ခြင်တွေကိုပြေးစေတဲ့ ရေနွေးကြမ်းအိုးထဲက လက်ဖက်ခြောက်

ခြင်တွေကိုပြေးစေတဲ့ ရေနွေးကြမ်းအိုးထဲက လက်ဖက်ခြောက်

ရေနွေးကြမ်းအိုးထဲက လက်ဖက်ခြောက်ဖတ်တွေ မလွှင့်ပစ်ဘဲ အကျိိုးရှိတယ်အောင် ဒီလိုသုံးလို့ရပါတယ်

ရေနွေးကြမ်းအိုးထဲက လက်ဖက်ခြောက်ဖတ်တွေ မလွှင့်ပစ်ဘဲ သုံးတတ်ရင် အကျိိုးရှိတယ်ဆိုတာ သင်သိပါသလား

စျေးက ဝယ်လာတဲ့ ငါးကတော်တော်ညှီတဲ့ ငါးဆိုရင် လက်ဖက်ခြောက်ဖတ်နဲ့ အတူ ညှီနေတဲ့ငါးကို အိုးတစ်ခုတည်းထည့်ပြုပ်လိုက်ပါ။ ငါးညှီနဲ့ လုံးဝ ပျောက်သွားပါလိမ့်မယ်။

လက်ဖက်ခြောက်ဖတ်တွေကို ရေအေးနဲ့ရောပြီး မှန်ပြတင်းပေါက် အိမ်သုံးပစည်းနဲ့ ရွှံ့ပေနေတဲ့ ဘွတ်ဖိနပ်တွေကို ဆေးကြောပွတ်တိုက်ပါ။

ပြီးမှ အဝတ်သန့်နဲ့ ပြန်သုတ်လိုက်ပါ။ သန့်ပြီးတောက်ပြောင်သွားပါလိမ့်မယ်။

လဖက်ခြောက်ဖတ်တွေကို ရေအေးနဲ့ ရောစပ်ပြီး မြေသြဇာရည်အဖြစ် အပင်တွေကို လောင်းပေးနိုင်ရင် သဘာဝ မြေသြဇာကို ရရှိစေပြီး အပင်တွေကို သန်စွမ်း ကျန်းမာစေပါတယ်။

လဖက်ခြောက်ဖတ်တွေကို အခြောက်လှမ်းပြီး ကြက်ဥနဲ့ ပြုပ်စားရင် မွှေးကြိုင်ပြီး အရသာ ရှိလှပါတယ်။

လဖက်ခြောက်ဖတ်ကို အခြောက်လှမ်းပြီး မီးရိိူ့ရင် အနံ့အသက်ဆိုးတွေ ပျောက်တဲ့ အပြင် ခြင်လည်း ပြေးတယ် ။ ခြင်ဆေးခွေ အစားထိုးလည်း အသုံးပြုနိုင်ပါတယ်။

လဖက်ခြောက်ဖတ်တွေကို နေလှန်းပြီးခေါင်းအုံးထဲထည့် ခေါင်းအုံးအိပ်ရင် ပျော့ပြောင်းစွာ အိပ်စက်ရရုံတင်မက အပူကိုပါ ကျစေပါတယ်။

လဖက်ခြောက်ဖတ်ကို မျက်နှာပေါ် ပွတ်တိုက်ပေးခြင်းဖြင့်လည်း မျက်နှာပေါ်ရှိ အမဲစက် တင်းတိတ်များ ပျောက်ကင်းစေပါတယ်။

ပြစ်ရတော့မယ့် လဖက်ခြောက်တွွေကို အကျိုးရှိရှိ သုံးဖြစ်စေရန် ရည်ရွယ်ရင်း မျှဝေပေးလိုက်ပါတယ်ရှင်။

Credit; original uploader