ရွှေကျီးမုန့်တိုက်ရဲ့ ယုတ်မာမှုများကို  ​ဖော်ထုပ်လိုက်ပါပြီ(Boycott လုပ်ပေးကြပါ)

ရွှေကျီးမုန့်တိုက်ရဲ့ ယုတ်မာမှုများကို  ​ဖော်ထုပ်လိုက်ပါပြီ(Boycott လုပ်ပေးကြပါ)

ကျွန်တော်လဲ ရွှေကျီးအကြောင်းပြောပြီ

တစ်ခုတော့ ကြိုပြောပါရစေ
အရင်ကဘာလို့မတင်တာလဲလို့မေးကြပြောကြလိမ့်မယ် ကျွန်တော့်ဆရာကိုပြောပြတော့ ဆရာကမလုပ်ပါနဲ့မတင်ပါနဲ့လို့တားခဲ့လို့ပါ

ကျွန်တော်နန်းဦးလွင်ရပ် အများသိတဲ့ ၁၉ လမ်းရွှေကျီးမှာအရောင်းပိုင်းလုပ်ခဲ့ဖူးတယ် အဆင်မပြေပေမယ့်နယ်ထွက်ရတာသဘောကျလို့လုပ်ခဲ့တာ အလုပ်ချိန်အရမ်းများတယ် interview တုန်းက အလုပ်ချိန်ကနယ်ဆိုရင်မနက် ၅ နာရီ ည ၇ နာရီတဲ့ မြို့တွင်းဆို မနက် ၇ နာရီ ညနေ ၆ နာရီတဲ့ နယ်ထွက်ရင်(တစ်ခါ တစ်လေ)စောသွားရတယ်တဲ့ မြို့တွင်းအချိန်ကမှန်ပေမယ့် နယ်ထွက်ရတာက အပြောနဲ့တစ်ခြားစီပဲ မနက် ၄ နာရီထွက်တယ် ညကျတော့ အချိန်အတိကျမရှိဘူး ည ၈/၉/၁၀ထိရောက်တယ်အရောင်းပိုင်းကဆိုတော့ စက်ရုံကကိစ္စတွေတော့သေချာမသ်ိပေမယ့်ကြားရတဲ့စကားတွေက ကလေးတွေအတွက်တကယ်သနားဖို့ကောင်းတယ်သူတို့ခမျာပညာကိုဆုံးခန်းတိုင်အောင်မသင်ခဲ့ရလို့လာလုပ်နေရတာ ပေးတဲ့လစာကနဲ ဒဏ်ကြေးကများနေတာ အပြင်မှာကြက်ဥတစ်လုံး ၁၀၀ ရနေတာကို သူတို့ဆီမှာ ၁၅၀နဲ့ဝယ်ရတယ် အပြင်ထွက်ခွင့်ကြမပေးဘူး

တကယ်ဆိုကိုယ့်ဝန်ထမ်းတွေကိုလျှော့ရောင်းပေးရမှာ ကျွန်တော်ကြုံခဲ့ရတာပဲပြောပြမယ်၂ လနီးပါအရောင်းပိုင်းလုပ်ခဲ့တယ် နိုင်ငံရေးအခြေနေမကောင်းလို့ မိဘတွေက စိတ်ပူလို့ပြန်ခေါ်တယ်ဗျာ အလုပ်လုပ်ထုံးလုပ်နည်းတွေကျွန်တော်နားလည်သင့်သလောက်နားလည်တယ် HR ဆီကို အလုပ်ထွက်မယ့်အကြောင်းကြိုအသ်ိပေးတယ် ၁၀ရက်လောက်တော့ဆင်းပေးပါအုံးတဲ့ Ok ကျွန်တော်ဆင်းပေးမယ်ပြောလိုက်တယ်၁၀ရက်မတိုင်ခင်၇ ရက်နေ့မှာ ပိုင်ရှင်ကစကားပြောမလို့ဆိုပြီးလာပြောတယ်ကျွန်တော့်ကိုအလုပ်နားတော့တဲ့ ကျွန်တော့်လုပ်အားခပြောတော့ HR နဲ့ပြောတဲ့ HR လာတဲ့ထိစောင့်ပေးရတယ်အေးဆေးပဲနော်ပိုင်ရှင်နဲ့ပြောတာလဲ HRလာတော့ လုပ်အားခပြောတာပေါ့ အမှန်တကယ် ဘယ်အလုပ်မဆို အလုပ်ထွက်ပြီဆိုရင် လုပ်အားခ တစ်ခါတည်းရှင်းပေးရတာနော်

သူတို့ကလကုန်မှရှင်းပေးမယ်တဲ့ HR က အန်တီလွှဲပေးလိုက်မယ်ငါ့သားတဲ့ wave money ကနေ ဟုတ်ကဲ့ဆိုပြီးအေးအေးဆေးဆေးပြောပြီးထွက်လာခဲ့တာ လကုန်ပြီး ၁ ရက်နေ့ဆက်သွယ်မလာဘူး ၂ရက်နေ့မပြောသေးဘူး ၃ရက်နေ့ ဖုန်းဆက်မေးလိုက်တယ် အန်တီ ကျွန်တော့်လုပ်အားခလေးဆိုတော့ ဘာပြောတယ်မှတ်လဲ ပိုင်ရှင်ကလကုန်ထိဆင်းမပေးလို့ရှင်းမပေးတော့ဘူးတဲ့ ကျွန်တော်ကြိုပြီးတော့ထွက်မယ့်အကြောင်းပြောတယ် သူတို့ ၁၀ရက်ထိတောင်းဆိုလို့ဆင်းပေးမာ်လုပ်တော့ ၇ ရက်နေ့မှာပဲနားတော့လို့သူတို့ပဲပြောတယ် ကျွန်တော်နဲ့အတူထွက်တဲ့တစ်ယောက်ရှိတယ် သူ့ကိုတော့လုပ်အားခရှင်းပေးတယ်တဲ့ သူက အမတို့ဘက်ကအလုပ်ထုတ်လိုက်တာမို့တဲ့ကျွန်တော်လဲအထုတ်ခံရသလိုဖြစ်တာပဲလေ ၁၀ရက်ပြောပြီး၇ရက်နဲ့နားခိုင်းတာ လေဘာရုံးတိုင်မယ်လုပ်တော့ ကြိုက်တဲ့ဆီသွားတဲ့ ကျွန်တော်က နယ်ကဆိုတော့အသွားလာခက်ခဲတယ်ဗျာ လိုင်းပေါ်တင်မယ် ရုံးတိုင်မယ်လို့ ကျွန်တော့်ဆရာကိုပြောပြတော့ ဆရာကမလုပ်ပါနဲ့တားလို့ ဖြောင်းဖြလို့ကျွန်တော်ငြိမ်နေခဲ့တာ ညီမလေးတစ်ယောက်တင်ထားတာတွေ့တော့ လူသားမဆန်မှုတွက်မခံနိုင်လို့ တင်လိုက်တာ အဆိုးဆုံးက အသက်မပြည့်သေးတဲ့ ကလေးတွေရောပါနေပါတယ်

ကျွန်တော်လုပ်ခဲ့စဥ်တုန်းက HRကဝန်ထမ်းဘက်ကို​ကြည့်မ​​ပေးဘူး HRဆိုတာဝန်ထမ်းနဲ့ပိုင်ရှင်ကြားအဆင်ပြေအောင်လုပ်ပေးရတာကိုသူကပိုင်ရှင်ဘက်ကပဲလိုက်ပြောပေးတယ်ဝန်ထမ်းခေါ်ရင်ဘာမှမသိမတတ်တဲ့နယ်ကလူတွေခေါ်တာများပါတယ် အပြောတစ်မျိုး အလုပ်တစ်မျိုးလုပ်ပါတယ်ကျေးဇူးပြုပြီးရွှေကျီးမုန့်တိုက်ကို Boycott လုပ်ပေးကြပါ 🙏🙏🙏 များများ share ပေးကြပါဗျာ