ရှေ့တန်း မထွက်လို၍ တပ်မ ၆၆ မှ စစ်သားတချို့ တပ်ထဲမှ ထွက်ပြေး

ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့၏ တောင်ဘက် မိုင် ၂၀ အကွာ ရန်ကုန်-ပြည်ကားလမ်းမဘေးရှိ အင်းမမြို့တွင် အခြေစိုက်သော အမှတ်(၆၆) ခြေမြန်တပ်မဌာနချုပ်မှ စစ်သားတချို့သည်

ရှေ့တန်းထွက်ဖို့မလိုက်လို၍ ထွက်ပြေးသွားကြကာ

ထိုထွက်ပြေးကာ CDMလုပ်သွားကြတဲ့စစ်သားများ၏ ၎င်းတို့နေထိုင်ခဲ့ရာ ဇာတိမြို့များကိုစုံစမ်းပြီး နေရပ်ထိလိုက်လံရှာဖွေဖမ်းဆီးရန် သြဂုတ်လ၂၆ရက်နေ့ကတပ်မမှူးနှင့် ဒကစ(ပြည်)မှညွှန်ကြားထားကြောင်း

ဒေသတွင်းသတင်းရင်းမြစ်တစ်ခုဖြစ်တဲ့ pyayundergroundnews ထံမှသိရှိရပါသည် ယခုလိုထွက်ပြေးသွားကြသူများဟာ ကရင် ကချင် ကယား စတဲ့ဒေသများကို ရှေ့တန်းသွားရောက်ရမည်ကိုမလိုက်နာနိုင်၍

မိမိတို့အသက်ကိုအကျိုးမဲ့မသေလို၍ ပြည်သူ့ဘက်ရပ်တည်ရန်ထွက်ပြေးခြင်းဖြစ်ပြီး အဆိုပါထွက်ပြေးသွားကြတဲ့စစ်သားဦးရေမည်မျှရှိသည်ကို မသိရှိရဘဲ

အနည်းဆုံးဆယ်ဂဏန်းအထိရှိနိုင်ကြောင်း ဒေသခံတချို့၏ ပြောကြားချက်များအရသိရှိရပြီး ထွက်ပြေးသူဦးရေစာရင်းကိုသီးခြားအတည်မပြုနိုင်သေးပါ အဆိုပါ အင်းမအခြေစိုက် အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်သည်

စစ်ကောင်စီ လက်အောက်ခံတပ်မများထဲတွင် နာမည်ဆိုးဖြင့် ကျော်ကြားတဲ့တပ်မများထဲမှတစ်ခုဖြစ်ပြီး ၈၈လူထုတော်လှန်ရေး ၂၀၀၇ရွှေဝါရောင်တော်လှန်ရေး စတဲ့အရေးအခင်းများကို ရက်စက်စွာဖြိုးခွင်းခဲ့ကာ

ရဟန်းရှင်လူပြည်သူများကိုသ.တ်ခဲ့ကြောင်းသိရကာ ယခု၂၀၂၁နွေဦးတော်လှန်ရေး၏ အကြ.မ်းမဖက်ဆန္ဒပြပွဲများ၌

`တစ်တပ်လုံးပျောက် (၆၆)´ ဟုလူထုမှ နာကြည်းစွာအော်ဟစ်ဆန္ဒပြသည်ကိုတွေ့ရသည် ပဲခူးတိုင်းအတွင်းမှ တပ်မ၆၆လက်အောက်ခံ တပ်များမှစစ်သားတချို့ ထွက်ပြေးမှုများရှိနေပြီး

စစ်တပ်အတွင်းမှထိုသတင်းများကိုအမှောင်ချထားကာ စစ်တပ်ထောက်ခံသူများမှ ထိုထွက်ပြေးတဲ့သတင်းများကိုမယုံကြည်ကြဘဲ

ထွက်ပြေးခြင်းမရှိဟုဘူးခံငြင်းကာ သတင်းမှားများအား အကောင့်တုများနှင့်သာမက အကောင့်စစ်များနှင့်ပါ ဝါဒဖြန့်ရေးသားနေသေည်ကိုတွေ့ရသည် မြေပြင်တွင်အမှန်တကယ်ထွက်ပြေးနေကြောင်းကို စစ်ကောင်စီတပ်မှ ပြည်သူနဲ့ပူးပေါင်းလိုကြသူစစ်သားများကိုကူညီပေးနေတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့မှ

ဗိုလ်ကြီး လင်းထက်အောင်မှ ၁၅၀၀ကျော်အထိCDMပြုလုပ်ထားကြောင်းမြန်မာနောင်းသတင်းဌာနကိုပြောကြားထားပါသည် တပ်မ၆၆သည် ယခင်က အင်းမဒေသတွင်အခြေမစိုက်ပါ

။ပြည်ဒေသတွင်အခြေစိုက်ခဲ့ခြင်းဖြစ်သည်နောက်ပိုင်းတွင်မှ အင်းမဒေသသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

တပ်မ၏ လက်အောက်ခံတပ်ရင်း ၃ရင်းနှင့် လက်ရုံးတပ်ဖွဲ့များမှာ တပ်မဌာနချုပ် အနီးတွင်တည်ရှိပြီး ကျန်တပ်ရင်းများမှာ အင်းမမြို့နှင့် အနည်းငယ် ဝေးသည့် မြို့များတွင်တည်ရှိသည် တပ်မဌာနချုပ်တည်ရှိသည့်နေရာမှာ မအူကန်ရွာရှိ ပေနှစ်ရာကျော်ခန့်မြင့်သော

တောင်ကုန်းပေါ်တွင်ဖြစ်သည် ထို့ကြောင့်လည်းဒေသခံများက တပ်မတည်နေပုံမှာကုန်းပေါ်တွင်ဖြစ်သောကြောင့် ထိုတပ်မအား ကုန်းပေါ် ဟုလည်းခေါ်လေ့ရှိသည်။

Crd-Original Post