မွေးရာပါအစာအိမ်ပြွန် မပါတဲ့သားလေးအတွက် ဆေးဖိုးလှူဒါန်းပေးလိုက်တဲ့ ခိုင်နှင်းဝေ

ပရိသတ်တွေရဲ့အချစ်တော် ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေကတော့ ဒီနေ့မှာ ကလေးငယ်တစ်ယောက်အတွက် ဆေးဖိုးလှူဒါန်းတဲ့ အလှူလေးတစ်ခုကို ပြုလုပ်လှူဒါန်းပေးခဲ့ပါသေးတယ်။

ကလေးငယ်လေးကတော့ မွေးရာပါ အသာအိမ်ပြွန်မပါတဲ့ အတွက် ဆေးကုသမှုခံယူနေရတဲ့ သားငယ်လေးတစ်ယောက်ပဲဖြစ်ပါတယ်။

လတ်တလောမှာ သားငယ်လေးက အစာပိုက်ဖြုတ်ပြီး အစားထည့်ဖို့ အခက်အခဲဖြစ်နေတာဖြစ်ပြီး ခိုင်နှင်းဝေကတော့ ဆေးရုံတက်ဆေးကုသဖို့ အလှူငွေ (၂)သိန်းကို လှူဒါန်းပေးခဲ့တာပါ။

ဝေဒနာရှင်သားငယ်လေးကတော့ ခွဲစိတ်ကုသမှုပြုလုပ်ဖို့အတွက် အသက် (၅)နှစ်ပြည့်မှခွဲစိတ်ကုသလို့ရမှာဖြစ်တဲ့အတွက် လောလောဆယ် လတ်တလော လတ်တလော အစားစားဖို့ အဆင်ပြေအောင် လိုအပ်တဲ့ဆေးဖိုးလှူဒါန်းပေးခဲ့တာပါတဲ့။

ပရိသတ်ကြီးရေ ခိုင်နှင်းဝေရဲ့ ဒုက္ခရောက်နေတဲ့သူတွေကအကူညီတောင်းခံလာရင် အရုပ်လတ်မြတ်မရွေးအကူအညီပေးတတ်တဲ့ စိတ်ထားလေးကတော့

တကယ်ကို မွန်မြတ်ပြီး ချီးကျူးထိုက်တဲ့ စိတ်ထားလေးပါပဲနော်။ပရိသတ်ကြီးရေ ခိုင်နှင်းဝေရဲ့ အလှူဒါနလေးကို ပရိသတ်ကြီးတွေကသာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Khine Hnin Wai

Crd-Original Post