လူငယ်လေးတွေရဲ့  အိမ်မှာနေတဲ့ ပုံစံနဲ့ အခုပုံစံကိုပြောပြလာတဲ့ PDF အဖွဲဝင်တစ်ဦး

အိမ်မှာ ဈေးဝယ်ခိုင်းရင် ဆောင့်အောင့်နေတဲ့ကောင်က
အခုတော့ ငါ့ညီရေ ရေသွားခပ်ဆိုရင်
” ဟုတ်ကဲ့ ကိုကြီး အခုသွားပါမယ် ” တဲ့

သတင်းမဖတ် ဂိမ်းပဲဆော့တဲ့ ကောင်က
” စစ်ပညာစာအုပ်တွေ ဖတ်ပီး ” ဆွေးနွေးနေတက်ပြီ

အိမ်မှာဆို အပျင်းကြီးတဲ့ ကောင်က
” မနက်ဆို PT ချိန်မရောက်ခင် အဆင်သင့်ဖြစ်နေပြီ ”

နေဖင်ထိုးမှ ထတဲ့သူက ခုတော့
” မနက် လေးနာရီဆို အိပ်ယာထပြီး တန်းစီနေပြီ ”

Online Classesတောင် မတတ်တဲ့ကောင်က ခုတော့
” တား ၊ ခီး ၊ ဿး ၊ လြီး ၊ ယဲ ” ဆိုပြီး ကရင်လို
” တစ် ၊ နှစ် ၊ သုံး ၊ လေး ၊ ငါး ” အလွတ်ရနေပြီတဲ့

ငါးဟင်းဆို ဆူအောင့်နေတဲ့ကောင်က ခုတော့
” ငါးသေတ္တာဗူးလေး ကို မျှတစွာ စားတတ်နေပြီ ”

အိမ်မှာဆို အလုပ်လေးများ
ခိုင်းရင် ပြစ်ပြစ် လုပ်တဲ့ကောင်က အခုတော့
“တောထဲ တောင်ထဲ ပြင်းပြင်းထန်ထန် လေ့ကျင့်နေတယ် ”

အိမ်မှာဆို skin care တဲ့ ကောင်က ခုတော့
” မြစ်ရေချိူး ၊ မြစ်ရေနဲ့ သွားတိုက်တယ် ” တဲ့

ငါးတောင်မမျှားဖူးတဲ့ကောင်က ခုတော့
” မအလ တွေကို သတ်မှကို ဖြစ်မှာ ” ဆိုပြီး
အံ့ကြိတ်နေလေရဲ့

” သေနတ်ကို လက်ညိုးကွေးရင် ရပါတယ် ” ဆိုတဲ့
ကောင်က အခုတော့
” သေနတ် ပစ် သန်မာရမယ် ” ဆိုပြီး ဒိုက်တွေထိုး
မိကျောင်းသွားတွေ လေ့ကျင့်နေလေရဲ့

ဟင်းမကောင်းရင် မစားတဲ့ကောင်က ခုတော့
မားမား နဲ့ မာလာဖူး ရေလုံပြုတ် က နတ်သုဓ္ဒါ ” တဲ့

သေနတ်ဆိုတာ Action ဇာတ်လမ်းတွေထဲမှာပဲ
မြင်ဖူးတဲ့ သူက ခုတော့
” သေနတ်တွေကို အဖြုတ်တပ် လုပ်တတ်နေပြီ ” တဲ့

အသက်တောင် ပြင်းပြင်းမရှူတဲ့ကောင်က ခုတော့
” တောင်သုံးလုံးကျော်ပြီး ထင်းရှာ ဝါးခုတ်နေတယ် ”

နေမကောင်းရင် ဆေးရုံတန်းသွားတဲ့ ကောင်က
အခုဆို ပါရာစီတေမာ့ ကို တ၀က်စီ မျှဝေသောက်နေပြီ

တခုခုဆို လက်ရှောင်တတ်တဲ့ကောင်က ခုတော့
” မင်းနားလေ ငါလုပ်လိုက် မယ် ” တဲ့

ဖွန်ကြောင်တတ်ပေမဲ့
မကြင်နာတတ်တဲ့ကောင်က ခုတော့
” သားကြီး ငါဆေးထည့်ပေးရမလား ” တဲ့

အစစရာရာ ပြောင်းလဲသွားပါပြီ …..

တကယ်ကို ပြောင်းလဲသွားပါပြီ ……

အရင်ကထက် ကောင်းမွန်စွာနဲ့
အရင်ကထက် သာလွန်တဲ့ နေ့ရက်တွေကို ရဖို့ …

” အခုတော့ မိုးမလုံ တဲ့ တဲအိမ်လေးမှာ နားကိုစွင့်ပြီး
သတိကြီးစွာနဲ့ လက်နက်ပိုက်ပြီး အိပ်ပါဦးမယ် ” တဲ့.

ဒုက္ခတွေကြားထဲကပဲ
ပန်းခင်းလမ်းကို ရောက်နိုင်မှာမို့
ငါတို့ ဒီလမ်းကိုပဲ ဆက်လျှောက်ကြရအောင်

ပင်ပန်းဆင်းရဲ ဒုက္ခခံ ကြမ်းတမ်းတဲ့ အခက်အခဲတွေကြား
စိတ်ဓာတ်မကျပါနဲ့ ကျွန်တော်တို့ နိုင်ကိုနိုင်ရမည်

Crd-Original Post