သွေးတိုးရောဂါရှိသူများအတွက် တစ်နေ့ နှစ်ကြိမ် ပုံမှန် သောက်ပေးခြင်းဖြင့် သွေးတိုးခြင်းမှ ကာကွယ်နိုင်ပါတယ်

ရုတ်တရက် သွေးတိုးနေတဲ့အခါမျိုးမှာ ခေါင်းမူးခြင်း ၊မျက်နှာအစ်မို့ခြင်း ၊ ဇက်ကြောထိုးခြင်း များ ခံစားရပါတယ် ။ သွေးပေါင်ချိန် အများကြီးတက်နေတာဟာ အသက်အန္တရာယ်ပေးနိုင်တဲ့အထိကို အန္တရာယ်ရှိပါတယ် ။

ဒီလို မိမိကိုယ်ကို သွေးတိုးသည်ဟု သိသည်နှင့် တပြိုင်နက် ပုံမှန်ပြန်ဖြစ်အောင် လုပ်ဖို့ လိုပါတယ် ။ အဲ့ဒိအတွက် ဆေးသောက်စရာမလိုဘဲ ကိုယ့်ရဲ့ အိမ်​မှာရှိတဲ့ မီးဖိုချောင်ပစ္စည်းတွေနဲ့ ပြုလုပ်လို့ရပါတယ် ။

၁။ သံပုယိုသီး (သို့) သံပုရာသီး

သံပုယိုသီး (သို့) သံပုရာသီးကို အရည်ညှစ်ပြီး ရေဖြင့်ဖျော်သောက်ပါ။ သွေးတိုးနေတဲ့အချိန်မှာ သောက်လျှင်လည်း သွေးပေါင်ချိန်ပုံမှန်ပြန်ဖြစ်အောင် လုပ်နိင်သလို သွေးတိုးရှိသူများအနေဖြင့်လည်း မနက်စာစားတိုင်းမှာ သောက်သုံးပေးခြင်းဖြင့် သွေးပေါင်ချိန် မတက်အောင် ပြုလုပ်လို့ ရပါတယ် ။ အရည်ညှစ်ဖို့ အချိန်မရှိရင်တော့ အလုံးလိုက်သာ မြန်မြန်လေး ကိုက်စားလိုက်ပါ ။

၂။ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ သွေးလည်ပတ်မှုအတွက် အရမ်းကောင်းမွန်ပြီး ဒီလိုသွေးတိုးတဲ့အချိန်အပြင် နှလုံးသွေးကြောကျဉ်းရောဂါကြောင့် အသက်ရှူကြပ်တဲ့အခါမျိုးမှာလည်း အသုံးပြုလို့ရပါတယ် ။ နည်းလမ်းကတော့ ရိုးရှင်းပါတယ် ။

ကြက်သွန်ဖြူ ၂-ခုမှ၄-ခုကို ဝါးပေးရမှာပါ ။ ဒီအတိုင်းဝါးမစားချင်ဘူးဆို ကြိတ်ပြီးမှ ရေဖြင့် မျှောချလည်းရပါတယ် ။ သွေးတိုး ၊နှလုံးရောဂါရှိသူများ နေ့စဉ်ပုံမှန် ကြက်သွန်ဖြူ ၃ခုလောက် စားပေးတဲ့အကျင့်ကိုလည်း မွေးမြူထားသင့်ပါတယ်။

၃။Baking Soda နှင့် ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်မှာပါဝင်တဲ့ ကယ်လ်စီယမ် ၊ ပိုတက်စီယမ် ၊ မဂ္ဂနီဆီယမ်ဓါတ်တွေဟာ သွေးလည်ပတ်မှုကို များစွာ အထောက်အကူပေးပြီး သွေးပေါင်ချိန်တက်ခြင်းကို လျှော့ချပေးပါတယ်။

ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁-ဇွန်းထဲသို့ ဆိုဒါမှုန့် လက်ဖက်ရည်ဇွန်း ၈-ပုံ၁-ပုံခန့် ထည့်မွှေပြီး သောက်ပါ ။

တစ်နေ့ နှစ်ကြိမ် ပုံမှန် သောက်ပေးခြင်းဖြင့် သွေးတိုးခြင်းမှ ကာကွယ်နိုင်ပါတယ် သွေးတိုးရောဂါရှိသူများအတွက် ဒီနည်းလမ်းက များစွာကောင်းကျိုး ရှိမှာပါ ။ဖော်ပြပါနည်းလမ်းတွေကို မှတ်သားပြီး ကိုယ်တိုင်သွေးတိုးတဲ့အခါ ဖြစ်စေ ၊မိသားစု၊မိတ်ဆွေများ ရုတ်တရက် သွေးတိုးတဲ့အခါဖြစ်စေ ဆေးမလိုဘဲ အမြန်ကုသပေးနိုင်မှာ ဖြစ်ပါတယ်။

Crd-Original Post