ဖေ့ဘွတ်မှာ သူ့အကြောင်းမဟုတ်တာ ပြောနေကြသူတွေကို ချက်ကျမတ်ကျ ထိထိမိမိ ရေးသားပြောဆိုလိုက်တဲ့ သရုပ်ဆောင်မင်းမော်ကွန်းရဲ့ သရောစာ

ဖေ့ဘွတ်မှာ သူ့အကြောင်းမဟုတ်တာ ပြောနေကြသူတွေကို ချက်ကျမတ်ကျ ထိထိမိမိ ရေးသားပြောဆိုလိုက်တဲ့ သရုပ်ဆောင်မင်းမော်ကွန်းရဲ့ သရောစာ

ကျွန်တော်လွတ်မြောက်နယ်မြေရောက်ရောက်ချင်း

KNU ကဖမ်းဆီးပြီး စကစ လက်ထဲပြန်ပို့ခံရပါတယ်

ဒါပေမယ့်ဇွဲမလျော့တဲ့ကျွန်တော် ပြန်ထွက်ပြေးလွတ်မြောက်လာတဲ့

အခါမှာတော့ မီးရှို့သတ်ဖြတ်ခြင်းကိုခံရပြန်ပါတယ်

သို့သော်အသက်ပြင်းတဲ့ကျွန်တော်ကတော့

တပ်မဟာ ၆ မှာတိုက်ပွဲတွေတိုက်နေရင်းက

ချက်ချင်းဖာပွန်ရောက်ပြီး

ဘယ်ပေါင်လား ညာပေါင်လားမသိ

ကျည်ဖေါက်ဝင်ခဲ့ပါတယ်

ဘာရမလဲငါကွဆိုပြီးကြိုးစားလိုက်တာ

ကသာရဲစခန်းကိုသိမ်းနိုင်ခဲ့တယ်

ဘီးလင်းရောက်မှကျွန်တော်ဦးစီးတဲ့ pdf စခန်းကို

ဝင်စီးချိန်မှာ မိန်းမ အဖမ်းခံရတယ်ဆိုလား

လက်နက်ကြီးထိတယ်ဆိုလား

ကျွန်တော့်မိန်းမခမျာ

သူ့ဟာသူတောင်ဝေခွဲမရသေးပါဘူး

ကျွန်တော်ကတော့ သားဘုန်းရဲ့တိုက်ရည်ခိုက်ရည်ကြောင့်သာ

ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ပါတယ်

ခုချိန်မှာတော့ ကျွန်တော်တို့သားအဖ

သားဘုန်းတို့အမေကိုကယ်တင်ဖို့

နေပြည်တော်ရောက်နေပါပြီ

We r super heros

#Min_MawKunn

( #မှတ်ချက် – မင်းမော်ကွန်းက သူ့အကြောင်း FB မှာ သတင်းအမှားတင်သူတွေကို သရော်ပြီးရေးထားတဲ့စာပါ။ သရော်စာရေးတာတောင် နားမလည်တဲ့သူတွေအတွက် မှတ်ချက် ထည့်ပေးလိုက်ပါတယ်)