ခုလိုတိမ်းရှောင်နေရတဲ့အချိန်မှာ တစ်ယောက်တည်းစိတ်ဓာတ်ကျနေရတာတွေကို မခံစားနိုင်တော့ကြောင်း ဝမ်းနည်းစွာနဲ့ပြောပြလာတဲ့ သဇင်ထူးမြင့်

ခုလိုတိမ်းရှောင်နေရတဲ့အချိန်မှာ တစ်ယောက်တည်းစိတ်ဓာတ်ကျနေရတာတွေကို မခံစားနိုင်တော့ကြောင်း ဝမ်းနည်းစွာနဲ့ပြောပြလာတဲ့ သဇင်ထူးမြင့်

သရုပ်ဆောင်သဇင်ထူးမြင့်ကတော့သရုပ်ဆောင်ခင်လှိုင်ရဲ့ သမီးလို့အများကသိကြပြီးအကယ်ဒမီရွှေကြိုတွေမှာပါဝင်လာရင်းချစ်စရာကောင်းတဲ့အမူအရာကြောင့်ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားပါတယ်။

သဇင်ထူးမြင့်ကတော့ အလှူအတန်းတွေမှာလဲမိသားစုလိုက်ရက်ရက်ရောရောရှိပြီးပြုလုပ်တတ်သေးပါတယ်နော်။

သဇင်ထူးမြင့်ကတော့တော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူအမှန်တရားဘက်က တစ်သားတည်းပါဝင်ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့ပါတယ်၊

အခုတစ်ခါမှာဆိုရင်လဲသဇင်ထူးမြင့်ကတစ်ယောက်တည်း စိတ်ဓာတ်ကျနေတာကိုမနည်းရင်ဆိုင်နေရကြောင်းကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။သဇင်ထူးမြင့်ကအရာရာအဆင်မပြေတဲ့ ကာလကြီးမှာအေးဆေးလေးတော့ပေးနေကြပါ၊

တောင်းပန်ပါတယ်၊တစ်ယောက်တည်းစိတ်ဓာတ်ကျနေတာတွေကိုမနည်း ရင်ဆိုင်နေတာပါ၊ကြားထဲကလိုက်ဖြေရှင်းလိုက်တောင်းပန်နေရတာမောလှပြီ၊အသက်ဝဝရှုပါရစေ။

အလုပ်တွေနားထားတာ၂လပိုင်းထဲကပါ၊ကိုယ်ပိုင်ဘဝမှာစိတ်ပင်ပန်းမှုအပြည့်ရှိနေတာမို့ ထပ်တောင်းပန်အောင်မလုပ်ကြပါနဲ့၊တစ်ယောက်ထဲပြိုလဲကျရုံကလွဲပြီးမရှိတာမို့ပါဆိုပြီးတော့သူမရဲ့FacebookStoryမှာဝမ်းနည်းစွာရေးသားဖော်ပြထားပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Crd-Original Post

(ZAWGYI)








Crd-Original Post