သူမတို့ရဲ့ချစ်သူသက်တန်း (၈)လပြည့်တဲ့ နေ့လေးမှာ ချစ်သူဆီက တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တစ်ခုရရှိလိုက်တဲ့ M ဆိုင်းလု

ပရိသတ်ကြီးရေ ကချင်တိုင်းရင်းသူလေး M ဆိုင်းလုကတော့ အမျိုးသားထုကြီးရဲ့ အားပေးမှုတွေကို သိမ်းပိုက်ထာသူတစ်ယောက်ပါနော်။

သူများတွေလို လိုင်းမကြောင်ဘဲ မော်ဒယ်လောကမှာသာ ရပ်တည်နေတဲ့ M ဆိုင်းလုကတော့ သူမတွင် ချစ်ရတဲ့သူရှိနေပြီ ဆိုတဲ့အကြောင်း ဝန်ခံထားခဲ့ပါတယ်နော်။

M ဆိုင်းလု ချစ်သူရသွားပြီဆိုတဲ့ သတင်းဟာ ယောကျာ်းလေးပရိသတ်တွေအတွက်တော့ အရမ်းကို ဝမ်းနည်းစရာကောင်းခဲ့ပါတယ်နော်။

M ဆိုင်းလုကလည်း ချစ်သူနဲ့ ပျော်ရွှင်နေတာတွေကို အခါအားလျော်စွာ မျှဝေပေးလျက် ရှိနေပါတယ်နော်။ အခုလည်း ချစ်သူကောင်လေးပေးတဲ့ လက်ဆောင် တစ်ခုကို ထုတ်ကြွားလာခဲ့ပါပြီနော်။

အခုဆိုရင် သူ့ကောင်လေးနဲ့ တွဲလာတာ (၈) လပြည့်ပြီဖြစ်တာကြောင့် အမှတ်တရအနေနဲ့ ” 8 months “ လို့ ရေးထားတဲ့ ကိတ်မုန့်လေးကို လက်ဆောင်အဖြစ် ရရှိခဲ့ပါတယ်နော်။

ပရိသတ်ကြီးရော ဆိုင်းလုတို့အတွဲလေးကို အားကျနေပြီ မဟုတ်လား????

Crd-Original Post

(ZAWGYI)








Crd-Original Post