“ယင်းမာပင်တာ၀ရွာမှ လူနာတွေအတွက် အောက်စီဂျင်နဲ့ ဆေးဝါးများကို ရေထဲကနေခက်ခက်ခဲခဲသယ်ယူခဲ့ရ”

ဒီနေ့ မိုးကရွာ ချောင်းရေက ကြီးနေလို့ ရန်ကုန်က ဆရာကြီးDrခင်မောင်မောင် ပို့လှူလိုက်သော ဆေးများနှင့်ရှမ်းပြည်နယ်ကဟင်းချက်စရာများ မုံရွာမြို့မှ သိန်းဇမ္ဗူအောင်မိသားစုတို့လှူဒါန်း အကျိုးဆောင်ပေးသော အောက်စီဂျင်အိုးများကိုရွှေဆံပင်အဖွဲ့မှ

နေပူမရှောင်မိုးရွာမရှောင် ကြိုးစားအားထုတ်ပြီးကုန်းတတန်ရေတတန် ကား၊သုံးဘီး ၊နွားလှည်း တို့ဖြင့် တာ၀ရွာရေကူးကျွမ်းကျင်တဲ့ လူငယ်များရဲ့အကူညီဖြင့် လူနာတွေဆီအရောက်ပို့ပေးနိုင်ခဲ့ကြပါတယ်။

တကယ်လို့ ရောက်အောင်မပို့နိုင်ရင်လူနာ၉ယောက်ဒီညအောက်စီဂျင်ပြတ်မှာဖြစ်ကြောင်းလည်းသိရပါတယ်။

Photo-Shwesanpinsayartaw

(ZAWGYI)




