သူ့ဆီကိုလိုက်လာရင်း လမ်းခုလတ်မှာ သေဆုံးသွားခဲ့တဲ့ ခွေးလေး မာယာကိုဝမ်းနည်းကြေကွဲစွာနဲ့မြေမြုပ်ပေးနေတဲ့ မင်းမော်ကွန်းရဲ့ဗီဒီယို

သရုပ်ဆောင် မင်းမော်ကွန်းကတော့ လက်ရှိမှာ လွတ်မြောက်နယ်မြေတစ်နေရာသို့ ရောက်ရှိနေတာဖြစ်ပြီးတော်လှန်ရေးအတွက် ကျရာအခန်းကဏ္ဍကနေ တာဝန်ယူထမ်းဆောင်နေတာ ဖြစ်ပါတယ်။

ဇနီးနဲ့ သားဖြစ်သူကိုပါကာကွယ်ပေးနိုင်ရန်အတွက် သူ့အနားမှာ ခေါ်ထားတာလည်း ဖြစ်ပါတယ်။ဇနီးဖြစ်စူမှ တစ်အိမ်လုံးရဲ့ အချစ်တော်ခွေးလေးမာယာကိုပါ တစ်ပါတည်း ခေါ်ဆောင်လာခဲ့ပေမယ့်လည်း

ကျန်းမာရေးမကောင်းတဲ့အတွက် ပင်ပန်းပြီးခရီးတစ်ဝက်မှာပဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။မင်းမော်ကွန်းကလည်း သူ့အချစ်ဆုံးခွေးလေး သေဆုံးသွားတဲ့အတွက် အရမ်းကို ယူကြုံးမရဝမ်းနည်းနေပြီး

အာဏာရှင်လူတစ်စုကို အမြစ်ပြတ်ချေမှုန်းဖို့ အမှုတစ်မှုတိုးလာပြီဖြစ်ကြောင်း ကြုံးဝါးနေတာ ဖြစ်ပါတယ်။

မာယာနဲ့ ပတ်သက်တဲ့ အမှတ်တရများစွာကိုလည်း သူ့ရဲ့လူမှုကွန်ယက်ကနေ တင်ရင်း သတိရနေတာ

ဖြစ်ပါတယ်။မကြာသေးခင် နာရီပိုင်းလောက်ကလည်း မင်းမော်ကွန်းရဲ့ Facebook အကောင့်တွင် လမ်းတစ်ဝက်မှာတင် သေဆုံးသွားတဲ့ မာယာလေးကို သေချာမြေမြှပ်ပေးရင်း မျက်ရည်တွေနဲ့ ဆို့နင့်ကြေကွဲနေတဲ့

ဗီဒီယိုဖိုင်လေးကို ဝေမျှပေးထားတာ ဖြစ်ပါတယ်။ခရီးလမ်းမှာ သူနေမကောင်းဖြစ်နေတာကိုပဲ အာရုံရောက်နေတာကြောင့် လူတွေအစစ်မခံခဲ့ရကြောင်းနဲ့ အသက်ကိုစတေးသွားတဲ့ မာယာလေးကို ကြည့်ပြီး

ရင်ကွဲနေရကြောင်း ဝမ်းနည်းစွာဖြင့် ရေးသားထားတာ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း မာယာလေးရဲ့ အမှတ်တရဗီဒီယိုဖိုင်လေးကိုကြည့်ပြီး မင်းမော်ကွန်းတို့ မိသားစုနှင့်ထပ်တူစိတ်မကောင်းဖြစ်နေကြတာ

ဖြစ်ပါတယ်။နောက်ဆုံးထွက်သက်အထိ သခင်တွေရဲ့ အချစ်တွေကို ရရှိခဲ့တဲ့ မာယာလေး မြင့်မြတ်တဲ့ ဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source Kyaw Kyaw Htay Lwin

(ZAWGYI)

သူ႔ဆီကိုလိုက္လာရင္း လမ္းခုလတ္မွာ ေသဆုံးသြားခဲ့တဲ့ ေခြးေလး မာယာကိုဝမ္းနည္းေၾကကြဲစြာနဲ႔ေျမျမဳပ္ေပးေနတဲ့ မင္းေမာ္ကြန္းရဲ႕ဗီဒီယို

သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းကေတာ့ လက္ရွိမွာ လြတ္ေျမာက္နယ္ေျမတစ္ေနရာသို႔ ေရာက္ရွိေနတာျဖစ္ၿပီးေတာ္လွန္ေရးအတြက္ က်ရာအခန္းက႑ကေန တာဝန္ယူထမ္းေဆာင္ေနတာ ျဖစ္ပါတယ္။

 


ဇနီးနဲ႔ သားျဖစ္သူကိုပါကာကြယ္ေပးႏိုင္ရန္အတြက္ သူ႔အနားမွာ ေခၚထားတာလည္း ျဖစ္ပါတယ္။ဇနီးျဖစ္စူမွ တစ္အိမ္လုံးရဲ႕ အခ်စ္ေတာ္ေခြးေလးမာယာကိုပါ တစ္ပါတည္း ေခၚေဆာင္လာခဲ့ေပမယ့္လည္း

က်န္းမာေရးမေကာင္းတဲ့အတြက္ ပင္ပန္းၿပီးခရီးတစ္ဝက္မွာပဲ ေသဆုံးသြားခဲ့တာ ျဖစ္ပါတယ္။မင္းေမာ္ကြန္းကလည္း သူ႔အခ်စ္ဆုံးေခြးေလး ေသဆုံးသြားတဲ့အတြက္ အရမ္းကို ယူႀကဳံးမရဝမ္းနည္းေနၿပီး

အာဏာရွင္လူတစ္စုကို အျမစ္ျပတ္ေခ်မႈန္းဖို႔ အမႈတစ္မႈတိုးလာၿပီျဖစ္ေၾကာင္း ႀကဳံးဝါးေနတာ ျဖစ္ပါတယ္။

မာယာနဲ႔ ပတ္သက္တဲ့ အမွတ္တရမ်ားစြာကိုလည္း သူ႔ရဲ႕လူမႈကြန္ယက္ကေန တင္ရင္း သတိရေနတာ

ျဖစ္ပါတယ္။မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း မင္းေမာ္ကြန္းရဲ႕ Facebook အေကာင့္တြင္ လမ္းတစ္ဝက္မွာတင္ ေသဆုံးသြားတဲ့ မာယာေလးကို ေသခ်ာေျမျမႇပ္ေပးရင္း မ်က္ရည္ေတြနဲ႔ ဆို႔နင့္ေၾကကြဲေနတဲ့

ဗီဒီယိုဖိုင္ေလးကို ေဝမွ်ေပးထားတာ ျဖစ္ပါတယ္။

ခရီးလမ္းမွာ သူေနမေကာင္းျဖစ္ေနတာကိုပဲ အာ႐ုံေရာက္ေနတာေၾကာင့္ လူေတြအစစ္မခံခဲ့ရေၾကာင္းနဲ႔ အသက္ကိုစေတးသြားတဲ့ မာယာေလးကို ၾကည့္ၿပီး

ရင္ကြဲေနရေၾကာင္း ဝမ္းနည္းစြာျဖင့္ ေရးသားထားတာ ျဖစ္ပါတယ္။

ပရိသတ္ေတြကလည္း မာယာေလးရဲ႕ အမွတ္တရဗီဒီယိုဖိုင္ေလးကိုၾကည့္ၿပီး မင္းေမာ္ကြန္းတို႔ မိသားစုႏွင့္ထပ္တူစိတ္မေကာင္းျဖစ္ေနၾကတာ

ျဖစ္ပါတယ္။ေနာက္ဆုံးထြက္သက္အထိ သခင္ေတြရဲ႕ အခ်စ္ေတြကို ရရွိခဲ့တဲ့ မာယာေလး ျမင့္ျမတ္တဲ့ ဘုံဘဝသို႔ ေရာက္ရွိပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။

Source Kyaw Kyaw Htay Lwin