ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ နည်းလမ်း(၅)သွယ်

ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ နည်းလမ်း(၅)သွယ်

လူတွေက တစ်ခါတရံမှာ ကိုယ့်ရဲ့တန်ဖိုးကို မေ့နေတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ သတိမရဘဲ အခြားသူတွေကိုသာ ချစ်မိနေကြပါတယ်။

တကယ်တော့ ကိုယ့်ကိုယ်ကိုယ်အရင်ချစ်ဖို့ ကြိုးစားပြီးမှသာ အခြားသူတွေကို ချစ်ပေးသင့်ပါတယ်။

၁။ ကျန်းမာရေး လိုက်စားပါ။

မကျန်းမာရင် ကိုယ်လုပ်ချင်သမျှအရာတွေကို ဖန်တီးယူလို့မရနိုင်တော့ပါဘူး။ အဲဒါကြောင့် ကျန်းမာရေးက အဓိကကျပါတယ်။

နေ့စဥ်ကျန်းမာရေးအတွက် နာရီဝက်ခန့် အချိန်ပေးသင့်ပါတယ်။ တစ်နေ့ကို နာရီဝက်အချိန်ပေးလိုက်ခြင်းက နှစ် ၃၀ စာအတွက် များစွာအကျိုးရှိစေမှာပါ။

၂။ ဝါသနာပါရာကို ပြုလုပ်ပါ။

တစ်ခါတရံမှာ အခြားသူတွေကို ဦးစားပေးနေရတာကြောင့် ကိုယ်ဝါသနာပါရာတွေကို သတိမရဖြစ်တော့ပါဘူး။

ကိုယ့်ကိုမချစ်တဲ့သူကို အချိန်ပေးနေမယ့်အစား ဝါသနာပါရာကို လုပ်လိုက်တာကပိုပြီး ပျော်ရွှင်စရာကောင်းပါတယ်။

အပင်စိုက်တာ၊ ချည်ထိုးတာ၊ ဟင်းချက်တာတွေက ညစ်နေတဲ့စိတ်တွေကို အခိုက်အတန့် ပြေပျောက်စေမှာပါ။

၃။ လှပအောင်နေပါ။

စိတ်ဓါတ်တွေကျပြီး လမ်းစရှာမရတဲ့ အချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် လှပအောင်နေဖို့ မေ့နေတတ်ပါတယ်။

မှန်ကြည့်လိုက်တိုင်း လှပတဲ့မျက်နှာမြင်လိုက်ရတာကလည်း စိတ်အားတက်စေပါတယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ဆိုရင် အလှအပအတွက်လည်း အချိန်ပေးသင့်ပါတယ်။

၄။ အကျိုးရှိမယ့်အရာ တစ်ခုခုကိုလုပ်ပါ။

အသည်းကွဲနေပြီ ဆိုရင်တောင်မှ အသည်းကွဲရာကနေ ကိုယ့်အတွက် အကျိုးရှိမယ့်အရာ တစ်ခုခုလုပ်ဖို့ လိုအပ်ပါတယ်။

ဘာသာစကားအသစ် တစ်ခုခုကိုသင်တာ၊ လုပ်ငန်းတစ်ခုခုကို လေ့လာတာ၊ ခရီးထွက်တာ၊

စီးပွားရေးတစ်ခုကို ချဲ့ထွင်တာစတာတွေကို တစ်ချိန်မှာ ကိုယ့်အတွက် အကျိုးများစွာ ရှိလာနိုင်ပါတယ်။

၅။ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ။

အချို့အတွေးအမြင် အယူအဆတွေကြောင့်လည်း ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့၊ တန်ဖိုးထားဖို့ မေ့နေတတ်ကြပါတယ်။

အခြားသူတွေရဲ့အပေါ်ယံထင်မြင်ချက်တွေကို လိုက်ခံစားနေရင် ပျော်ရွှင်မှုဆိုတာ ဝေးနေဦးမှာပါ။ တကယ့်ပျော်ရွှင်မှုဆိုတာ ကိုယ်နဲ့နီးနီးလေးမှာပဲ ရှိပါတယ်။

Credit; original uploader