အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် လူထုအတွက်တည်ထောင်ထားသည့်ပါတီဖြစ်သည့်အတွက် ပြည်သူတွေရှိသရွေ့ ပါတီတည်ရှိနေမည်ဖြစ်ကြောင်းနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူထုကိုသတင်းစကားပါးလိုက်သည်။

“အမေပြောတာက အားလုံးကျန်းမာစေဖို့အတွက် ဆုတောင်းပေးနေပါတယ်လို့ပြောတယ်။ ပါတီထောင်တာကလည်း ပြည်သူတွေအတွက်ထောင်ထားဖြစ်တာကြောင့် ပြည်သူတွေရှိသရွေ့ပါတီရှိနေပါမယ်လို့ပြောတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေဖြစ်သူ ဒေါ်မင်းမင်းစိုးကယနေ့ပြုလုပ်သည့် ရုံးချိန်းအပြီးတွင်ပြောသည်။

မေ ၂၄ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ကောင်စီရုံးအတွင်းရှိအဆောက်အဦတစ်ခုတွင်ပထမဆုံးအကြိမ် လူတွေ့ရုံးထုတ်စစ်ဆေးခဲ့သည်။ ကြားနာမှုမတိုင်မီ နံနက် ၉နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်၎င်း၏ရှေ့နေများနှင့် ပထမဆုံးအကြိမ်လူချင်းတွေ့ဆုံဆွေးနွေးခွင့်ရခဲ့သည်။သတင်းနှင့်ဓာတ်ပုံ−ဖရွန်းတီးယားမြန်မာ

Zawgyi Version

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီသည္ လူထုအတြက္တည္ေထာင္ထားသည့္ပါတီျဖစ္သည့္အတြက္ ျပည္သူေတြရွိသေ႐ြ႕ ပါတီတည္ရွိေနမည္ျဖစ္ေၾကာင္းႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က လူထုကိုသတင္းစကားပါးလိုက္သည္။

“အေမေျပာတာက အားလုံးက်န္းမာေစဖို႔အတြက္ ဆုေတာင္းေပးေနပါတယ္လို႔ေျပာတယ္။ ပါတီေထာင္တာကလည္း ျပည္သူေတြအတြက္ေထာင္ထားျဖစ္တာေၾကာင့္ ျပည္သူေတြရွိသေ႐ြ႕ပါတီရွိေနပါမယ္လို႔ေျပာတယ္”ဟု ေဒၚေအာင္ဆန္းစုၾကည္၏ေရွ႕ေနျဖစ္သူ ေဒၚမင္းမင္းစိုးကယေန႔ျပဳလုပ္သည့္ ႐ုံးခ်ိန္းအၿပီးတြင္ေျပာသည္။ေမ ၂၄ရက္ေန႔တြင္ ေဒၚေအာင္ဆန္းစုၾကည္အား ေနျပည္ေတာ္ေကာင္စီ႐ုံးအတြင္းရွိအေဆာက္အဦတစ္ခုတြင္ပထမဆုံးအႀကိမ္ လူေတြ႕႐ုံးထုတ္စစ္ေဆးခဲ့သည္။ ၾကားနာမႈမတိုင္မီ နံနက္ ၉နာရီတြင္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္၎၏ေရွ႕ေနမ်ားႏွင့္ ပထမဆုံးအႀကိမ္လူခ်င္းေတြ႕ဆုံေဆြးေႏြးခြင့္ရခဲ့သည္။သတင္းႏွင့္ဓာတ္ပုံ−ဖ႐ြန္းတီးယားျမန္မာ