ပြည်သူ့ရဲဘော်အဖြစ်ခံယူတိုက်ပွဲဝင်သွားမယ့် မင်းမော်ကွန်းအား နွေးထွေးစွာကြိုဆိုပြီး ယူနီဖောင်းကအစ သေချာဝတ်ဆင်ပေးနေကြတဲ့ ရဲဘော်ရဲဘက်များ

အမှန်တရားဘက်ကနေ ရဲရဲဝင့်ဝင့် ရပ်တည်ပြီး တော်လှန်ရေးမှာစိတ်ရောကိုယ်ပါနှစ်ကာ ကြိုးစားအားထုတ်နေတဲ့မင်းမော်ကွန်းကို ပြည်သူတွေကလည်းလေးစားချစ်ခင်နေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့မင်းမော်ကွန်းကလွတ်မြောက်နယ်မြေတစ်နေရာကိုရောက်ရှိနေပြီးစစ်ပညာတွေကို

သင်ယူလေ့လာနေတာ ဖြစ်ပါတယ်

အရာရာကို စွ.န့်လွှ.တ်ခဲ့ရတဲ့မင်းမော်ကွန်းကသူ့ရဲ့မိသားစုလေးနဲ့အတူအားတင်းရင်း ကြိုးစားရှင်သန်နေရတာ ဖြစ်ပါတယ်

နာမည်ကြီးအနုပညာရှင် တစ်ယောက်ဖြစ်ပေမယ့်လည်းအခုချိန်မှာတော့ မင်းမော်ကွန်းက ပြည်သူ့ရဲဘော်ဘဝနဲ့တိုင်းပြည်အပေါ်

တာဝန်ကျေပွန်အောင် ကြိုးစားနေတာ ဖြစ်ပါတယ်

မင်းမော်ကွန်းရဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ခိုင်မာတဲ့စိတ်ဓာတ်ကို သူ့ရဲ့ပရိသတ်တွေနဲ့ပြည် သူတွေအားလုံးကလေးစားဂုဏ်ယူနေရတာ ဖြစ်ပါတယ်

လတ်တလောမှာဆိုရင်လည်း ယူနီဖောင်းဝတ်ဆင်နေတဲ့မင်းမော်ကွန်းရဲ့ပုံရိပ်တွေက

လူမှုကွန်ယက်စာမျက်နှာထက်မှာပျံ့နှံ့လာတာတွေ့ရပါတယ်

ပုံထဲမှာတော့လွတ်မြောက်နယ်မြေမှာရှိတဲ့ရဲဘော်တွေကမင်းမော်ကွန်းကိုယူနီဖောင်းဝတ်ဆင်ပေးနေသလိုဆံပင်ညှပ်တာအစတာဝန်ယူပြင်ဆင်ပေးနေတာ ဖြစ်ပါတယ်

မင်းမော်ကွန်းကလည်းရည်မှန်းချက်ချင်းတူတဲ့သူ့ရဲ့

ရဲဘော်တွေနဲ့အတူရင်းရင်းနှီးနှီးရှိတာကို မြင်တွေ့ရမှာဖြစ်ပါတယ်

ပြည်သူ့ရဲဘော်ဘဝကိုခံယူလိုက်တဲ့မင်းမော်ကွန်းအတွက် အစစ အရာရာ ပြင်ဆင်ပေးနေတဲ့ ရဲဘော်တွေရဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်

စာဖတ်သူများ ကျန်းမာကြပါစေ၊ ပန်းတိုင်ကို အမြန်ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်

Crd-Original Post

(ZAWGYI)
















Crd-Original Post