟ.န်ေ.ဆာင်ကာ

နေအိမ်ရှေ့တွင် သတ်ဖြတ်သွားမှု ဩဂုတ် ၁၉ရက်တွင်ဖြစ်ပွားပြီးနောက် ထိုသို့စာထုတ်ခြင်းဖြစ်သည်။ ဒေါ်သီတာမောင်မောင်သည် အဆောင်ငှားသည့်လုပ်ငန်း လုပ်ကိုင်‌နေသူတစ်ဦးဖြစ်ပြီး

အမှတ်(၈၈)၊ ခြေမြန်တပ်မဌာနချုပ် ဆက်သွယ်ရေးတပ်ခွဲမှ ဗိုလ်ကြီးအောင်မိုး၏ ယောက္ခမဖြစ်သည်။ “အဆိုပါဖြစ်စဉ်မျိုး မိမိတပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များတွင်မဖြစ်ပွားစေရေး Online Shopမှ

ပစ္စည်းမှာယူခြင်းမရှိဘဲ၊ Deliveryသမားများမှ လာရောက်ပို့ဆောင်လိုကြောင်း

ဖုန်းဖြင့်ဆက်သွယ်လာပါက မိမိအိမ်လိပ်စာပေးခြင်း နေအိမ်ရှေ့ထွက်ယူခြင်း၊ ချိန်းဆိုသောနေရာသို့ သွားရောက်ယူဆောင်ခြင်း လုံးဝမပြုလုပ်စေရေး”ဟူသည့် လိုက်နာရမည့်အချက်များကို ရဲမှူးချုပ်ဇော်ထွန်းအောင်လက်မှတ်ဖြင့် ထုတ်ပြန်ထားသည်။

Crd-Original Post

(ZAWGYI)

ရဲဝန္ထမ္းမိသားစုဝင္မ်ား အြန္လိုင္းမွ ေဈးမဝယ္ရန္ လွ်ိဳ႕ဝွက္ၫႊန္ၾကားထားသည့္စာ ေပါက္ၾကား

ရဲတပ္ဖြဲ႕မိသားစုဝင္မ်ားအား အြန္လိုင္းမွ ပစၥည္းမွာယူထားသည္ဟုဆိုကာ အိမ္လိပ္စာေမးၿပီး

လာေရာက္ပ.စ္ခ.တ္သ.တ္ျဖ.တ္မႈမ်ားရွိ‌ေနသည့္အတြက္ အြန္လိုင္းမွ ေဈးဝယ္ျခင္းမျပဳရန္ ဩဂုတ္၂၀ရက္စြဲျဖင့္ထုတ္ျပန္သည့္ လွ်ိဳ႕ဝွက္စာ ေပ.ါက္ၾကားလာခဲ့သည္။

ဒဂုံၿမိဳ႕သစ္ၿမိဳ႕နယ္၊ (၉၀)ရပ္ကြက္ အမွတ္(၉၃/က)တြင္ေနထိုင္သည့္ ဗိုလ္ႀကီးေအာင္မိုး၏ ေယာကၡမျဖစ္သူအသက္ ၅၄ႏွစ္အ႐ြယ္ ေဒၚသီတာေမာင္ေမာင္အား ပစၥည္းလာပို႔သူဟ.န္ေ.ဆာင္ကာ

ေနအိမ္ေရွ႕တြင္ သတ္ျဖတ္သြားမႈ ဩဂုတ္ ၁၉ရက္တြင္ျဖစ္ပြားၿပီးေနာက္ ထိုသို႔စာထုတ္ျခင္းျဖစ္သည္။ ေဒၚသီတာေမာင္ေမာင္သည္ အေဆာင္ငွားသည့္လုပ္ငန္း လုပ္ကိုင္‌ေနသူတစ္ဦးျဖစ္ၿပီး

အမွတ္(၈၈)၊ ေျချမန္တပ္မဌာနခ်ဳပ္ ဆက္သြယ္ေရးတပ္ခြဲမွ ဗိုလ္ႀကီးေအာင္မိုး၏ ေယာကၡမျဖစ္သည္။ “အဆိုပါျဖစ္စဥ္မ်ိဳး မိမိတပ္ဖြဲ႕ဝင္ႏွင့္ မိသားစုဝင္မ်ားတြင္မျဖစ္ပြားေစေရး Online Shopမွ

ပစၥည္းမွာယူျခင္းမရွိဘဲ၊ Deliveryသမားမ်ားမွ လာေရာက္ပို႔ေဆာင္လိုေၾကာင္း

ဖုန္းျဖင့္ဆက္သြယ္လာပါက မိမိအိမ္လိပ္စာေပးျခင္း ေနအိမ္ေရွ႕ထြက္ယူျခင္း၊ ခ်ိန္းဆိုေသာေနရာသို႔ သြားေရာက္ယူေဆာင္ျခင္း လုံးဝမျပဳလုပ္ေစေရး”ဟူသည့္ လိုက္နာရမည့္အခ်က္မ်ားကို ရဲမႉးခ်ဳပ္ေဇာ္ထြန္းေအာင္လက္မွတ္ျဖင့္ ထုတ္ျပန္ထားသည္။

Crd-Original Post